ဘုရားေစတီတိုင္းလိုလိုရဲ့ ေရွ႕မွာ ျခေသ့ရၤဳပ္ ေတြရွိတာ အားလုံးသိၾကမွာပါ။ဘာေၾကာင့္ဒီလိုထားရသလဲ ဆိုတဲ့အေၾကာင္းကိုေတာ့ သိသူရွိသလို မသိသူမ်ားလည္း ရွိပါလိမ့္မယ္။ မသိေသးသူေတြအတြက္ ဗဟုသုတအေနနဲ႔ ျပန္လည္တင္ျပလိုက္ပါတယ္။
ဒီေမးခြန္းရဲ့ အေျဖကို ေျဖဆိုခဲ့သူက အမပူရနန္းတည္ ဘိုးေတာ္ ဘုရား လက္ထက္ ပရိယတၱိအရာမွာ ေနတစ္ဆူလတစ္ပါး ထင္ရွားေက်ာ္ၾကားခဲ့တဲ့ မုန္တိုင္ပင္ ဆရာေတာ္ဘုရားႀကီး ျဖစ္ပါတယ္။
ဆရာေတာ္ႀကီး က ဘုရားေစတီ မုခ္ဝမုခ္ဦး၌ ျခေသ့ရၤဳပ္တုမ်ား ထားျခင္းႏွင့္ စပ္လ်ဥ္းၿပီး-
“ေဂါတမျမတ္စြာဘုရား အေလာင္းဟာ ပဒုမ ျမတ္စြာဘုရားရွင္ လက္ထက္မွာ ေကသရာဇာျခေသ့မၤင္းျဖစ္ခဲ့သည္။ တစ္ေန႔ေသာအခါ အေလာင္းေတာ္ျခေသ့မၤင္း အစာရွာထြက္စဥ္ေတာအုပ္အလယ္ေနရာ၌ ပဒုမ ျမတ္စြာဘုရားရွင္ သည္ နိေရာဓသမာပတ္ ဝင္စားလ်က္ရွိသည္ကိုဖူးေတြ႕လိုက္ရသည္။
ျခေသ့မၤင္းသည္ လြန္စြာမွ ၾကည္ညိဳအာ႐ုံ ရွိေသာ ဘုရားဂုဏ္ကိုအာ႐ုံျပဳလ်က္ ႏွစ္သက္ျခင္း ၊ ပီတိေဇာအဟုတ္ ျဖင့္ ခုနစ္ရက္ပတ္လုံး အစာရွာမသြားေတာ့ပဲ ဘုရားရွင္၏ ေရွ႕ေမွာက္တြင္ ရိုေသဝပ္တြား ပူေဇာ္ဆည္းကပ္ေနခဲ့သည္။
ပဒုမျမတ္စြာဘုရားရွင္သည္ နိေရာဓသမာပတ္မွ ထေတာ္မူသည့္အခါ ခုႏွစ္ရက္ပတ္လုံး ၾကည္ညိဳသဒၶါထက္သန္စြာျဖင့္ ဝပ္တြားဆည္းကပ္ေနေသာ ျခေသ့မၤင္းအား ျမင္ေတြ႕ရ၍ ‘ေနာင္အခါ ငါကဲ့သို႔ပင္ ဘုရားစင္စစ္ဧကန္ျဖစ္လတၱံ’ လို႔ ဗ်ာဒိတ္စကားႁမြက္ၾကားခဲ့သည္။
ထိုသို႔ ဘုရားအေလာင္း ျခေသ့မၤင္း ကို အေၾကာင္းျပဳ၍ ေႏွာင္းေခတ္ လူမ်ားသည္ ဘုရားေစတီပုထိုးတို႔အား ဖူးေျမႇာ္ကန္ေတာ့ရန္ ေရာက္ရွိေသာ အခါ အေလာင္းေတာ္ ျခေသ့မၤင္း အား အတုယူၿပီး ဘုရားရွင္အား စူးစူးနစ္နစ္ ယုံၾကည္စြာ ၾကည္ညိဳသဒၶါထားၿပီး ဖူးေျမႇာ္ဆည္းကပ္ ကိုးကြယ္ရန္ ျခေသ့ရၤဳပ္ မ်ား တည္ၾကျခင္းျဖစ္ေၾကာင္း မုန္တိုင္ပင္ ဆရာေတာ္ဘုရားႀကီးက ရည္ညႊန္း ဖြဲ႕ဆိုပါတယ္။
