ဂျပန်နိုင်ငံက အရာရာမှာ တိုးတက်နေတဲ့နိုင်ငံ ဖြစ်ပေမယ့် ဂျပန်အမျိုးသမီးတွေက နှစ်ပေါင်းများစွာတိုင်အောင် အလှအပအတွက် ဆန်ဆေးရည်ကို အသုံးပြုနေဆဲပါပဲ။
ဆန်ဆေးရည်ကို နေ့စဉ်အသုံးပြုပေးတဲ့အခါမှာ အသားအရေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရလာမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အရွယ်မတိုင်မီအိုမင်းရင့်ရော်တာကို ကာကွယ်ပေးခြင်း

ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပေးရင် အရေးအကြောင်းတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ် ။ ဆန်ဆေးရည်က ကော်လဂျင်ထုတ်လုပ်မှုကို မြင့်တင်ပေးပြီး အသားအရည်ကို ကြာရှည်နုပျိုစေပါတယ်။ ဆန်ဆေးရည်မှာ အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင်ပါတယ်။
၂။ နေလောင်ဒဏ်ကို ကုစားပေးခြင်း

ဆန်ဆေးရည်မှာ အသားအရည်ကို အေးမြစေတဲ့အစွမ်းရှိပါတယ်။ နေလောင်နေတဲ့အသားအရေကို ဆန်ဆေးရည်နဲ့ သစ်ပေးရင် သို့မဟုတ် လိမ်းပေးရင် နေလောင်ဒဏ်သက်သာပြီး အသားအရေက စိုစိုအေးအေးလေး ဖြစ်နေစေပါတယ်။ နေရောင်ဒဏ်ကြောင့် အသားအရေ မလှမပဖြစ်နေတဲ့အခါ ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပါ။
၃။ ထိခိုက်နေတဲ့အသားအရေကို ပြုပြင်ပေးခြင်း

ဆန်ဆေးရည်က ဈေးမကြီးတဲ့သဘာဝအလှကုန်တစ်မျိုးပါ။ ဝက်ခြံနဲ့ အခြားသောအလှကုန်တွေကြောင့် အသားအရေထိခိုက်တဲ့အခါမှာ ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပေးပါ..။ ဆန်ဆေးရည်က မျက်နှာအသားအရေကို ပြန်လည်ကောင်းမွန်လာအောင် ပြုပြင်ထိန်းသိမ်းပေးနိုင်ပါတယ်။
၄။ အမည်းစက်တွေကို လျော့ပါးစေခြင်း

မျက်နှာမှာ အမည်းစက်တွေ ဖြစ်ပေါ်လာတာက ဘာအန္တရာယ်မှ မဖြစ်ပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်ပါတယ်။ အမည်းစက်တွေကို မကုသဘဲ ထားတဲ့အခါမှာ အသားအရေက မညီမညာဖြစ်လာပါတယ်။
ဆန်ဆေးရည်က မယ်လနင်ထုတ်လုပ်မှုကို မြင့်တင်ပေးတာကြောင့် အသားအရေမညီမညာတာတွေ၊ အမည်းစက်တွေကို နည်းပါးသွားစေမှာပါ။
၅။ မျက်နှာအဆီပြန်တာကို သက်သာစေခြင်း

မျက်နှာမှာ သဘာဝအဆီတွေက မဖြစ်မနေလိုအပ်ပါတယ်။ ဒါပေမယ့် မျက်နှာမှာ အဆီတွေအရမ်းပြန်နေတဲ့အခါမှာတော့ ဝက်ခြံတွေ ပေါက်လာနိုင်ပါတယ်။
၆။ အစာချေဖျက်မှုအတွက် အထောက်အကူပြုခြင်း

ဆန်ဆေးရည်က မျက်နှာအသားအရေအတွက် ကောင်းကျိုးပေးတဲ့အပြင် အစာချေဖျက်မှုအတွက်လည်း ကူညီပေးပါတယ်။ ဆန်ဆေးရည်မှာ prebiotics တွေပါဝင်တာကြောင့် အစာအဆိပ်တောက်ဖြစ်တာနဲ့.. အစာမကြေတာကို သက်သာစေပါတယ်။
အူကျန်းမာရေးကလည်း အရေပြားအလှအပအတွက် အရေးပါပါတယ်။ ဆန်ဆေးရည်နဲ့ မျက်နှာသစ်လို့ရတဲ့အပြင် ဆန်ဆေးရည်ကို သောက်လို့လည်း ရပါတယ်။
ဆန်ဆေးရည်ကို ဘယ်လိုပြုလုပ်မလဲ???

ဆန်ကို ရေဆေးပြီး ရေ ၃ ခွက်နဲ့ စိမ်ထားပါ။
အခန်းအပူချိန်မှာ ၄၈ နာရီကြာထားပါ ။
ပြီးနောက် ဆန်တွေကို ဖယ်ထုတ်လိုက်ပါ ။
ဆန်ဆေးရည်ကို လေလုံအောင်သိမ်းထားရင် ၇ ရက်အထိ အထားခံပါတယ်..။
ဆန်ဆေးရည်ကို တိုနာအဖြစ်အသုံးပြုလို့ရသလို ခေါင်းလျှော်လို့လည်း ရပါတယ်။
Credit



