မင်္ဂလာဦးညမှာ ဇနီးသည်ဖြစ်သူက ခင်ပွန်းသည်လေးနားကပ်ပြီး သူတို့ရဲ့ ပထမဆုံး ချစ်ရည်လူးပလူးတဲ့ အထိမ်းအမှတ်အနေနဲ့ ဒေါ်လာ ၂၀ တောင်းတယ်။
စိတ်ဝင်စားစရာ ကောင်းတာနဲ့ ကောင်လေးက ချက်ချင်း သဘောတူလိုက်တယ်။ ကောင်မလေးရဲ့ ချစ်စရာ အပြုအမူလေး တစ်ခုမို့လည်း ကြည်ကြည်ဖြူဖြူ ပေးခဲ့တာဖြစ်တယ်။
လိုချင်တာလေးတွေ ဝယ်ဖို့၊ သုံးဖို့စွဲဖို့..တောင်းတာပဲ ဖြစ်မှာပါဆိုပြီး ကောင်လေးက မှတ်ချက်ပြုထားတာပေါ့။
အဲ့လိုနဲ့ သူတို့အိမ်ထောင်သက် အနှစ်( ၃၀ ) ကျော်သည့်တိုင် ချစ်ရည်လူးတဲ့အခါတိုင်း အဲ့ဒီ အလေ့အကျင့်လေးကို ယူသွားဖြစ်လိုက်တယ်။
တစ်ရက်တော့ နေလယ်လောက်မှာ အလုပ်ကနေ အရက်တွေ အရမ်းမူးပြီး ပြန်လာတဲ့ ခင်ပွန်းသည်ကိုတွေ့တော့ ဇနီးသည် အံ့သြသွားတယ်။
တစ်ခါမှ ဒီလို အချိန်မှာ မသောက်စဖူး ထူးခြားနေတာပေါ့။ အိမ်ထဲရောက်ပြီး ခဏအကြာမှာ ဇနီးသည်လေး မမေးခင် အကြောင်းစုံကို ဖွင့်ပြောပြလိုက်တယ်။
” ကို တို့ အလုပ်ရှင်က လုပ်ငန်းတွေ ကျဆင်းလာတဲ့အတွက် ကိုယ့်ကို အလုပ်ကနေ ဖြုတ်ပစ်လိုက်တယ်ကွာ အသက် ( ၅၉ ) နှစ်အရွယ်
ရောက်ပြီဆိုတော့ အလုပ်သစ်ရှာနိုင်မယ့်ပုံလည်း မပေါ်တော့ပါဘူး။
ကုမ္ပဏီတွေကလည်း အလုပ်ခန့်မယ် မထင်တော့ပါဘူး မိန်းမရာ။ အားကိုးစရာ သားသမီးလည်း မရှိတော့ ရေရှည်မှာ စားဝတ်နေရေး အဆင်မပြေမှာ စိုးတယ်ကွာ။.. ဆိုပြီး မျက်ရည်လေးဝဲပြီး ဝမ်းနည်းစွာ ပြောပြနေရှာတယ်။
ဒီအခါမှာ ဇနီးဖြစ်သူက အေးဆေးတည်ငြိမ်စွာပဲ ယောကျ်ားကို နှစ် (၃၀) ကျော်သက်တမ်းရှိတဲ့ ဘဏ်စာအုပ် ထုတ်ပြလိုက်တယ်။
စာအုပ်ထဲမှာတော့ ကာလကြာရှည်ထားရှိလို့ ရလာတဲ့အတိုးအမြတ်တွေ ပေါင်းရင် ဒေါ်လာတစ်သန်း နီးပါးရှိတယ်။
ယောကျာ်းဖြစ်သူ မျက်လုံးဝိုင်းသွားတယ် ၊ ပြီးတော့ သူဘာမှ မပြောနိုင်သေးခင်မှာ ဇနီးသည်က ထပ်ရှင်းပြတယ်..။
” ဒီပိုက်ဆံတွေဟာ ချစ်ရည်လူးတဲ့ခါတိုင်း တောင်းထားတဲ့ ပိုက်ဆံတွေပါ။ အဲ့ဒီ ပိုက်ဆံတွေကို ဘဏ်ထဲမှာ နှစ်သုံးဆယ်ကျော်ကြာ အောင် မှန်မှန်စုဆောင်းလာနိုင်ခဲ့လို့ ခုလို အများကြီး ဖြစ်လာတာပေါ့ ”
” ကျွန်မတို့ ဒီပိုက်ဆံတွေနဲ့ ကောင်းကောင်း ရင်းနှီး လုပ်ကိုင်စားလို့ ရတယ် မဟုတ်လား ကို ရဲ့ “။
ယောကျာ်းဖြစ်သူ စကားမပြောနိုင်လောက်အောင် အံ့အားသင့်သွားတယ်။ နောင်ရေးအတွက် အိုစာမင်းစာလေး မစုဆောင်း မိခဲ့ပါလား ဆိုတဲ့ နောင်တတွေလည်း လိမ္မာပါးနပ်တဲ့ မိန်းမရဲ့ အမျှော်အမြင်ကြီးမှုအောက်မှာ ပျောက်သွားတယ်။
