ရိုးရာအယူအဆအရ ဝယ်တဲ့အိမ် ခိုက်မခိုက် (အိမ်မခိုက်အောင်)
အိမ်မခိုက်အောင်-
မြန်မာလူမျိုးတွေမှာ အိမ်ခြံမြေနဲ့ပက်သက်ပြီး အစွဲအလမ်းလေးတွေ ရှိပါတယ်။ လမ်းဦးတိုက် အိမ်ဦးတိုက် မနေကောင်းဘူး ခိုက်တတ်တယ်ဆိုတဲ့ အယူလေးတွေပါ။
တစ်ချို့မှာ ဒီလိုအယူတွေမရှိကြတော့ပေမဲ့ တစ်ချို့ကတော့ ဆက်လက်စောင့်ထိန်းနေဆဲပါပဲ။ မြန်မာလူမျိုးတွေ ယုံကြည်ကြတဲ့ အိမ်ခြံမြေ အစွဲအလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။
၁။ လမ်းဦးတိုက်
လမ်းကို ထိပ်တိုက် ဆောက်ထားတဲ့အိမ် ဖြစ်ပါတယ်။ ဒီလိုအိမ်မှာနေမယ်ဆိုရင် ကျားရုပ်တစ်ခုလုပ်ပြီး လမ်းဘက်ကို လှည့်ပေးထားရပါတယ်။ ဒါမှမဟုတ် အိမ်ရှေ့မှာ သောက်ရေအိုးစင် ဆောက်ပေးထားတာမျိုးလည်း ရပါတယ်။
၂။ နို့ညှပ်
ညီအစ်ကိုကြား၊ သားအဖကြား ရောက်နေတဲ့အိမ် ဖြစ်ပါတယ်။ ကိုယ်နဲ့ကပ်ရပ် ဘယ်နဲ့ညာက အိမ်ပိုင်ရှင်တွေဟာ သားအဖတွေ၊ ညီအစ်ကိုတွေ ဖြစ်နေတာပါ။
ဒီလိုမျိုးနေမိပြီဆိုရင်တော့ ထညပ်(ငါးကင်ရာမှာ သုံးတဲ့ဝါးညှပ်) ကို အိမ်ရဲ့တစ်ဖက်တစ်ချက်မှာ ထားရပါတယ်။
၃။ စေတီဦးတိုက်
ဘုရားကျောင်းကန် စေတီပုထိုးတစ်ခုခုက မိမိအိမ်ထက်နိမ့်ပြီး ဘေးနားကပ်လျက်မှာ ရှိနေတာကို ဆိုလိုပါတယ်။ တိုက်တာ အဆောက်အဦးပေါတဲ့ ရန်ကုန်လို နေရာတွေမှာ တွေ့ရတတ်ပါတယ်။
ဒီလိုနေမိရင် အနီးအနားဘုရားကျောင်းကန်တစ်ခုမှာ ကောဇောခင်းတာ၊ ကျောက်ပြားခင်းတာ၊ တံမြက်စည်းလှည်းတာတွေ လုပ်ပေးရပါတယ်။
၄။ ကြမ်းဦးတိုက်
အထပ်တစ်ခုပေါ်၊ ကြမ်းခင်းတစ်ခုပေါ်၊ အဆင့်တစ်ခုပေါ်ကို တက်လိုက်တဲ့အခါမှာ ကိုယ့်ခြေဖဝါးဟာ အဲဒီ့အထပ်မှာခင်းထားတဲ့ ကြမ်းအလျားတိုင်း ချမိနေတာကို ပြောတာပါ။
ဒီလိုမျိုးကြမ်းခင်းထားတဲ့ အဆောက်အဦးမှာ နေမိပြီဆိုရင် အဲဒီ့ကြမ်းမှာ ဖယောင်းပုဆိုး၊ ကောဇော ဒါမှမဟုတ် တစ်ခုခု ခင်းပေးရပါတယ်။
၅။ အိမ်တံစို့
မိမိအိမ်ကို အခြားအိမ်က အလယ်တည့်တည့်က ကန့်လန့်ဆောက်ထားတာ ဖြစ်ပါတယ်..။ ဒါမျိုးဆိုရင်တော့ မိမိအိမ်ဘက်ကနေ ကန့်လန့်ဆောက်ထားတဲ့ အိမ်ကို မှန်တစ်ချပ် ထောင်ပေးထားရပါတယ်။
နေအိမ်တွင်းမှာ ခြတောင်ပို့ရှိရင် အရောင်းအဝယ်မကောင်းဘူး။ မိမိအိမ်မျက်နှာစာက အခြားအိမ်ရဲ့ နောက်ဖေးဖြစ်နေရင် မကောင်းဘူးဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ရိုးရာအယူအဆတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးထားတာဖြစ်ပါတယ်။