မဇၥိဳမေဒသ အာေသာကမင္းႀကီး ကေတာ့ သူတည္ခဲ့တဲ့ ဘုရားေစတီ အေဆာက္အအုံေတြမွာ ျခေသ့ရၤဳပ္တစ္မ်ိဳးတင္မကပဲ အျခား တိရစၧာန္ အာဇာနည္ ၃မ်ိဳးကိုပါ ထားပါတယ္။ မည္သည့္အႏၲရာယ္ကိုမွ မေၾကာက္ရြံတတ္သည့္ အာဇာနည္ ၄ မ်ိဳးမွာ ျခေသ့ ၤ၊ ဆင္ ၊ သိေႏၶာျမင္း ႏွင့္ ႏြားလားဥသဘာ တို႔ျဖစ္ပါတယ္။
ထိုအ႐ုပ္ေလးမ်ိဳးကို အာေသာကမင္းႀကီး၏ ေကာင္းမူေတာ္မ်ားတြင္ ဘုရားဘက္သို႔မလွည့္ပဲ ဝင္လာသူမ်ားဘက္သို႔လွည့္၍ ထားေၾကာင္းသိရပါတယ္။
အေပၚက အေျဖကေတာ့ က်မ္းဂန္ကေန ထုတ္ႏႈတ္ေျဖၾကားတဲ့ ဆရာေတ္ာႀကီးရဲ့အေျဖျဖစ္ပါတယ္။ ဒါေပမယ့္ ပုံျပင္လိုလို ရာဇဝင္လိုလိုနဲ႔ ကၽြန္ေတာ္တို႔ အမ်ားစု သိထားတဲ့အေၾကာင္းတစ္ခုလည္းရွိပါေသးတယ္။ ဒါကေတာ့ သီဟဗာဟု အေၾကာင္းပါ။ မသိေသးသူမ်ားအတြက္ သီဟဗာဟုအေၾကာင္းကို ဗဟုသုတအျဖစ္ ေဖာ္ျပလိုက္ပါတယ္။
ေရွးလြန္ေလၿပီးေသာအခါက ”သီဟို၌” ယခု ”သီရိလကၤာ” ႏွိုင္ငံ ရာဇဝင္၌ ”မဟာဝံသ” ”သီဟဗာဟု”မင္းဟူ၍ရွိခဲ့ဖူးေလသည္။ ”ဝဂၤတိုင္း”ဖြား ”ဗဂၤလာ”မင္းသမီးတစ္ေယာက္သည္ ”ေျခသၤ့”တစ္ေကာင္နဲ႔ရကာ ေတာတြင္းလွိုင္ဂႈတစ္ဂႈ၌ ေနေလသည္။ ”ေျခသၤ့”ကိုအေၾကာင္းျပဳ၍ သားေလးတစ္ေယာက္ သမီးေလးတစ္ေယာက္ ထြန္းကားေလသည္။ ”
ေျခသၤ့”ႀကီး သည္ အစာရွာထြက္ခ်ိန္၌ ဂႈေပါက္ဝ၌ ေက်ာ္တုံးႀကီးတစ္တုံး ပိက္ ထားခဲ့၏။ ”သီဟဗာဟု”(၁၆ )ႏွစ္သားအရႊယ္ေရာက္ေသာအခါတြင္ကား ”ေျခသၤ့”ႀကီးနဲ႔မေနလိုသျဖင့္ ”အေမ”နဲ႔ႏွမကိုေခၚကာ ေက်ာက္တုံးႀကီးကိုဖြင့္ၿပီး ထြက္ေျပးၾကေလ၏။ ”ေျခသၤ့”ႀကီးသည္ သားမယားေပ်ာက္သြားသျဖင့္ ေတာေတာင္အႏွံ့ လိုက္လံရွာေဖြရင္း ”မ” စိတ္မြန္ကာ ေတာစြန္အုံးဖ်ားေက်းရႊာမ်ားကိုပင္ ဖ်က္ဆီးပစ္ေလသည္။
ထိုအခါဘုရင္က ”ေျခသၤ့”ကို ႏွိင့္ႏွင္းနိုင္မည့္သူအား ေမာင္းေၾကးႏွင္းခပ္၍ ရွာေဖြေစရာ ”သီဟဗာဟု”ကတာဝန္ယူလိုက္ေလသည္။ ”သီဟဗာဟု”သည္ ေလးနဲ႔ျမားကိုယူကာ ဖခင္ ”ေျခသၤ့”ႀကီးကိုသတ္ရန္ ထြက္ခဲ့ေလသည္။ ေတာစပ္တစ္ခုအေရာက္တြင္ ဖခင္”ျခေသ့ၤ”ႀကီးနဲ႔ ရင္ဆိုင္ေတြ႕ၾကေလသည္။
