Life Style

သင့်ရဲ့အသားအရည်ကို ပြောင်းလဲသွားစေမယ့် ရေခဲတုံးလေးတွေရဲ့ အသုံးဝင်ပုံ ( ၆ ) မျိုး

ရေခဲတုံးလေးတွေကို ရေသောက်ဖို့တစ်ခုတည်းမဟုတ်ပဲ အလှအပအတွက်ပါသုံးလို့ရနေပါပြီ။မနက်ဖြစ်စေ၊ညဖြစ်စေ ရေခဲတုံးလေးတွေနဲ့မျက်နှာကိုဖြည်းဖြည်းချင်းပွတ်ပေးမယ်ဆိုရင် ကြည်လင်တဲ့အသားအရည်ကို ပိုင်ဆိုင်လာမှာပါ။

၁။ရေခဲတုံးလေးတွေက အသားအရည်နဲ့ပတ်သက်ပြီးကောင်းမွန်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ရေခဲတုံးသေးသေးလေးတွေကို မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံဖြည်းဖြည်းချင်းပွတ်တိုက်ပေးတာက အသားအရည်ကိုတင်းတင်းရင်းရင်းရှိစေပါတယ်။

၂။ရေခဲတုံးလေးတွေကပ်ပေးတာက သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သဘာဝအတိုင်းကြည်လင်လှပတဲ့အသားအရည်ကိုပေးစွမ်းနိုင်ပါတယ်။အသားအရည်ခြောက်တာမျိုးမရှိပဲ လန်းဆန်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ရမှာပါ။

၃။အလှပြင်ပစ္စည်းတစ်ခုဖြစ်တဲ့ Primer ကုန်နေမယ်ဆိုရင် ရေခဲတုံးလေးတွေကိုအစားထိုးလို့ရပါတယ်။မိတ်ကပ်သားကြာရှည်ခံစေဖို့ မိတ်ကပ်မလိမ်းခင်ရေခဲတုံးလေးတွေကပ်ပေးပါ။အရေးအကြောင်းတွေလျော့ပါးစေပြီး

သန့်စင်တဲ့မျက်နှာအသားအရည်မျိုးဖြစ်စေပါတယ်။၄။ဝက်ခြံပေါက်နေတဲ့အခါ ရေခဲတုံးလေးတွေကို သန့်စင်တဲ့အဝတ်စနဲ့ပတ်ပြီး ဝက်ခြံပေါ်မှာ ၁၅မိနစ်လောက်ကပ်ပေးထားပါ။မကြာခင်မှာပဲ ဝက်ခြံရောင်ရမ်းတာကိုသက်သာစေပြီ

း သေးငယ်သွားတာကိုမြင်တွေ့ရမှာပါ။အရေးတကြီးအပြင်သွားမှဖြစ်မယ့်သူတွေအတွက်အရေးပေါ် နည်းလမ်းလေးတစ်ခုပါပဲ။၅။ရေခဲတုံးလေးတွေက နေလောင်ဒဏ်တွေကိုလည်းသက်သာစေပါတယ်။

နေလောင်ထားတဲ့နေရာတွေကို ရေခဲခဏကပ်ပေးမယ်ဆိုရင် ခဏလေးနဲ့ပျောက်ကင်းသွားစေမှာပါ။၆။မျက်လုံးအောက်နားမှာဖြစ်တတ်ကြတဲ့ မျက်အိတ်ကြီးတာကို သက်သာစေဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုကတော့

ရေခဲကပ်ပေးတာပါ။ရေခဲတုံးလေးတွေကို မျက်လုံးနေရာတစ်ဝိုက်မှာ ၁၀မိနစ်လောက်နေ့တိုင်းကပ်ပေးပါ။သိသိသာသာပြောင်းလဲလာတာကိုမြင်တွေ့ရမှာပါ။

Credit

Unicode

ရေခဲတုံးလေးတွေကို ရေသောက်ဖို့တစ်ခုတည်းမဟုတ်ပဲ အလှအပအတွက်ပါသုံးလို့ရနေပါပြီ။မနက်ဖြစ်စေ၊ညဖြစ်စေ ရေခဲတုံးလေးတွေနဲ့မျက်နှာကိုဖြည်းဖြည်းချင်းပွတ်ပေးမယ်ဆိုရင် ကြည်လင်တဲ့အသားအရည်ကို ပိုင်ဆိုင်လာမှာပါ။

၁။ရေခဲတုံးလေးတွေက အသားအရည်နဲ့ပတ်သက်ပြီးကောင်းမွန်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ရေခဲတုံးသေးသေးလေးတွေကို မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံဖြည်းဖြည်းချင်းပွတ်တိုက်ပေးတာက အသားအရည်ကိုတင်းတင်းရင်းရင်းရှိစေပါတယ်။

၂။ရေခဲတုံးလေးတွေကပ်ပေးတာက သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သဘာဝအတိုင်းကြည်လင်လှပတဲ့အသားအရည်ကိုပေးစွမ်းနိုင်ပါတယ်။အသားအရည်ခြောက်တာမျိုးမရှိပဲ လန်းဆန်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ရမှာပါ။

၃။အလှပြင်ပစ္စည်းတစ်ခုဖြစ်တဲ့ Primer ကုန်နေမယ်ဆိုရင် ရေခဲတုံးလေးတွေကိုအစားထိုးလို့ရပါတယ်။မိတ်ကပ်သားကြာရှည်ခံစေဖို့ မိတ်ကပ်မလိမ်းခင်ရေခဲတုံးလေးတွေကပ်ပေးပါ။အရေးအကြောင်းတွေလျော့ပါးစေပြီး

သန့်စင်တဲ့မျက်နှာအသားအရည်မျိုးဖြစ်စေပါတယ်။၄။ဝက်ခြံပေါက်နေတဲ့အခါ ရေခဲတုံးလေးတွေကို သန့်စင်တဲ့အဝတ်စနဲ့ပတ်ပြီး ဝက်ခြံပေါ်မှာ ၁၅မိနစ်လောက်ကပ်ပေးထားပါ။မကြာခင်မှာပဲ ဝက်ခြံရောင်ရမ်းတာကိုသက်သာစေပြီ

း သေးငယ်သွားတာကိုမြင်တွေ့ရမှာပါ။အရေးတကြီးအပြင်သွားမှဖြစ်မယ့်သူတွေအတွက်အရေးပေါ် နည်းလမ်းလေးတစ်ခုပါပဲ။၅။ရေခဲတုံးလေးတွေက နေလောင်ဒဏ်တွေကိုလည်းသက်သာစေပါတယ်။နေလောင်ထားတဲ့နေရာတွေကို ရေခဲခဏကပ်ပေးမယ်ဆိုရင် ခဏလေးနဲ့ပျောက်ကင်းသွားစေမှာပါ။

၆။မျက်လုံးအောက်နားမှာဖြစ်တတ်ကြတဲ့ မျက်အိတ်ကြီးတာကို သက်သာစေဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ရေခဲကပ်ပေးတာပါ။ရေခဲတုံးလေးတွေကို မျက်လုံးနေရာတစ်ဝိုက်မှာ ၁၀မိနစ်လောက်နေ့တိုင်းကပ်ပေးပါ။သိသိသာသာပြောင်းလဲလာတာကိုမြင်တွေ့ရမှာပါ။

Credit