လူကြီးတွေ ပြောတာ ကြားဖူးတယ်။ “ဧည့်သည်လာရင် ဆန် မကုန်စေနဲ့ကွတဲ့”။ငယ်ငယ်က ကြားဖူးတုန်းက ဘယ်နဲ့စကားကြီးပါလိမ့်ပေါ့။
စကားရိုးသလောက် အဓိပ္ပါယ်အများကြီး ရှိပါတယ်။ ကိုယ်နဲ့ သိ့၊မသိ့ ဧည့်သည်လာရင် ပုန်းနေပြီး ထမင်းချက်မကြွေးပဲ ရှောင်နေရမယ် ပြောတာ မဟုတ်ပါဘူး။
အောင့်အီးပြီး ချက်ကြွေးရမယ်လို့လည်း..ပြောတာမဟုတ်ပါဘူး၊မကောင်းတတ်လို့ ချက်ကြွေးလိုက်ရတယ်လည်း မဟုတ်ပါဘူး၊
လက်ကချက်ကြွေးပြီး စိတ်က မပါတာမျိုးလည်း မဟုတ်ပါဘူး၊မျက်နှာလုပ်ပြီး ချက်ကြွေးရခြင်းမျိုးလည်း မဟုတ်ပါဘူး၊
ဒီလိုတွေပဲ တွေးတွေး လုပ်လုပ်ပြီး..ချက်ကြွေး နေကြရင် သင်နှင့်ကျွန်ုပ်တို့ ဆန်ကုန်ကျိုးမရှိ ဖြစ်သွားပါပြီ”
ကိုယ့်မှာရှိတဲ့ ဆန်လေးနဲ့ အမျှော်မပါစေတနာသန့်သန့်လေး ချက်ကြွေးကြဖို့ရာ ပြောတာပါ။
အိမ်ရှင် ဘယ်လောက်အထိ့ စေတနာပါပါနဲ့ဧည့်ခံလိုက်တယ်ဆိုတာ ဧည့်သည်လုပ်ပြီး စားဖူးသူတိုင်း
အိမ်ရှင်မျက်နှာကို ကြည့်ပြီး အတိုင်းတာတခုထိ့ ခန့်မှန်းလို့ ရပါတယ်။ထားလိုက်ပါ ဒါက လိုရင်းသိပ့်မရောက်ပါဘူး။
ကိုယ့်ရှိတဲ့ ဆန် အကုန်ခံပြီး ချက်ကြွေးရတာချင်း အတူတူ ထမင်းစားသွားကြတဲ့ ဧည့်သည်တို့အပေါ်မှာ
ကိုယ့်စေတနာတွေ ဘယ်အတိုင်းတာထိ့ ပါသွားလည်းဆိုတာကမှ ဆန်ကုန်ခြင်း၊မကုန်ခြင်းကို အကဲဖြတ် ရ မှာဖြစ်ပါတယ် ။
ကိုယ့်အိမ် ဧည့်သည်လာတိုင်း ဆန်ကုန်ရကျိုး နပ်နိုင်ကြပါစေ..။မှတ်ချက်။ ။ယနေ့ အသက်ရှင်ချိန်အထိ့
ကျွန်ုပ်တို့၏ ပါးစပ်၊ဝမ်းခေါင်းနှင့် မကင်းခဲ့ရပါသော ကျေးဇူးရှင် ထမင်းရှင်များအား ဤစာစုဖြင့် ဂုဏ်ပြုအပ်ပါသည်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ…။မောင်သံတိုင်(အုတ်ကျင်း)
Zawgyi
လူႀကီးေတြ ေျပာတာ ၾကားဖူးတယ္။ “ဧည့္သည္လာရင္ ဆန္ မကုန္ေစနဲ႔ကြတဲ့”။ငယ္ငယ္က ၾကားဖူးတုန္းက ဘယ္နဲ႔စကားႀကီးပါလိမ့္ေပါ့။
စကား႐ိုးသေလာက္ အဓိပၸါယ္အမ်ားႀကီး ရွိပါတယ္။ ကိုယ္နဲ႔ သိ့၊မသိ့ ဧည့္သည္လာရင္ ပုန္းေနၿပီး ထမင္းခ်က္မေႂကြးပဲ ေရွာင္ေနရမယ္ ေျပာတာ မဟုတ္ပါဘူး။
ေအာင့္အီးၿပီး ခ်က္ေႂကြးရမယ္လို႔လည္း ေျပာတာမဟုတ္ပါဘူး၊မေကာင္းတတ္လို႔ ခ်က္ေႂကြးလိုက္ရတယ္လည္း မဟုတ္ပါဘူး၊
လက္ကခ်က္ေႂကြးၿပီး စိတ္က မပါတာမ်ိဳးလည္း မဟုတ္ပါဘူး၊မ်က္ႏွာလုပ္ၿပီး ခ်က္ေႂကြးရျခင္းမ်ိဳးလည္း မဟုတ္ပါဘူး၊
ဒီလိုေတြပဲ ေတြးေတြး လုပ္လုပ္ၿပီး ခ်က္ေႂကြး ေနၾကရင္ သင္ႏွင့္ကြၽႏ္ုပ္တို႔ ဆန္ကုန္က်ိဳးမရွိ ျဖစ္သြားပါၿပီ။
ကိုယ့္မွာရွိတဲ့ ဆန္ေလးနဲ႔ အေမွ်ာ္မပါေစတနာသန႔္သန႔္ေလး ခ်က္ေႂကြးၾကဖို႔ရာ ေျပာတာပါ။
အိမ္ရွင္ ဘယ္ေလာက္အထိ့ ေစတနာပါပါနဲ႔ဧည့္ခံလိုက္တယ္ဆိုတာ ဧည့္သည္လုပ္ၿပီး စားဖူးသူတိုင္း
အိမ္ရွင္မ်က္ႏွာကို ၾကည့္ၿပီး အတိုင္းတာတခုထိ့ ခန႔္မွန္းလို႔ ရပါတယ္။ထားလိုက္ပါ ဒါက လိုရင္းသိပ့္မေရာက္ပါဘူး..။
ကိုယ့္ရွိတဲ့ ဆန္ အကုန္ခံၿပီး ခ်က္ေႂကြးရတာခ်င္း အတူတူ ထမင္းစားသြားၾကတဲ့ ဧည့္သည္တို႔အေပၚမွာ
ကိုယ့္ေစတနာေတြ ဘယ္အတိုင္းတာထိ့ ပါသြားလည္းဆိုတာကမွ ဆန္ကုန္ျခင္း၊မကုန္ျခင္းကို အကဲျဖတ္ ရ မွာျဖစ္ပါတယ္
ကိုယ့္အိမ္ ဧည့္သည္လာတိုင္း ဆန္ကုန္ရက်ိဳး နပ္ႏိုင္ၾကပါေစ..။မွတ္ခ်က္။ ။ယေန႔ အသက္ရွင္ခ်ိန္အထိ့
ကြၽႏ္ုပ္တို႔၏ ပါးစပ္၊ဝမ္းေခါင္းႏွင့္ မကင္းခဲ့ရပါေသာ ေက်းဇူးရွင္ ထမင္းရွင္မ်ားအား ဤစာစုျဖင့္ ဂုဏ္ျပဳအပ္ပါသည္။
ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ..။ေမာင္သံတိုင္(အုတ္က်င္း)