”ေျခသၤ့”ႀကီးကား မိဘ၏ ”ေမတၱာ”ဓာတ္ေၾကာင့္ သားကိုျမင္ျမင္ျခင္း ေအးခ်မ္းသြား၏။ သား ကိုခ်စ္ေသာ ”ေမတၱာ”ဓာတ္တို႔က ”ေျခသၤ့”ႀကီးတစ္ကိုယ္လုံးတြင္ ျပန္႔ႏွံ့လၽွက္ရွိေလ၏။
ဤသည္ကား ”ဘာဝနာ” အဆင့္သို႔ေရာက္ေသာ ”ေမတၱာ”ဓာတ္မဟုတ္ေသးေခ် ”ေဂဟႆိတေပမ”ေခၚအိမ္တြင္းမိသားစုျခင္းထားေသာ ”ေမတၱာ”အဆင့္သာရွိေသး၏။ ထို”ေမတၱာ”၏စြမ္းရည္သည္ပင္ႀကီးမားလွ၏။ အဘယ္ေၾကာင့္ဆိုေသာ္…”သီဟဗာဟု”ပစ္လိုက္ေသာျမားတံတို႔သည္။”ေျခသၤ့”ႀကီးဆီသို႔မေရာက္ပဲ ”သီဟဗာဟု”ေျခရင္း၌သာသုံးႀကိမ္တိုင္တိုင္ပင္ ျပန္ၾက၏။
သုံးႀကိမ္တိုင္တိုင္ ျပစ္ၿပီးေသာအခါတြင္ကား ”ေျခသၤ့”ႀကီးသည္ ”ေဒါသ”ျဖစ္သြား၏။”ေဒါသ”ျဖစ္သြားသည္နဲ႔ ”ေမတၱာ”ဓာတ္တည္းဟူေသာ အႏၲရယ္ကိုကာကြယ္သည့္ ခ်ပ္ဝတ္တန္ဆာသည္ ျပဳတ္ၾကသြားေလ၏။ ”ေဒါသ”ျဖစ္ၿပီး”ေျခသၤ့”ႀကီးကဟိန္းလိုက္ခ်ိန္မွာပင္ ”စတုတၳ”အႀကိမ္ေျမာက္ျပစ္လိုက္ေသာ ”သီဟဗာဟု”၏ျမားတံသည္ ”ေျခသၤ့”ႀကီး၏ ငယ္ထိပ္သို႔စူးဝင္ကာ ထိုေနရာမွာပင္ေသသြားေလ၏။
ဘုရင္ သည္အားရႏွစ္သက္ေတာ္မႈသျဖင့္ ”သီဟဗာဟု”ကို အိမ္ေရွ႕စံေပးေလသည္။ သီဟဗာဟု မင္းျဖစ္ေသာအခါတြင္ ေခါင္းကိုက္သည့္ ”ေရာဂါ”မၾကာခဏျဖစ္သျဖင့္ ”ပညာ”ရွိတို႔အားေမးျမန္းၾကည့္ၾကေသာအခါ ဖခင္ကိုသတ္ခဲ့ေသာ အကုသိုလ္ကံေၾကာင့္ျဖစ္သည္။
ထိုအျပစ္တို႔ေျပေပ်ာက္ေစရန္ ”ေျခသၤ့”႐ုပ္ထုဆစ္ၿပီးကန္ေတာ့ရမည္ဟု ဆိုၾကေလသည္။
ထိုေၾကာင့္…”ေစတီ”တစ္ဆူတည္ကာ ”ေျခသၤ့”႐ုပ္ပါထုဆစ္ၿပီးကန္ေတာ့ၾကေလ၏။
ထိုအျဖစ္မွအစတည္ကာ ”ဘုရား”တည္ေသာအခါ ”ေျခသၤ့”႐ုပ္ပါေသာအေလ့အထျဖစ္လာခဲ့ၾကသည္ဟုဆိုၾကေလသည္။
က်မ္းကိုး :
ျမန္မာ့သမိုင္းဝင္ သမိုင္းတင္ခဲ့ေသာ ျဖစ္ရပ္မ်ား – နႏၵာမိုးၾကယ္
ဘာသာေရး ျပသနာမ်ား – ဘဒၵႏၲ တိေလာကသာရ
”ျမန္မာ”တို႔ရဲ့အသက္” – ေမတၱာရွင္” [ေရႊျပည္သာ]
Unicode,
