ဘယ္သူမဆို ကိုယ့္ ခ်စ္သူ နဲ႔ တစ္သက္လံုးမခြဲဘဲ လက္တြဲသြားခ်င္ၾကတာ ခ်ည္းပါပဲ။ ဒါေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လမ္းခြဲခဲ့ၾကရတာမ်ိဳးလည္း ရွိၾကပါတယ္။ ဒါဆို အခုလက္ရွိ ခ်စ္သူက သင့္အတြက္စစ္မွန္တဲ့သူတစ္ေယာက္လား။ သင့္ဘ၀ေနာက္ဆံုးအခ်ိန္အထိလက္တြဲသြားနိုင္မယ့္သူတစ္ေယာက္လား ဆိုတာကို သိခ်င္မိမွာပါပဲ။ အခုေဖာ္ျပမယ့္အခ်က္ေတြနဲ႕တိုက္ဆိုင္ေနတယ္ဆိုရင္ေတာ့ ဒီတစ္ေယာက္က သင့္အတြက္ ေသခ်ာေပါက္ေနာက္ဆံုးအခ်ိန္အထိအတူရွိမယ့္သူမ်ိဳးလို႕ လက္ခံလို႕ရပါျပီ။
(၁) ကိုယ္ကသူ႔ရဲ႔ ပထမဦးစားေပး ျဖစ္ေနျပီဆိုရင္
ဘယ္အခ်ိန္၊ ဘယ္ေနရာေရာက္ေရာက္၊ ဘာကိစၥေတြပဲျဖစ္ျဖစ္ သူ႕ရဲ႕ပထမဦးစားေပးက ကိုယ္ပဲျဖစ္ေနတယ္ဆိုရင္ ေသခ်ာေပါက္ေနာက္ဆံုးအခ်ိန္ထိအတူရွိမယ့္လူက သူပါပဲ။
(၂) ကိုယ့္ကိုအရမ္းနားလည္ေနတယ္ဆိုရင္
ကိုယ့္မ်က္နွာကိုၾကည့္တာနဲ႕ဘာျဖစ္ေနမွန္းသိေနတာမ်ိဳး၊ ကိုယ့္ရဲဲ႕ေလသံကိုနားေထာင္တာနဲ႕ ဘာလိုခ်င္မွန္းသိေနတာမ်ိဳး၊ ကိုယ့္ရဲ႕ အခ်စ္နဲ႕အျပစ္ေတြကို နားလည္ေပးေနတာမ်ိဳးဆိုရင္ေတာ့ ဘ၀လက္တြဲေဖာ္က သူကလြဲရင္ဘယ္သူမွမရွိနိုင္ေတာ့ပါဘူးေနာ္။
(၃) သူနဲ႕ရွိခ်ိန္တိုင္းစိတ္မပင္ပန္းဘူးဆိုရင္
သူနဲ႕အတူတူရွိတဲ့အခ်ိန္တိုင္းမွာ စိတ္က သက္ေတာင့္သက္သာျဖစ္ေနမယ္ ၊ စိတ္ညစ္တာေတြ စိတ္တင္းၾကပ္တာေတြမျဖစ္ဘူး၊ လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာက သိကြ်မ္းခဲ့သလိုခံစားခ်က္မ်ိဳးျဖစ္ေနမွာပါ။
(၄) ကိုယ့္ကိုပိုေကာင္းတဲ့သူတစ္ေယာက္ျဖစ္လာေစရင္
သူဟာ ကိုယ့္ရဲ႕အားနည္းခ်က္၊ အားသာခ်က္အားလံုးကိုလက္ခံျပီး ပိုေကာင္းတဲ့ဆံုးျဖတ္ခ်က္ေတြခ်နိုင္ေအာင္ အျမဲတမ္းလမ္းျပေပးပါတယ္။ ကိုယ့္အမွားကိုျမင္ေအာင္လည္းအၾကံေပးတတ္တဲ့သူပါ။
(၅) ေနရာတကာအလိုမလိုက္ဘူး
မိန္းကေလးေတြက ခ်စ္ရင္အလိုလိုက္ရမွာပဲလို႕မွတ္ယူထားတတ္ၾကပါတယ္။ တကယ္တမ္းသင့္အတြက္စစ္မွန္တဲ့သူတစ္ေယာက္ဆိုရင္ သင့္ကိုေနရာတကာအလိုလိုက္ျပီး မေကာင္းတဲ့ကိစၥေတြကိုလုပ္ဖို႕ခြင့္ျပဳမွာမဟုတ္ပါဘူး။ မိသားစု၀င္ေတြလိုပဲ သင့္ကိုဆံုးမစကားေျပာပါလိမ့္မယ္။
Credit : Aunty May
Unicode,
သင့်လက်ရှိချစ်သူက သင့်ကို ရိုးမြေကျ သစ္စာရှိသွားမယ့်သူဆိုရင် ဒီအချက်တွေ ခံစားမိမှာပါ
