အေထြအေထြဗဟုသုတ

တသက္လံုး စိတ္ခ်မ္းသာေစဖို႕ ဒီလိုလူမ်ိဳးကိုေရြးခ်ယ္ပါ…

ေလာကမွာ အခ်စ္နဲ႔ လူတိုင္း မကင္းႏိုင္ၾကပါဘူး။ ဒါေပမယ့္ အခ်စ္တစ္ခုတည္းနဲ႔ေတာ့ မရျပန္ပါဘူး။ လူတစ္ေယာက္နဲ႔တစ္ေယာက္ လက္တြဲေတာ့မယ္ဆိုရင္ အခ်စ္တစ္ခုတည္းကုိ ၾကည့္လို ႔မရသလို၊ ေရရွည္မွာ အဆင္ေျပႏိုင္ မေျပႏိုင္ဆိုတာကလည္း တကယ္ကို အေရးႀကီးတဲ့ အရာတစ္ခု ျဖစ္ပါတယ္။ အခုေဖာ္ျပေပးမယ့္ အရာေလးေတြကေတာ့ သင့္ဘဝအတြက္ အေကာင္းဆံုးနဲ႔ အသင့္ေတာ္ဆံုး ေယာက်္ားေလးတစ္ေယာက္မွာ ရွိေနရမယ့္ အက်င ့္စာရိတၱေတြပဲ ျဖစ္ပါတယ္ . . .။

(၁) နားလည္မႈရွိရမယ္…

လူတစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ အခ်စ္တစ္ခုတည္းနဲ႔ ရွင္သန္ရပ္တည္လို႔မရပါဘူး။ ေရရွည္တည္တံ့ၿပီး၊ ေရွရွည္အဆင္ေျပဖို႔ဆိုတာက တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ နားလည္မႈရွိမွ ရပါမယ္။ နားလည္မႈရွိတဲ့ေယာက်ားဆိုတာ သင့္ရဲ႕ ပင္ကိုယ္ဗီဇ၊ စိတ္ေနစိတ္ထား၊ သင္ရဲ႕အမူအက်င့္အားလံုးကို ေသေသခ်ာခ်ာသိထားၿပီး နားလည္ေပးတဲ့ သူမ်ိဳးကိုသာ ေရြးခ်ယ္သင္႔ပါတယ္ . . .။

(၂) ရင့္က်က္တဲ့သူ…

ရင့္က်က္တယ္ဆိုတာ အသက္ငယ္တာ၊ ႀကီးတာနဲ႔ လံုးဝမသက္ဆိုင္ပါဘူး။ စိတ္သေဘာထား ရင့္က်က္တဲ့သူက ဘယ္အသက္အရြယ္ျဖစ္ျဖစ္ ရင့္က်က္ပါတယ္။ လူတစ္ေယာက္ ရင့္က်က္၊ မက်က္ဆိုတာ သူ႔စိတ္ကိုသူ ဘယ္ေလာက္ထိန္းႏိုင္လဲ၊ ျပႆနာတစ္ခုခုျဖစ္လာရင္ ဘယ္ေလာက္တည္ၿငိမ္မႈရွိလည္း၊ ဘယ္လိုေျဖရွင္းသလဲဆိုတာကို ၾကည့္ၿပီး သိႏိုင္ပါတယ္။ ဒါေၾကာင့္ စိတ္ပိုင္းဆိုင္ရာ တည္ၿငိမ္ရင့္က်က္တဲ့ သူကိုပဲ ေရြးခ်ယ္လုိက္ပါ . . .။

(၃) စာနာတတ္သူ…

စာနာမႈဆိုတာ လူတစ္ေယာက္ရဲ႕ပင္ကိုဗီဇနဲ႔ အမ်ားႀကီးသက္ဆိုင္ပါတယ္။ လူတစ္ေယာက္ကို မစာနာတတ္တဲ့သူ၊ ကိုယ့္အတြက္ပဲ ကိုယ္ၾကည့္ျပီး ကိုယ့္ခံစားခ်က္ကိုပဲ ေရွ႕တန္းတင္တတ္တဲ့ သူမ်ိဳးေတြကေတာ့ ဘယ္ေတာ့မွ တစ္ဖက္သားကို စာနာတတ္မယ့္သူေတြ မဟုတ္ၾကပါဘူး။ ဒါေၾကာင့္မို႔လို႔ စာနာစိတ္ရွိတဲ့သူ၊ သနားၾကင္နာတတ္တဲ့သူ၊ ကိုယ္ခ်င္းစာစိတ္ ရွိတဲ့သူကိုပဲ ေရြးခ်ယ္ရမွာ ျဖစ္ပါတယ္ . . .။