ဘုရားစေတီတိုင်းလိုလိုရဲ့ ရှေ့မှာ ခြသေ့င်္ရုပ် တွေရှိတာ အားလုံးသိကြမှာပါ။ဘာကြောင့်ဒီလိုထားရသလဲ ဆိုတဲ့အကြောင်းကိုတော့ သိသူရှိသလို မသိသူများလည်း ရှိပါလိမ့်မယ်။ မသိသေးသူတွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည်တင်ပြလိုက်ပါတယ်။
ဒီမေးခွန်းရဲ့ အဖြေကို ဖြေဆိုခဲ့သူက အမပူရနန်းတည် ဘိုးတော် ဘုရား လက်ထက် ပရိယတ္တိအရာမှာ နေတစ်ဆူလတစ်ပါး ထင်ရှားကျော်ကြားခဲ့တဲ့ မုန်တိုင်ပင် ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။
ဆရာတော်ကြီး က ဘုရားစေတီ မုခ်ဝမုခ်ဦး၌ ခြသေ့င်္ရုပ်တုများ ထားခြင်းနှင့် စပ်လျဉ်းပြီး-
“ဂေါတမမြတ်စွာဘုရား အလောင်းဟာ ပဒုမ မြတ်စွာဘုရားရှင် လက်ထက်မှာ ကေသရာဇာခြသေ့င်္မင်းဖြစ်ခဲ့သည်။ တစ်နေ့သောအခါ အလောင်းတော်ခြသေ့င်္မင်း အစာရှာထွက်စဉ်တောအုပ်အလယ်နေရာ၌ ပဒုမ မြတ်စွာဘုရားရှင် သည် နိရောဓသမာပတ် ဝင်စားလျက်ရှိသည်ကိုဖူးတွေ့လိုက်ရသည်။
ခြသေ့င်္မင်းသည် လွန်စွာမှ ကြည်ညိုအာရုံ ရှိသော ဘုရားဂုဏ်ကိုအာရုံပြုလျက် နှစ်သက်ခြင်း ၊ ပီတိဇောအဟုတ် ဖြင့် ခုနစ်ရက်ပတ်လုံး အစာရှာမသွားတော့ပဲ ဘုရားရှင်၏ ရှေ့မှောက်တွင် ရိုသေဝပ်တွား ပူဇော်ဆည်းကပ်နေခဲ့သည်။
ပဒုမမြတ်စွာဘုရားရှင်သည် နိရောဓသမာပတ်မှ ထတော်မူသည့်အခါ ခုနှစ်ရက်ပတ်လုံး ကြည်ညိုသဒ္ဓါထက်သန်စွာဖြင့် ဝပ်တွားဆည်းကပ်နေသော ခြသေ့င်္မင်းအား မြင်တွေ့ရ၍ ‘နောင်အခါ ငါကဲ့သို့ပင် ဘုရားစင်စစ်ဧကန်ဖြစ်လတ္တံ’ လို့ ဗျာဒိတ်စကားမြွက်ကြားခဲ့သည်။
ထိုသို့ ဘုရားအလောင်း ခြသေ့င်္မင်း ကို အကြောင်းပြု၍ နှောင်းခေတ် လူများသည် ဘုရားစေတီပုထိုးတို့အား ဖူးမြှော်ကန်တော့ရန် ရောက်ရှိသော အခါ အလောင်းတော် ခြသေ့င်္မင်း အား အတုယူပြီး ဘုရားရှင်အား စူးစူးနစ်နစ် ယုံကြည်စွာ ကြည်ညိုသဒ္ဓါထားပြီး ဖူးမြှော်ဆည်းကပ် ကိုးကွယ်ရန် ခြသေ့င်္ရုပ် များ တည်ကြခြင်းဖြစ်ကြောင်း မုန်တိုင်ပင် ဆရာတော်ဘုရားကြီးက ရည်ညွှန်း ဖွဲ့ဆိုပါတယ်။
