သွေးတိုးကျစေနိုင်သော လက်တွေ့ အစွမ်းထက် မြန်မာတိုင်းရင်းဆေးမြီးတို ၉ မျိုး-
သွေးတိုးကျစေနိုင်သော ဆေးမြီးတိုများ ..သွေးတိုးရောဂါအတွက် မြန်မာဆေးမြီးတို (ဆေးနည်းတို) များစွာရှိသည်။
လူတစ်ဦးနှင့်တစ်ဦး ပျောက်ကင်းစေနိုင်သောနည်းလမ်းများ မတူညီသော်လည်း တိုက်ဆိုင်၍ ပျောက်ကင်းသွားလျှင် ငွေကုန်ကြေးကျမများဘဲ အလွယ်တကူ မိမိပတ်ဝန်းကျင်တွင် ရရှိနိုင်သော အပင်၊ အမြစ်၊ အရွက်၊ အသီး၊အပွင့်တို့ မှ ရရှိခြင်းဖြစ်သဖြင့် အား ကိုးထိုက်သော ဆေးမြီးတိုများဖြစ်သည်။
အချို့ခေတ်ပညာတတ် တိုင်းရင်းဆေးကို အထင်မကြီးသူများပင် သွေးတိုး၊ ဆီးချိုကဲ့သို့ ရောဂါကြီးများရုတ်တရက် အသက်ဆုံးနိုင်သည့် နှလုံးသွေးကြောပိတ်၊ ရင်ဘတ်အောင့်ရောဂါကြီးများ ဆေးမြီးတိုနှင့် ပျောက်သွားသည်ကို တွေ့ရသောအခါ အံ့သြနေကြသည်။ ဆေးမြီးတိုများသည်လူထုအတွက် အသုံးဝင်သော တိုင်းရင်းဆေးပညာဖြစ်သည်။
၁။ ရှောက်သီးအခွံပါ ၄ စိတ် စိတ်ပြီး မတ်ခွက်တွင်ထည့် ရေနွေးစိမ်ထားပြီး အအေးခံ၍ တစ်နေကုန် သောက်ပါ၂။ရှောက်သီးအရည်ညှစ် ၃ ဇွန်း+ပျားရည်စစ်စစ် ၁ဇွန်း ထမင်းစားပြီးသောက်ပါ။
၃။ ရှောက်ရွက်အနု၊ အရင့် တစ်နေ့လျှင် ၇ ရွက်မှ ၁၀ ရွက်ခန့် နေ့စဉ်အတို့အမြှုပ် ပြုလုပ်၍စားပါ။၄။ ငါးပိရည်၊ ငံပြာရည်၊ ငါးခြောက်စသည်တို့သည် မြန်မာလူမျိုးတို့နှင့်မကင်းနိုင်သော အစာများ ဖြစ်သည်။ ထိုအစာများ စားသည့်နေ့တွင် ဒန့်သလွန်ရွက် ဟင်းချိုကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် ချက်ပြီး တွဲဖက်သောက်ပေးပါ။
ကြက်သွန်ဖြူသည် သွေးတိုးကိုကျစေနိုင်သည်။ (သွေးတိုးရောဂါ ဖြစ်ပွားခဲ့ရာ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးခဲ့ပါသဖြင့် ပျောက်ကင်းခဲ့သည်။) (မဟတ္တမဂန္ဒီ)၅။ ဒန့်သလွန်သီးအရင့်များကို နေဖြင့်အခြောက်လှန်းထားပြီး သွေးအလွန်တိုးလျှင် ၂ စေ့၊ ၃ စေ့ ဝါးစားပါ။
၆။ သင်္ဘောအဖိုပင်၏ အပွင့်ကို ပြုတ်၍ စားပါက သွေးတိုးရောဂါ သက်သာစေသည်။၇။ ကြက်သွန်နီကို ထက်ခြမ်းခြမ်း ရေတစ်ဖန်ခွက်တွင် စိမ်၍ နံနက်အိပ်ယာထစောစော သောက်ပေးလျှင် သွေးတိုးရောဂါကို ကာကွယ်သည်။ နံနက်အိပ်ယာထချိန် ခေါင်းကိုက်ခြင်းကို သက်သာစေသည်။
၈။ပြောင်းဖူး၏ထိပ်မှ အမွှေးကိုပြုတ်၍ အရည်ကို အကြမ်းပန်းကန်တစ်လုံးစာသောက်လျှင် သွေးတိုးရောဂါ သက်သာစေသည်။၉။ ချင်းလက်နှစ်ဆစ်ကို ထုထောင်းအရည်ကိုယူသံပရာသီးတစ်လုံးအရည်နှင့် ပျားရည်တစ်ဇွန်းစပ် နေ့စဉ်သောက်ပါ။ သွေးတိုးရောဂါဘေး ကင်းဝေးနိုင်သည်။