(၄) တာဝန္ယူစိတ္ရွိသူ…

ေယာက်္ားဆိုတာ ဦးေဆာင္ရမယ့္သူေတြျဖစ္ပါတယ္။ ဦးေဆာင္တယ္ဆိုတာကလည္း တာဝန္ယူစိတ္ရွိတဲ့သူေတြပဲ လုပ္ႏိုင္တဲ့ အရာျဖစ္ပါတယ္။ ေယာက်္ားတစ္ေယာက္ဟာ တာဝန္ယူစိတ္ ရွိလား၊ မရွိလားဆိုတာ သူ႔အျပဳအမူေတြက သက္ေသျပေနပါလိမ့္မယ္ . . .။

သူေျပာတဲ့စကားေတြအတိုင္း တည္ရဲ႕လား၊ သူအလုပ္လုပ္တဲ့အခါ ေသသပ္ရဲ႕လား၊ လက္ေက်ာတင္းရဲ႕လား၊ ဇြဲရွိရဲ႕လားဆိုတာေတြက သက္ေသျပေနပါလိမ့္မယ္။ အေသးအမႊားကအစ တာဝန္ယူစိတ္ရွိတဲ့ ေယာက်္ားမ်ိဳးသာ ကို ေရြးခ်ယ္ပါ . . .။

(၅) သင့္ကို ခ်စ္တဲ့သူ…

ခ်စ္တယ္ဆိုတာ အေျပာလြယ္သေလာက္ လုပ္ေဆာင္ဖု႔ိက ခက္ခဲပါတယ္။ သင့္ကိုခ်စ္တဲ့သူတစ္ေယာက္ဟာ သင့္ကို ဘယ္လိုျဖစ္ျဖစ္၊ ဘယ္အေျခအေနပဲ ေရာက္ေရာက္ ထားခဲ့မွာမဟုတ္ပါဘူး။ ႏွစ္ေတြၾကာလည္း သင့္အေပၚေျပာင္းလဲသြားမွာမဟုတ္သလို၊ ဘယ္လိုအေၾကာင္းပဲရွိရွိ သင့္ကို စြန္႔ခြာမသြားမယ့္သူပါ။ သင္က ခ်စ္တဲ့သူထက္ သင့္ကုိခ်စ္တဲ့သူကို ေရြးခ်ယ္ပါ။ ဒါဆိုရင္ေတာ့ သင္စိတ္ခ်မ္းသာရမွာပဲ ျဖစ္ပါတယ္ . . .။

Em Em

Credit – (Auntymay)

Unicode Version ဖြင့်ဖတ်ရန်

တသက်လုံး စိတ်ချမ်းသာစေဖို့ ဒီလိုလူမျိုးကိုရွေးချယ်ပါ…
လောကမှာ အချစ်နဲ့ လူတိုင်း မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် အချစ်တစ်ခုတည်းနဲ့တော့ မရပြန်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် လက်တွဲတော့မယ်ဆိုရင် အချစ်တစ်ခုတည်းကို ကြည့်လို့မရသလို၊ ရေရှည်မှာ အဆင်ပြေနိုင် မပြေနိုင်ဆိုတာကလည်း တကယ်ကို အရေးကြီးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အရာလေးတွေကတော့ သင့်ဘဝအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ယောက်ျားလေးတစ်ယောက်မှာ ရှိနေရမယ့် အကျင့်စာရိတ္တတွေပဲ ဖြစ်ပါတယ် . . .။

(၁) နားလည်မှုရှိရမယ်…

လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အချစ်တစ်ခုတည်းနဲ့ ရှင်သန်ရပ်တည်လို့မရပါဘူး။ ရေရှည်တည်တံ့ပြီး၊ ရှေရှည်အဆင်ပြေဖို့ဆိုတာက တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုရှိမှ ရပါမယ်။ နားလည်မှုရှိတဲ့ယောကျားဆိုတာ သင့်ရဲ့ ပင်ကိုယ်ဗီဇ၊ စိတ်နေစိတ်ထား၊ သင်ရဲ့အမူအကျင့်အားလုံးကို သေသေချာချာသိထားပြီး နားလည်ပေးတဲ့ သူမျိုးကိုသာ ရွေးချယ်သင့်ပါတယ် . . .။