မဇ္စိုမဒေသ အာသောကမင်းကြီး ကတော့ သူတည်ခဲ့တဲ့ ဘုရားစေတီ အဆောက်အအုံတွေမှာ ခြသေ့င်္ရုပ်တစ်မျိုးတင်မကပဲ အခြား တိရစ္ဆာန် အာဇာနည် ၃မျိုးကိုပါ ထားပါတယ်။ မည်သည့်အန္တရာယ်ကိုမှ မကြောက်ရွံတတ်သည့် အာဇာနည် ၄ မျိုးမှာ ခြသေ့ င်္၊ ဆင် ၊ သိန္ဓောမြင်း နှင့် နွားလားဥသဘာ တို့ဖြစ်ပါတယ်။
ထိုအရုပ်လေးမျိုးကို အာသောကမင်းကြီး၏ ကောင်းမူတော်များတွင် ဘုရားဘက်သို့မလှည့်ပဲ ဝင်လာသူများဘက်သို့လှည့်၍ ထားကြောင်းသိရပါတယ်။
အပေါ်က အဖြေကတော့ ကျမ်းဂန်ကနေ ထုတ်နှုတ်ဖြေကြားတဲ့ ဆရာတေ်ာကြီးရဲ့အဖြေဖြစ်ပါတယ်။ ဒါပေမယ့် ပုံပြင်လိုလို ရာဇဝင်လိုလိုနဲ့ ကျွန်တော်တို့ အများစု သိထားတဲ့အကြောင်းတစ်ခုလည်းရှိပါသေးတယ်။ ဒါကတော့ သီဟဗာဟု အကြောင်းပါ။ မသိသေးသူများအတွက် သီဟဗာဟုအကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
ရှေးလွန်လေပြီးသောအခါက ”သီဟို၌” ယခု ”သီရိလင်္ကာ” နှိုင်ငံ ရာဇဝင်၌ ”မဟာဝံသ” ”သီဟဗာဟု”မင်းဟူ၍ရှိခဲ့ဖူးလေသည်။ ”ဝင်္ဂတိုင်း”ဖွား ”ဗင်္ဂလာ”မင်းသမီးတစ်ယောက်သည် ”ခြေင်္သ့”တစ်ကောင်နဲ့ရကာ တောတွင်းလှိုင်ဂှုတစ်ဂှု၌ နေလေသည်။ ”ခြေင်္သ့”ကိုအကြောင်းပြု၍ သားလေးတစ်ယောက် သမီးလေးတစ်ယောက် ထွန်းကားလေသည်။ ”
ခြေင်္သ့”ကြီး သည် အစာရှာထွက်ချိန်၌ ဂှုပေါက်ဝ၌ ကျော်တုံးကြီးတစ်တုံး ပိက် ထားခဲ့၏။ ”သီဟဗာဟု”(၁၆ )နှစ်သားအရွှယ်ရောက်သောအခါတွင်ကား ”ခြေင်္သ့”ကြီးနဲ့မနေလိုသဖြင့် ”အမေ”နဲ့နှမကိုခေါ်ကာ ကျောက်တုံးကြီးကိုဖွင့်ပြီး ထွက်ပြေးကြလေ၏။ ”ခြေင်္သ့”ကြီးသည် သားမယားပျောက်သွားသဖြင့် တောတောင်အနှံ့ လိုက်လံရှာဖွေရင်း ”မ” စိတ်မွန်ကာ တောစွန်အုံးဖျားကျေးရွှာများကိုပင် ဖျက်ဆီးပစ်လေသည်။
ထိုအခါဘုရင်က ”ခြေင်္သ့”ကို နှိင့်နှင်းနိုင်မည့်သူအား မောင်းကြေးနှင်းခပ်၍ ရှာဖွေစေရာ ”သီဟဗာဟု”ကတာဝန်ယူလိုက်လေသည်။ ”သီဟဗာဟု”သည် လေးနဲ့မြားကိုယူကာ ဖခင် ”ခြေင်္သ့”ကြီးကိုသတ်ရန် ထွက်ခဲ့လေသည်။ တောစပ်တစ်ခုအရောက်တွင် ဖခင်”ခြသေ့င်္”ကြီးနဲ့ ရင်ဆိုင်တွေ့ကြလေသည်။