ဘယ်သူမဆို ကိုယ့် ချစ်သူ နဲ့ တစ်သက်လုံးမခွဲဘဲ လက်တွဲသွားချင်ကြတာ ချည်းပါပဲ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ကြရတာမျိုးလည်း ရှိကြပါတယ်။ ဒါဆို အခုလက်ရှိ ချစ်သူက သင့်အတွက်စစ်မှန်တဲ့သူတစ်ယောက်လား။ သင့်ဘဝနောက်ဆုံးအချိန်အထိလက်တွဲသွားနိုင်မယ့်သူတစ်ယောက်လား ဆိုတာကို သိချင်မိမှာပါပဲ။ အခုဖော်ပြမယ့်အချက်တွေနဲ့တိုက်ဆိုင်နေတယ်ဆိုရင်တော့ ဒီတစ်ယောက်က သင့်အတွက် သေချာပေါက်နောက်ဆုံးအချိန်အထိအတူရှိမယ့်သူမျိုးလို့ လက်ခံလို့ရပါပြီ။
(၁) ကိုယ်ကသူ့ရဲ့ ပထမဦးစားပေး ဖြစ်နေပြီဆိုရင်
ဘယ်အချိန်၊ ဘယ်နေရာရောက်ရောက်၊ ဘာကိစ္စတွေပဲဖြစ်ဖြစ် သူ့ရဲ့ပထမဦးစားပေးက ကိုယ်ပဲဖြစ်နေတယ်ဆိုရင် သေချာပေါက်နောက်ဆုံးအချိန်ထိအတူရှိမယ့်လူက သူပါပဲ။
(၂) ကိုယ့်ကိုအရမ်းနားလည်နေတယ်ဆိုရင်
ကိုယ့်မျက်နှာကိုကြည့်တာနဲ့ဘာဖြစ်နေမှန်းသိနေတာမျိုး၊ ကိုယ့်ရဲ့လေသံကိုနားထောင်တာနဲ့ ဘာလိုချင်မှန်းသိနေတာမျိုး၊ ကိုယ့်ရဲ့ အချစ်နဲ့အပြစ်တွေကို နားလည်ပေးနေတာမျိုးဆိုရင်တော့ ဘဝလက်တွဲဖော်က သူကလွဲရင်ဘယ်သူမှမရှိနိုင်တော့ပါဘူးနော်။
(၃) သူနဲ့ရှိချိန်တိုင်းစိတ်မပင်ပန်းဘူးဆိုရင်
သူနဲ့အတူတူရှိတဲ့အချိန်တိုင်းမှာ စိတ်က သက်တောင့်သက်သာဖြစ်နေမယ် ၊ စိတ်ညစ်တာတွေ စိတ်တင်းကြပ်တာတွေမဖြစ်ဘူး၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သိကျွမ်းခဲ့သလိုခံစားချက်မျိုးဖြစ်နေမှာပါ။
(၄) ကိုယ့်ကိုပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာစေရင်
သူဟာ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်အားလုံးကိုလက်ခံပြီး ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင် အမြဲတမ်းလမ်းပြပေးပါတယ်။ ကိုယ့်အမှားကိုမြင်အောင်လည်းအကြံပေးတတ်တဲ့သူပါ။
(၅) နေရာတကာအလိုမလိုက်ဘူး
မိန်းကလေးတွေက ချစ်ရင်အလိုလိုက်ရမှာပဲလို့မှတ်ယူထားတတ်ကြပါတယ်။ တကယ်တမ်းသင့်အတွက်စစ်မှန်တဲ့သူတစ်ယောက်ဆိုရင် သင့်ကိုနေရာတကာအလိုလိုက်ပြီး မကောင်းတဲ့ကိစ္စတွေကိုလုပ်ဖို့ခွင့်ပြုမှာမဟုတ်ပါဘူး။ မိသားစုဝင်တွေလိုပဲ သင့်ကိုဆုံးမစကားပြောပါလိမ့်မယ်။
Credit : Aunty May