Health Care

တင်ပါးမည်းရခြင်း အကြောင်းအရင်း ၊ ကာကွယ်ရန် နှင့် ကုသရန် နည်းလမ်းများ

မိမိတင်ပါးလေးကို အစက်အပြောက်ကင်း ဖြူဝင်းလှပချင်တာ မဆန်းပါဘူး ။ တင်ပါးမည်းညိုခြင်းဟာ အနည်းငယ်ရှက်စရာကောင်းပြီး အတော်အတန်လည်း စိတ်ရှုပ်စေမှာပါ။ယခုအခါမှာ မော်ဒယ်လ်တွေသာမက သာမန်အမျိုးသမီးလေးတွေပါ ရေကူးဝတ်စုံတွေကို ဝတ်ဆင်နေတတ်ပါပြီ ။

တင်ပါးမည်းညိုခြင်းကြောင့် ရေကူးဝတ်စုံ ရွေးချယ်ဝယ်ယူရာတွင်လည်း အခက်တွေ့ရတတ်ပါတယ်။ တင်ပါးမည်းညိုသူများအနေဖြင့် ပြန်လည်ဖြူဖွေးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။

တင်ပါးမည်းညိုရခြင်း အကြောင်းအရင်း
-အညစ်အကြေး ၊ ဖုန်မှုန့် နှင့် ဆဲလ်သေများ စုပုံလာခြင်းကြောင့် ၊ တစ်ကိုယ်ရည်သန့်ရှင်းရာတွင် တင်ပါး အရေပြားအစိတ်အပိုင်းအား သတိမပြု ချန်လှပ်ထားခြင်းကြောင့် ၊အစိုဓါတ်ထိမ်းသိမ်းမှု မရှိခြင်းကြောင့် ၊ တင်းကြပ်သောအဝတ်အစားများ ပွတ်တိုက်ခြင်းကြောင့်_၊ တစ်နေရာတည်းတွင် အချိန်ကြာရှည်စွာ ထိုင်ခြင်းကြောင့်၊ တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိခြင်းကြောင့် စသည်တို့ဖြစ်ပါသည်။

ဘယ်လိုကာကွယ်မလဲ.. လေဝင်လေထွက် ကောင်းမွန်သော ချည်သားအတွင်းခံကိုသာ ဝတ်ဆင်ပါ။ အရမ်းကြပ်သော အတွင်းခံဝတ်ခြင်းကို ရှောင်ပါ။  ဆဲလ်သေများ ဖယ်ထုတ်ပေးရန် သပွတ်အူ (သို့) ရေချိုးရာတွင်အသုံးပြုသော ချေးတွန်းဖတ်ဖြင့် တင်ပါးကို နေ့စဉ် ပွတ်တိုက်ပေးပါ _။

ရေချိုးပြီးတိုင်း တင်ပါးကို အစိုဓါတ်ထိမ်းသိမ်းပေးရန် လိုးရှင်း ဖြစ်စေ ၊ ခရင်မ်ဖြစ်စေ လိမ်းပေးပါ။_ ရေပူဖြင့် ရေချိုးခြင်း ခဏခဏ မပြုလုပ်ပါနှင့် ။ တစ်နေရာတည်းမှာ ပုံစံတစ်မျိုးတည်းဖြင့် အချိန်အကြာကြီး ထိုင်ခြင်းကို ရှောင်ကြဉ်ပါ ။ တစ်နာရီခြား တစ်ခါဖြစ်စေ သွေးလှည့်ပတ်မှုကောင်းအောင် လမ်းထလျှောက်ပေးပါ..။

ကုသနည်းများ

၁။ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ တင်ပါးမည်းညိုမှုကို ပြန်လည်ဖြူဝင်းစေဖို့ရာ အကောင်းဆုံးပါ။ ခရမ်းချဉ်သီးကို လှီး၍ တင်ပါးပေါ်သို့ ငါးမိနစ်ကြာပွတ်ပေးပါ။ ၂မိနစ်ကြာ ထားပြီးလျှင် နောက်ထပ်တစ်ကြိမ် ငါးမိနစ်ကြာ ထပ်မံပွတ်ပေးပါ။

ထို့နောက် ၁၀မိနစ်ကြာလျှင် ရေဖြင့် ဆေးကြောလို့ ရပါပြီ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် ပုံမှန်ပြုလုပ်ပေးပါ။၂။သံပုယိုသီးသံပုယိုသီးမှာ အသားအရေကို ဖြူစင်စေနိုင်တဲ့အစွမ်းရှိတာ သိပြီးသားဖြစ်မှာပါ။