”ခြေင်္သ့”ကြီးကား မိဘ၏ ”မေတ္တာ”ဓာတ်ကြောင့် သားကိုမြင်မြင်ခြင်း အေးချမ်းသွား၏။ သား ကိုချစ်သော ”မေတ္တာ”ဓာတ်တို့က ”ခြေင်္သ့”ကြီးတစ်ကိုယ်လုံးတွင် ပြန့်နှံ့လျှက်ရှိလေ၏။
ဤသည်ကား ”ဘာဝနာ” အဆင့်သို့ရောက်သော ”မေတ္တာ”ဓာတ်မဟုတ်သေးချေ ”ဂေဟဿိတပေမ”ခေါ်အိမ်တွင်းမိသားစုခြင်းထားသော ”မေတ္တာ”အဆင့်သာရှိသေး၏။ ထို”မေတ္တာ”၏စွမ်းရည်သည်ပင်ကြီးမားလှ၏။ အဘယ်ကြောင့်ဆိုသော်…”သီဟဗာဟု”ပစ်လိုက်သောမြားတံတို့သည်။”ခြေင်္သ့”ကြီးဆီသို့မရောက်ပဲ ”သီဟဗာဟု”ခြေရင်း၌သာသုံးကြိမ်တိုင်တိုင်ပင် ပြန်ကြ၏။
သုံးကြိမ်တိုင်တိုင် ပြစ်ပြီးသောအခါတွင်ကား ”ခြေင်္သ့”ကြီးသည် ”ဒေါသ”ဖြစ်သွား၏။”ဒေါသ”ဖြစ်သွားသည်နဲ့ ”မေတ္တာ”ဓာတ်တည်းဟူသော အန္တရယ်ကိုကာကွယ်သည့် ချပ်ဝတ်တန်ဆာသည် ပြုတ်ကြသွားလေ၏။ ”ဒေါသ”ဖြစ်ပြီး”ခြေင်္သ့”ကြီးကဟိန်းလိုက်ချိန်မှာပင် ”စတုတ္ထ”အကြိမ်မြောက်ပြစ်လိုက်သော ”သီဟဗာဟု”၏မြားတံသည် ”ခြေင်္သ့”ကြီး၏ ငယ်ထိပ်သို့စူးဝင်ကာ ထိုနေရာမှာပင်သေသွားလေ၏။
ဘုရင် သည်အားရနှစ်သက်တော်မှုသဖြင့် ”သီဟဗာဟု”ကို အိမ်ရှေ့စံပေးလေသည်။ သီဟဗာဟု မင်းဖြစ်သောအခါတွင် ခေါင်းကိုက်သည့် ”ရောဂါ”မကြာခဏဖြစ်သဖြင့် ”ပညာ”ရှိတို့အားမေးမြန်းကြည့်ကြသောအခါ ဖခင်ကိုသတ်ခဲ့သော အကုသိုလ်ကံကြောင့်ဖြစ်သည်။
ထိုအပြစ်တို့ပြေပျောက်စေရန် ”ခြေင်္သ့”ရုပ်ထုဆစ်ပြီးကန်တော့ရမည်ဟု ဆိုကြလေသည်။
ထိုကြောင့်…”စေတီ”တစ်ဆူတည်ကာ ”ခြေင်္သ့”ရုပ်ပါထုဆစ်ပြီးကန်တော့ကြလေ၏။
ထိုအဖြစ်မှအစတည်ကာ ”ဘုရား”တည်သောအခါ ”ခြေင်္သ့”ရုပ်ပါသောအလေ့အထဖြစ်လာခဲ့ကြသည်ဟုဆိုကြလေသည်။
ကျမ်းကိုး :
မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သော ဖြစ်ရပ်များ – နန္ဒာမိုးကြယ်
ဘာသာရေး ပြသနာများ – ဘဒ္ဒန္တ တိလောကသာရ
”မြန်မာ”တို့ရဲ့အသက်” – မေတ္တာရှင်” [ရွှေပြည်သာ]