ရိုးရာအယူအဆအရ ဝယ္တဲ့အိမ္ ခိုက္မခိုက္ (အိမ္မခိုက္ေအာင္)
အိမ္မခိုက္ေအာင္
ျမန္မာလူမ်ိဳးေတြမွာ အိမ္ၿခံေျမနဲ႔ပက္သက္ၿပီး အစြဲအလမ္းေလးေတြ ရွိပါတယ္။ လမ္းဦးတိုက္ အိမ္ဦးတိုက္ မေနေကာင္းဘူး ခိုက္တတ္တယ္ဆိုတဲ့ အယူေလးေတြပါ။
တစ္ခ်ိဳ႕မွာ ဒီလိုအယူေတြမရွိၾကေတာ့ေပမဲ့ တစ္ခ်ိဳ႕ကေတာ့ ဆက္လက္ေစာင့္ထိန္းေနဆဲပါပဲ။ ျမန္မာလူမ်ိဳးေတြ ယုံၾကည္ၾကတဲ့ အိမ္ၿခံေၿမ အစြဲအလမ္းေလးေတြကို ေဖာ္ျပလိုက္ပါတယ္။
၁။ လမ္းဦးတိုက္
လမ္းကို ထိပ္တိုက္ ေဆာက္ထားတဲ့အိမ္ ျဖစ္ပါတယ္။ ဒီလိုအိမ္မွာေနမယ္ဆိုရင္ က်ား႐ုပ္တစ္ခုလုပ္ၿပီး လမ္းဘက္ကို လွည့္ေပးထားရပါတယ္။ ဒါမွမဟုတ္ အိမ္ေရွ႕မွာ ေသာက္ေရအိုးစင္ ေဆာက္ေပးထားတာမ်ိဳးလည္း ရပါတယ္။
၂။ နို႔ညႇပ္
ညီအစ္ကိုၾကား၊ သားအဖၾကား ေရာက္ေနတဲ့အိမ္ ျဖစ္ပါတယ္။ ကိုယ္နဲ႔ကပ္ရပ္ ဘယ္နဲ႔ညာက အိမ္ပိုင္ရွင္ေတြဟာ သားအဖေတြ၊ ညီအစ္ကိုေတြ ျဖစ္ေနတာပါ။
ဒီလိုမ်ိဳးေနမိၿပီဆိုရင္ေတာ့ ထညပ္(ငါးကင္ရာမွာ သုံးတဲ့ဝါးညႇပ္) ကို အိမ္ရဲ့တစ္ဖက္တစ္ခ်က္မွာ ထားရပါတယ္။
၃။ ေစတီဦးတိုက္
ဘုရားေက်ာင္းကန္ ေစတီပုထိုးတစ္ခုခုက မိမိအိမ္ထက္နိမ့္ၿပီး ေဘးနားကပ္လ်က္မွာ ရွိေနတာကို ဆိုလိုပါတယ္။ တိုက္တာ အေဆာက္အဦးေပါတဲ့ ရန္ကုန္လို ေနရာေတြမွာ ေတြ႕ရတတ္ပါတယ္။
ဒီလိုေနမိရင္ အနီးအနားဘုရားေက်ာင္းကန္တစ္ခုမွာ ေကာေဇာခင္းတာ၊ ေက်ာက္ျပားခင္းတာ၊ တံျမက္စည္းလွည္းတာေတြ လုပ္ေပးရပါတယ္။
၄။ ၾကမ္းဦးတိုက္
အထပ္တစ္ခုေပၚ၊ ၾကမ္းခင္းတစ္ခုေပၚ၊ အဆင့္တစ္ခုေပၚကို တက္လိုက္တဲ့အခါမွာ ကိုယ့္ေျခဖဝါးဟာ အဲဒီ့အထပ္မွာခင္းထားတဲ့ ၾကမ္းအလ်ားတိုင္း ခ်မိေနတာကို ေျပာတာပါ။
ဒီလိုမ်ိဳးၾကမ္းခင္းထားတဲ့ အေဆာက္အဦးမွာ ေနမိၿပီဆိုရင္ အဲဒီ့ၾကမ္းမွာ ဖေယာင္းပုဆိုး၊ ေကာေဇာ ဒါမွမဟုတ္ တစ္ခုခု ခင္းေပးရပါတယ္။
၅။ အိမ္တံစို႔
မိမိအိမ္ကို အျခားအိမ္က အလယ္တည့္တည့္က ကန႔္လန႔္ေဆာက္ထားတာ ျဖစ္ပါတယ္။.. ဒါမ်ိဳးဆိုရင္ေတာ့ မိမိအိမ္ဘက္ကေန ကန႔္လန႔္ေဆာက္ထားတဲ့ အိမ္ကို မွန္တစ္ခ်ပ္ ေထာင္ေပးထားရပါတယ္။
ေနအိမ္တြင္းမွာ ျခေတာင္ပို႔ရွိရင္ အေရာင္းအဝယ္မေကာင္းဘူး။ မိမိအိမ္မ်က္ႏွာစာက အျခားအိမ္ရဲ့ ေနာက္ေဖးျဖစ္ေနရင္ မေကာင္းဘူးဆိုတဲ့ အယူအဆေတြလည္း ရွိပါတယ္။ ရိုးရာအယူအဆေတြကို ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးထားတာျဖစ္ပါတယ္။crd