သံပုယိုသီးကို အရည်ညှစ်၍ ခွက်တစ်ခုထဲသို့ ထည့်ပါ_။ ထို့နောက် ဂွမ်းဖြင့် သံပုယိုရည်ကို နှစ်၍ မည်းညိုနေသော တင်ပါးနေရာပေါ်သို့ ၃ မိနစ်ခန့်ကြာ သေချာ ပွတ်လိမ်းပေးပါ။၁၀ မိနစ် ၊ ၁၅ မိနစ်ခန့် ကြာပြီးလျှင် ရေအေးဖြင့် ဆေးကြောပါ။

သံပုယိုသီးသည် အသားအရေခြောက်သွေ့မှုကို ဖြစ်စေနိုင်သဖြင့် ပြုလုပ်ပြီးတိုင် အစိုဓါတ်ထိန်းခရင်မ် တစ်မျိုးကို လိမ်းပေးပါ။ မရှိပါက သံလွင်ဆီလိမ်း၍ နှိပ်နယ်ပေးနိုင်ပါသည်။၃။ သကြားဖြူ ၊ ထောပတ်ဆီ ၊ ရှားစောင်းလက်ပက်ဂျယ် (သို့) Vitamin E အဆီ

သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်း ၊ ထောပတ်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း နှင့် ရှားစောင်လက်ပက်ဂျယ်လ် (သို့) ဗီတာမင်အီး အဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို ရောပါ။ ထို့နောက်_ တင်ပါးပေါ်သို့ စက်ဝိုင်းပုံစံ သေချာပွတ်လိမ်းပြီး နှိပ်နယ်ပါ ။ ၁၅ မိနစ်ကြာအောင် ထားပြီးလျှင် ကြက်သီးနွေးရေဖြင့် ဆေးကြောပါ ။

ထို့နောက် အစိုဓါတ်ထိမ်းခရင်မ် တစ်မျိုးမျိုးကို လိမ်းပေးပါ ။ တစ်ပါတ် နှစ်ကြိမ်ခန့် အနည်းဆုံး ပြုလုပ်ပါ။၄။သေင်္ဘာသီးတင်ပါးမည်းညိုမှုအတွက် သဘောင်္သီးကိုလည်း အသုံးပြုနိုင်ပါတယ်_ ။ သင်္ဘောသီးကို အတေ်ာအသင့်လှီး၍ တင်ပါးပေါ်မှာ နှံ့အောင်ပွတ်ပေးပါ။

မိနစ် ၂၀ ကြာအောင် ထားပြီးလျှင် ရေဖြင့်ဆေးကြောပေးပါ။၅။ဒိန်ချဉ် နှင့် ဆနွင်းမှုန့်

အရောအနှောမပါသော ဒိန်ချဉ်ကို ဆနွင်းမှုန့်အနည်းငယ်ရောစပ်၍ တင်ပါးပေါ်သို့ သုတ်လိမ်းပေးပါ။ မိနစ် ၃၀ ကြာပြီးလျှင် ရေသီးသန့်ဖြင့် ဆေးကြောပေးပါ။ ဒိန်ချဉ်က အသားအရေ စိုပြေစေသဖြင့် အစိုဓါတ်ခရင်မ် လိမ်းစရာမလိုပါ။ ဤနည်းလမ်းကို တစ်ပါတ် ၂ကြိမ်ခန့် ပြုလုပ်နိုင်ပါသည်။၆။ ရှားစောင်းလက်ပက် ၊သကြား ၊

သံလွင်ဆီ

သကြား အဖြူ(သို့)အညို ကို လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့် ၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း နှင့် ရှားစောင်းလက်ပက်အနှစ်လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့်တို့ကို ရောနှောပါ ။ ထိုအရောအနှောကို မည်းညစ်နေသော အရေပြားပေါ်သို့ စက်ဝိုင်းပုံစံအတိုင်း ပွတ်လိမ်းပေးပါ။

၁၅မိနစ်ခန့်ထားပြီးနောက် ကြက်သီးနွေးရေဖြင့် ဆေးကြောပါ _။ တစ်ပါတ်ကို ၂ကြိမ်ခန့်ပြုလုပ်ခြင်းဖြင့် တစ်လအတွင်း ကောင်းမွန်တဲ့ ရလဒ်ကို ရရှိပိုင်ဆိုင်စေမှာပါ။

Credit