Credit- ကြည်လွင်မြင့် (မုဒြာ)
ေသြးတိုးက်ေစနိုင္ေသာ လက္ေတြ႕ အစြမ္းထက္ ျမန္မာတိုင္းရင္းေဆးၿမီးတို ၉ မ်ိဳး-
ေသြးတိုးက်ေစနိုင္ေသာ ေဆးၿမီးတိုမ်ား ေသြးတိုးေရာဂါအတြက္ ျမန္မာေဆးၿမီးတို (ေဆးနည္းတို) မ်ားစြာရွိသည္။
လူတစ္ဦးႏွင့္တစ္ဦး ေပ်ာက္ကင္းေစနိုင္ေသာနည္းလမ္းမ်ား မတူညီေသာ္လည္း တိုက္ဆိုင္၍ ေပ်ာက္ကင္းသြားလၽွင္ ေငြကုန္ေၾကးက်မမ်ားဘဲ အလြယ္တကူ မိမိပတ္ဝန္းက်င္တြင္ ရရွိနိုင္ေသာ အပင္၊ အျမစ္၊ အရြက္၊ အသီး၊အပြင့္တို႔ မွ ရရွိျခင္းျဖစ္သျဖင့္ အား ကိုးထိုက္ေသာ ေဆးၿမီးတိုမ်ားျဖစ္သည္။
အခ်ိဳ႕ေခတ္ပညာတတ္ တိုင္းရင္းေဆးကို အထင္မႀကီးသူမ်ားပင္ ေသြးတိုး၊ ဆီးခ်ိဳကဲ့သို႔ ေရာဂါႀကီးမ်ား႐ုတ္တရက္ အသက္ဆုံးနိုင္သည့္ ႏွလုံးေသြးေၾကာပိတ္၊ ရင္ဘတ္ေအာင့္ေရာဂါႀကီးမ်ား ေဆးၿမီးတိုႏွင့္ ေပ်ာက္သြားသည္ကို ေတြ႕ရေသာအခါ အံ့ၾသေနၾကသည္။ ေဆးၿမီးတိုမ်ားသည္လူထုအတြက္ အသုံးဝင္ေသာ တိုင္းရင္းေဆးပညာျဖစ္သည္။
၁။ ေရွာက္သီးအခြံပါ ၄ စိတ္ စိတ္ၿပီး မတ္ခြက္တြင္ထည့္ ေရေႏြးစိမ္ထားၿပီး အေအးခံ၍ တစ္ေနကုန္ ေသာက္ပါ၂။ေရွာက္သီးအရည္ညႇစ္ ၃ ဇြန္း+ပ်ားရည္စစ္စစ္ ၁ဇြန္း ထမင္းစားၿပီးေသာက္ပါ။
၃။ ေရွာက္ရြက္အႏု၊ အရင့္ တစ္ေန႔လၽွင္ ၇ ရြက္မွ ၁၀ ရြက္ခန႔္ ေန႔စဥ္အတို႔အျမႇုပ္ ျပဳလုပ္၍စားပါ။၄။ ငါးပိရည္၊ ငံျပာရည္၊ ငါးေျခာက္စသည္တို႔သည္ ျမန္မာလူမ်ိဳးတို႔ႏွင့္မကင္းနိုင္ေသာ အစာမ်ား ျဖစ္သည္။ ထိုအစာမ်ား စားသည့္ေန႔တြင္ ဒန႔္သလြန္ရြက္ ဟင္းခ်ိဳကို ၾကက္သြန္ျဖဴနိုင္နိုင္ျဖင့္ ခ်က္ၿပီး တြဲဖက္ေသာက္ေပးပါ။
ၾကက္သြန္ျဖဴသည္ ေသြးတိုးကိုက်ေစနိုင္သည္။ (ေသြးတိုးေရာဂါ ျဖစ္ပြားခဲ့ရာ ၾကက္သြန္ျဖဴကို ေန႔စဥ္စားသုံးခဲ့ပါသျဖင့္ ေပ်ာက္ကင္းခဲ့သည္။) (မဟတၱမဂႏၵီ)၅။ ဒန႔္သလြန္သီးအရင့္မ်ားကို ေနျဖင့္အေျခာက္လွန္းထားၿပီး ေသြးအလြန္တိုးလၽွင္ ၂ ေစ့၊ ၃ ေစ့ ဝါးစားပါ။
၆။ သေဘၤာအဖိုပင္၏ အပြင့္ကို ျပဳတ္၍ စားပါက ေသြးတိုးေရာဂါ သက္သာေစသည္။၇။ ၾကက္သြန္နီကို ထက္ျခမ္းျခမ္း ေရတစ္ဖန္ခြက္တြင္ စိမ္၍ နံနက္အိပ္ယာထေစာေစာ ေသာက္ေပးလၽွင္ ေသြးတိုးေရာဂါကို ကာကြယ္သည္။ နံနက္အိပ္ယာထခ်ိန္ ေခါင္းကိုက္ျခင္းကို သက္သာေစသည္။
၈။ေျပာင္းဖူး၏ထိပ္မွ အေမႊးကိုျပဳတ္၍ အရည္ကို အၾကမ္းပန္းကန္တစ္လုံးစာေသာက္လၽွင္ ေသြးတိုးေရာဂါ သက္သာေစသည္။၉။ ခ်င္းလက္ႏွစ္ဆစ္ကို ထုေထာင္းအရည္ကိုယူသံပရာသီးတစ္လုံးအရည္ႏွင့္ ပ်ားရည္တစ္ဇြန္းစပ္ ေန႔စဥ္ေသာက္ပါ။ ေသြးတိုးေရာဂါေဘး ကင္းေဝးနိုင္သည္။
Credit- ၾကည္လြင္ျမင့္ (မုျဒာ)