Life Style

တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ ကိုယ်တိုင်လုပ်နိုင်တဲ့ TONER နဲ့ NIGHT CREAM

အသားအရေလေးက လင်းပြီး ကြည်လင်နေမယ်ဆိုရင် ဒီအသားအရေကို ပိုင်ဆိုင်တဲ့ မိန်းကလေးတွေက ပုံမှန် အသားအရေနဲ့ မတူတော့ပါဘူး။

တမူ ထူးပြီးတော့ကို အသားအရေက မိတ်ကပ်လိမ်းစရာ မလိုဘဲ လှနေတတ်ပါတယ်။

သင်က ဒီလို ထူးခြားတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ညဘက်မှာ အသားအရေ ကို ပိုဂရုစိုက်ပေးသင့်ပါတယ်။

ဒီလို ဂရုစိုက်ပေးနိုင်ဖို့ ကိုယ်တိုင် ဖန်တီးနိုင်တဲ့ Toner နဲ့ Night Cream ပြုလုပ်နည်းကို ဖော်ပြပါရစေ။ ဒီတော့ ကြည့်လိုက်ရအောင်-

Toner (ဆန်)

ပထမဆုံး ဆန် အနည်းငယ်ကို ခွက်တစ်ခွက်ထဲ ထည့်ကာ ရေဆေးပေးရပါမယ်။ နှစ်ကြိမ် ဝန်းကျင် ဆေးပြီးနောက် ရေဖယ်ကာ ရေသန့် ထည့်ပေးရပါမယ်။

ရေသန့်ထည့်ပြီးနောက်မှာတော့ ၂ နာရီ ဝန်းကျင် စိမ်ထားရပါမယ်။ဒါဆိုရင်တော့ လွယ်ကူပြီး သင်ကိုယ်တိုင် ပြုလုပ်ဖန်တီးထားတဲ့ Toner ကို ရပါပြီ။

ဆန်ရေကို Toner အနေနဲ့ သုံးဖို့ သန့်စင်ထားတဲ့ ပုလင်းထဲကို ထည့်ပေးရပါမယ်။ ပြီးရင်တော့ Toner အနေနဲ့ ပုံမှန် သုံးနိုင်ပါပြီ။

ဒီ Toner ကို မျက်နှာသစ်ပြီးနောက် တစ်နေ့ နှစ်ကြိမ် သုံးနိုင်ပါတယ်။ ဒီ Rice Toner က မျက်နှာချွေးပေါက် ကျဉ်းစေပြီး အသားအရေကို တောက်ပ စိုပြေစေပါတယ်။

Night Cream (ဆန်+ ရှားစောင်းလက်ပပ်)

Night Cream ပြုလုပ်ဖို့ အတွက် Toner က ကျန်တဲ့ ဆန်ဆေးရည် နှစ်ဇွန်းနဲ့ ရှားစောင်းလက်ပပ် ဂျယ် နှစ်ဇွန်းကို ရောပေးရပါမယ်။

ရှားစောင်း လတ်ပတ်က အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။

Toner ဖြန်းပြီးနောက် ဒီနှစ်မျိုးကို ရောကာ မျက်နှာပေါ်မှာ Night Cream အနေနဲ့ လိမ်းပေးရပါမယ်။

ဒီ ဆန် ရှားစောင်းလက်ပပ် Cream က အသားအရေကို ညီညာစေကာ အမည်းစက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေ တောက်ပစေပါတယ်။