ကိုယ့်ရဲ့စိုက်ခင်းအတွက် ၃ လခန့်အချိန်ယူပြီးကိုယ်တိုင်ရေတွင်းတူးခဲ့တဲ့ 51 နှစ်အရွယ်အမျိုးသမီး
အိန္နိယနိုင်ငံမှာနေထိုင်လျက်ရှိတဲ့ အသက် 51 နှစ်အရွယ် Gauri S.Naik အမည်ရှိတဲ့အမျိုးသမီးဟာ အလုပ်သမားငှါးရမ်းခမတတ်နိုင်လို့ ကိုယ်တိုင်ရေတွင်းတူးခဲ့ရပါတယ် ။
အ ကြောင်းကတော့ သူမရဲ့စိုက်ခင်းအတွက် ရေအလုံအလောက်ရရှိအောင်ပါ.. ။
သူမဟာ ရေတွင်းအနက် ပေ 60 အထိရေတွင်းတူးခဲ့ရပြီး တစ်ရက်ကို 5 နာရီကနေ 6 နာရီအထိ အချိန်ပေးပြီး ရေတွင်းတူးခဲ့ရတာပါ ။
တစ်ရက်မှာတော့ သူမရဲ့အပေါင်းအသင်းတွေက အမြဲကိုက်ခဲနေတယ်ဆိုပြီး ညည်းညူနေခဲ့တဲ့သူမကို သံသယဖြစ်လာလို့
နေအိမ်လိုက်ကြည့်ခဲ့ချိန်မှာတော့ ရေတွင်းတစ်ယောက်တည်း တူးနေခဲ့တဲ့သူမရဲ့အဖြစ်ကို သိခဲ့ကြရတာပါ ။
ဒါကြောင့် အမျိုးသမီး 3 ယောက်က မြေကော်ထုတ်ဖို့ သူမကိုအကူအညီပေးခဲ့ကြပေမဲ့ တွင်းတူးတာကတော့ သူမတစ်ယောက်တည်းက ပြုလုပ်ခဲ့ရတာပါ ။
3 လအကြာမှာတော့ သူမရေကြောကိုတွေ့ခဲ့ပြီး ၊ သူမရဲ့ လုံးလစိုက်ထုတ်မှုက အရာထင်ခဲ့ကာ သူမအတွက်ရေလုံလုံလောက်လောက်ပေးနိုင်တဲ့ ရေတွင်းတစ်ခု ပိုင်ဆိုင်သွားခဲ့ပါပြီ ”
ရွာအတွင်းမှာလည်း သူမကို အာဂအမျိုးသမီးဆိုပြီး ခေါ်ဆိုသတ်မှတ်ခဲ့ကြပါတယ် ..
သူမရဲ့ကြိုးစားအားထုတ်မှုကြောင့် လက်ရှိမှာတော့ အုန်းပင် 15 ပင် ၊ ကွမ်းသီးပင် 150 ပင် နှင့် ငှက်ပျောပင်အချို့ ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ ။ သူမရဲ့ ယုံကြည်မှု နဲ့ ဇွဲလုံးလကတော့ အံ့မခန်းပါပဲလေ ။
crd
Zawgyi
ကိုယ့္ရဲ႕စိုက္ခင္းအတြက္ ၃ လခန႔္အခ်ိန္ယူၿပီးကိုယ္တိုင္ေရတြင္းတူးခဲ့တဲ့ 51 ႏွစ္အ႐ြယ္အမ်ိဳးသမီး
အိႏၷိယႏိုင္ငံမွာေနထိုင္လ်က္ရွိတဲ့ အသက္ 51 ႏွစ္အ႐ြယ္ Gauri S.Naik အမည္ရွိတဲ့အမ်ိဳးသမီးဟာ အလုပ္သမားငွါးရမ္းခမတတ္ႏိုင္လို႔ ကိုယ္တိုင္ေရတြင္းတူးခဲ့ရပါတယ္ ။
အ ေၾကာင္းကေတာ့ သူမရဲ႕စိုက္ခင္းအတြက္ ေရအလုံအေလာက္ရရွိေအာင္ပါ.. ။
သူမဟာ ေရတြင္းအနက္ ေပ 60 အထိေရတြင္းတူးခဲ့ရၿပီး တစ္ရက္ကို 5 နာရီကေန 6 နာရီအထိ အခ်ိန္ေပးၿပီး ေရတြင္းတူးခဲ့ရတာပါ ။
တစ္ရက္မွာေတာ့ သူမရဲ႕အေပါင္းအသင္းေတြက အၿမဲကိုက္ခဲေနတယ္ဆိုၿပီး ညည္းညဴေနခဲ့တဲ့သူမကို သံသယျဖစ္လာလို႔
ေနအိမ္လိုက္ၾကည့္ခဲ့ခ်ိန္မွာေတာ့ ေရတြင္းတစ္ေယာက္တည္း တူးေနခဲ့တဲ့သူမရဲ႕အျဖစ္ကို သိခဲ့ၾကရတာပါ ။
ဒါေၾကာင့္ အမ်ိဳးသမီး 3 ေယာက္က ေျမေကာ္ထုတ္ဖို႔ သူမကိုအကူအညီေပးခဲ့ၾကေပမဲ့ တြင္းတူးတာကေတာ့ သူမတစ္ေယာက္တည္းက ျပဳလုပ္ခဲ့ရတာပါ ။
3 လအၾကာမွာေတာ့ သူမေရေၾကာကိုေတြ႕ခဲ့ၿပီး ၊ သူမရဲ႕ လုံးလစိုက္ထုတ္မႈက အရာထင္ခဲ့ကာ သူမအတြက္ေရလုံလုံေလာက္ေလာက္ေပးႏိုင္တဲ့ ေရတြင္းတစ္ခု ပိုင္ဆိုင္သြားခဲ့ပါၿပီ ”
႐ြာအတြင္းမွာလည္း သူမကို အာဂအမ်ိဳးသမီးဆိုၿပီး ေခၚဆိုသတ္မွတ္ခဲ့ၾကပါတယ္ ။
သူမရဲ႕ႀကိဳးစားအားထုတ္မႈေၾကာင့္ လက္ရွိမွာေတာ့ အုန္းပင္ 15 ပင္ ၊ ကြမ္းသီးပင္ 150 ပင္ ႏွင့္ ငွက္ေပ်ာပင္အခ်ိဳ႕ ပိုင္ဆိုင္ထားႏိုင္ခဲ့ပါၿပီ ။ သူမရဲ႕ ယုံၾကည္မႈ နဲ႔ ဇြဲလုံးလကေတာ့ အံ့မခန္းပါပဲေလ ။
crd