crd
zawgyi
မဂၤလာဦးညမွာ ဇနီးသည္ျဖစ္သူက ခင္ပြန္းသည္ေလးနားကပ္ၿပီး သူတို႔ရဲ႕ ပထမဆုံး ခ်စ္ရည္လူးပလူးတဲ့ အထိမ္းအမွတ္အေနနဲ႔ ေဒၚလာ ၂၀ ေတာင္းတယ္။
စိတ္ဝင္စားစရာ ေကာင္းတာနဲ႔ ေကာင္ေလးက ခ်က္ခ်င္း သေဘာတူလိုက္တယ္။ ေကာင္မေလးရဲ႕ ခ်စ္စရာ အျပဳအမူေလး တစ္ခုမို႔လည္း ၾကည္ၾကည္ျဖဴျဖဴ ေပးခဲ့တာျဖစ္တယ္။
လိုခ်င္တာေလးေတြ ဝယ္ဖို႔၊ သုံးဖို႔စြဲဖို႔ ေတာင္းတာပဲ ျဖစ္မွာပါဆိုၿပီး ေကာင္ေလးက မွတ္ခ်က္ျပဳထားတာေပါ့။
အဲ့လိုနဲ႔ သူတို႔အိမ္ေထာင္သက္ အႏွစ္( ၃၀ ) ေက်ာ္သည့္တိုင္ ခ်စ္ရည္လူးတဲ့အခါတိုင္း အဲ့ဒီ အေလ့အက်င့္ေလးကို ယူသြားျဖစ္လိုက္တယ္။
တစ္ရက္ေတာ့ ေနလယ္ေလာက္မွာ အလုပ္ကေန အရက္ေတြ အရမ္းမူးၿပီး ျပန္လာတဲ့ ခင္ပြန္းသည္ကိုေတြ႕ေတာ့ ဇနီးသည္ အံ့ၾသသြားတယ္။
တစ္ခါမွ ဒီလို အခ်ိန္မွာ မေသာက္စဖူး ထူးျခားေနတာေပါ့။ အိမ္ထဲေရာက္ၿပီး ခဏအၾကာမွာ ဇနီးသည္ေလး မေမးခင္ အေၾကာင္းစုံကို ဖြင့္ေျပာျပလိုက္တယ္။
” ကို တို႔ အလုပ္ရွင္က လုပ္ငန္းေတြ က်ဆင္းလာတဲ့အတြက္ ကိုယ့္ကို အလုပ္ကေန ျဖဳတ္ပစ္လိုက္တယ္ကြာ အသက္ ( ၅၉ ) ႏွစ္အ႐ြယ္
ေရာက္ၿပီဆိုေတာ့ အလုပ္သစ္ရွာႏိုင္မယ့္ပုံလည္း မေပၚေတာ့ပါဘူး။
ကုမၸဏီေတြကလည္း အလုပ္ခန႔္မယ္ မထင္ေတာ့ပါဘူး မိန္းမရာ။ အားကိုးစရာ သားသမီးလည္း မရွိေတာ့ ေရရွည္မွာ စားဝတ္ေနေရး အဆင္မေျပမွာ စိုးတယ္ကြာ။” ဆိုၿပီး မ်က္ရည္ေလးဝဲၿပီး ဝမ္းနည္းစြာ ေျပာျပေနရွာတယ္။
ဒီအခါမွာ ဇနီးျဖစ္သူက ေအးေဆးတည္ၿငိမ္စြာပဲ ေယာက်္ားကို ႏွစ္ (၃၀) ေက်ာ္သက္တမ္းရွိတဲ့ ဘဏ္စာအုပ္ ထုတ္ျပလိုက္တယ္။
စာအုပ္ထဲမွာေတာ့ ကာလၾကာရွည္ထားရွိလို႔ ရလာတဲ့အတိုးအျမတ္ေတြ ေပါင္းရင္ ေဒၚလာတစ္သန္း နီးပါးရွိတယ္။
ေယာက်ာ္းျဖစ္သူ မ်က္လုံးဝိုင္းသြားတယ္ ၊ ၿပီးေတာ့..သူဘာမွ မေျပာႏိုင္ေသးခင္မွာ ဇနီးသည္က ထပ္ရွင္းျပတယ္။
” ဒီပိုက္ဆံေတြဟာ ခ်စ္ရည္လူးတဲ့ခါတိုင္း ေတာင္းထားတဲ့ ပိုက္ဆံေတြပါ။ အဲ့ဒီ ပိုက္ဆံေတြကို ဘဏ္ထဲမွာ ႏွစ္သုံးဆယ္ေက်ာ္ၾကာ ေအာင္ မွန္မွန္စုေဆာင္းလာႏိုင္ခဲ့လို႔ ခုလို အမ်ားႀကီး ျဖစ္လာတာေပါ့ ”
” ကြၽန္မတို႔ ဒီပိုက္ဆံေတြနဲ႔ ေကာင္းေကာင္း ရင္းႏွီး လုပ္ကိုင္စားလို႔ ရတယ္ မဟုတ္လား ကို ရဲ႕ “။
ေယာက်ာ္းျဖစ္သူ စကားမေျပာႏိုင္ေလာက္ေအာင္ အံ့အားသင့္သြားတယ္။ ေနာင္ေရးအတြက္ အိုစာမင္းစာေလး မစုေဆာင္း မိခဲ့ပါလား ဆိုတဲ့ ေနာင္တေတြလည္း လိမၼာပါးနပ္တဲ့ မိန္းမရဲ႕ အေမွ်ာ္အျမင္ႀကီးမႈေအာက္မွာ ေပ်ာက္သြားတယ္။
crd