(၂) ရင့်ကျက်တဲ့သူ…

ရင့်ကျက်တယ်ဆိုတာ အသက်ငယ်တာ၊ ကြီးတာနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ စိတ်သဘောထား ရင့်ကျက်တဲ့သူက ဘယ်အသက်အရွယ်ဖြစ်ဖြစ် ရင့်ကျက်ပါတယ်။ လူတစ်ယောက် ရင့်ကျက်၊ မကျက်ဆိုတာ သူ့စိတ်ကိုသူ ဘယ်လောက်ထိန်းနိုင်လဲ၊ ပြဿနာတစ်ခုခုဖြစ်လာရင် ဘယ်လောက်တည်ငြိမ်မှုရှိလည်း၊ ဘယ်လိုဖြေရှင်းသလဲဆိုတာကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်တဲ့ သူကိုပဲ ရွေးချယ်လိုက်ပါ . . .။

(၃) စာနာတတ်သူ…

စာနာမှုဆိုတာ လူတစ်ယောက်ရဲ့ပင်ကိုဗီဇနဲ့ အများကြီးသက်ဆိုင်ပါတယ်။ လူတစ်ယောက်ကို မစာနာတတ်တဲ့သူ၊ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး ကိုယ့်ခံစားချက်ကိုပဲ ရှေ့တန်းတင်တတ်တဲ့ သူမျိုးတွေကတော့ ဘယ်တော့မှ တစ်ဖက်သားကို စာနာတတ်မယ့်သူတွေ မဟုတ်ကြပါဘူး။ ဒါကြောင့်မို့လို့ စာနာစိတ်ရှိတဲ့သူ၊ သနားကြင်နာတတ်တဲ့သူ၊ ကိုယ်ချင်းစာစိတ် ရှိတဲ့သူကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ် . . .။

(၄) တာဝန်ယူစိတ်ရှိသူ…

ယောက်ျားဆိုတာ ဦးဆောင်ရမယ့်သူတွေဖြစ်ပါတယ်။ ဦးဆောင်တယ်ဆိုတာကလည်း တာဝန်ယူစိတ်ရှိတဲ့သူတွေပဲ လုပ်နိုင်တဲ့ အရာဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်ဟာ တာဝန်ယူစိတ် ရှိလား၊ မရှိလားဆိုတာ သူ့အပြုအမူတွေက သက်သေပြနေပါလိမ့်မယ် . . .။

သူပြောတဲ့စကားတွေအတိုင်း တည်ရဲ့လား၊ သူအလုပ်လုပ်တဲ့အခါ သေသပ်ရဲ့လား၊ လက်ကျောတင်းရဲ့လား၊ ဇွဲရှိရဲ့လားဆိုတာတွေက သက်သေပြနေပါလိမ့်မယ်။ အသေးအမွှားကအစ တာဝန်ယူစိတ်ရှိတဲ့ ယောက်ျားမျိုးသာ ကို ရွေးချယ်ပါ . . .။

(၅) သင့်ကို ချစ်တဲ့သူ…

ချစ်တယ်ဆိုတာ အပြောလွယ်သလောက် လုပ်ဆောင်ဖို့က ခက်ခဲပါတယ်။ သင့်ကိုချစ်တဲ့သူတစ်ယောက်ဟာ သင့်ကို ဘယ်လိုဖြစ်ဖြစ်၊ ဘယ်အခြေအနေပဲ ရောက်ရောက် ထားခဲ့မှာမဟုတ်ပါဘူး။ နှစ်တွေကြာလည်း သင့်အပေါ်ပြောင်းလဲသွားမှာမဟုတ်သလို၊ ဘယ်လိုအကြောင်းပဲရှိရှိ သင့်ကို စွန့်ခွာမသွားမယ့်သူပါ။ သင်က ချစ်တဲ့သူထက် သင့်ကိုချစ်တဲ့သူကို ရွေးချယ်ပါ။ ဒါဆိုရင်တော့ သင်စိတ်ချမ်းသာရမှာပဲ ဖြစ်ပါတယ် . . .။

Em Em

Credit – (Auntymay)