လူတစ္ေယာက္စိတ္ကို ဘယ္လုိလုပ္သိႏုိင္မွာလဲလို႔ သင္ေတြးမိေနပါလိမ့္မယ္။ တစ္ခ်ဳိ႕လူေတြက သူတို႔ရဲ႕အတြင္းစိတ္ကို မ်က္လံုးေတြ၊ အမူအရာေတြနဲ႔ေဖာ္ျပေလ့႐ွိၾကတယ္။ သတိမထားမိလို႔သာ အမႈမဲ့ အမွတ္မဲ့ျဖစ္ေနတာပါ …။
အျပဳအမူ၊ အမူရာေတြအေၾကာင္းအေသးစိတ္ေလ့လာထားတဲ့ ၾသစေတးလ် ကၽြမ္းက်င္ပညာ႐ွင္ Alan Pease က လူတစ္ေယာက္ရဲ႕အတြင္းစိတ္ကို သူ႔ရဲ႕အမူရာေတြၾကည့္တာနဲ႔ သိႏိုင္မယ့္နည္းလမ္းကို စာဖတ္သူမ်ား ဗဟုသုတရေအာင္မွ်ေဝေပးလိုက္ပါတယ္ေနာ္ …။
၁. မ်က္လံုးမွိတ္ထားရင္
လူတစ္ေယာက္က မ်က္လံုးမွိတ္ျပီး စကားေျပာေနမယ္ဆိုရင္ သူက တစ္ခုခုကို ဖံုးကြယ္ထားခ်င္လို႔ဆိုတာ ေပၚလြင္ပါတယ္။ ဒီအျပဳအမူဟာ သင့္ကိုေၾကာက္ေနတဲ့ အဓိပၸာယ္မဟုတ္ပါဘူး။ တကယ္ေတာ့ သင့္ကို အနားမွမ႐ွိေစခ်င္တာပါ။ သင့္အနားမွာ႐ွိေနရင္ သင့္အတြက္စိတ္ပင္ပန္း ေစတယ္။ သူ႔မ်က္လံုးကုိ မွိတ္ထားတဲ့အခါ သင့္ကိုမျမင္ရေတာ့ဘူးေလ …။
၂. ပါးစပ္ကိုလက္နဲ႔ကြယ္ထားရင္
ကေလးဘဝတည္းက အတန္တန္သတိေပးခံခဲ့ရတဲ့ အျပဳအမူပါ။ ဘာစကားမွမေျပာခ်င္တဲ့အခါ လူေတြက အလိုလိုသူတုိ႔ပါးစပ္ကိုလက္နဲ႔ကာထားတတ္ၾကပါတယ္။ အရြယ္ေရာက္လာတဲ့အထိလည္း ဒီတုိင္းပါပဲ။ တစ္ခါတစ္ေလ ဒီအျပဳအမူကို ေခ်ာင္းဆိုးခ်င္ေယာင္ေဆာင္တဲ့အခါမွာလည္း သံုးပါတယ္ …။
၃. ပါးစပ္က တခုခုကိုက္ေနတတ္တာ
ပါးစပ္ကေန တစ္ခုခုကိုက္ေနတတ္တဲ့လူေတြကို သင္သတိထားမိလား?သူတို႔ကိုအားေပးႏွစ္သိမ့္လိုက္ပါ။ သူတို႔မွာ အေျခအေနတစ္ခုအတြက္ အရမ္းစိုးရိမ္ေနတယ္။ အဆင္ေျပမယ့္နည္းလမ္းကို တစ္ခုခုကိုက္ျပီး စဥ္းစားတတ္ၾကတယ္ …။
၄. ေမးေထာက္အျပံဳး
ေယဘုယ်အားျဖင့္ ဒီအျပဳအမူက ဆန္႔က်င္ဘက္လိင္ကိုဆဲြေဆာင္တဲ့အခါ အသံုးမ်ားၾကတယ္။ ေမးေစ့နားမွာ လက္ကိုေထာက္ျပီး မ်က္ႏွာကိုေ႐ွ႔တိုးျပံဳးျပေနလွ်င္” ဒါ..ကၽြန္မရဲ႕ပံုစံပဲ” ဆိုတဲ့သေဘာ။ ေယာက်္ားေလးေတြအေနနဲ႔ ဒီအေျခအေနမ်ဳိးေရာက္ရင္ သေဘာေပါက္သင့္ပါတယ္ေနာ္ …။
၅. ေမးပြတ္
ေမးပြတ္ေနျပီဆိုရင္ ကိစၥတစ္ခုကို ဆံုးျဖတ္ခ်က္ခ်ဖို႔ ေတြးေနတာပါ။ သူတို႔ဘာကို ဘယ္လုိလုပ္ရမွန္းမသိလို႔ ေသခ်ာနက္နက္နဲနဲ စဥ္းစားေနတာပဲ ျဖစ္ပါတယ္ …။
၆. မ်က္လံုးခ်င္းဆံု
မ်က္လံုးေတြဟာ စိတ္ခ်င္းစကားေျပာဖို႔အတြက္ အေကာင္းဆံုးျပတင္းေပါက္တစ္ခုဆိုလည္း မမွားပါဘူး။ မ်က္လံုးကေနတစ္ဆင့္ သူ႔ရဲ႕စိတ္ခံစားခ်က္ေတြအားလံုးကို သင္ဖတ္ႏိုင္တယ္။ လူတစ္ေယာက္လိမ္လားမလိမ္လား သိခ်င္ရင္လည္း မ်က္လံုးကိုၾကည့္တာနဲ႔ သိႏိုင္ပါတယ္ေနာ္ …။ ။
ခရက္ဒစ္
Unicode,
လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ဒီအပြုအမူတွေကြည့်ပြီး သိနိုင်ပါတယ်…
လူတစ်ယောက်စိတ်ကို ဘယ်လိုလုပ်သိနိုင်မှာလဲလို့ သင်တွေးမိနေပါလိမ့်မယ်။ တစ်ချို့လူတွေက သူတို့ရဲ့အတွင်းစိတ်ကို မျက်လုံးတွေ၊ အမူအရာတွေနဲ့ဖော်ပြလေ့ရှိကြတယ်။ သတိမထားမိလို့သာ အမှုမဲ့ အမှတ်မဲ့ဖြစ်နေတာပါ …။
အပြုအမူ၊ အမူရာတွေအကြောင်းအသေးစိတ်လေ့လာထားတဲ့ သြစတေးလျ ကျွမ်းကျင်ပညာရှင် Alan Pease က လူတစ်ယောက်ရဲ့အတွင်းစိတ်ကို သူ့ရဲ့အမူရာတွေကြည့်တာနဲ့ သိနိုင်မယ့်နည်းလမ်းကို စာဖတ်သူများ ဗဟုသုတရအောင်မျှဝေပေးလိုက်ပါတယ်နော် …။
၁. မျက်လုံးမှိတ်ထားရင်
လူတစ်ယောက်က မျက်လုံးမှိတ်ပြီး စကားပြောနေမယ်ဆိုရင် သူက တစ်ခုခုကို ဖုံးကွယ်ထားချင်လို့ဆိုတာ ပေါ်လွင်ပါတယ်။ ဒီအပြုအမူဟာ သင့်ကိုကြောက်နေတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ တကယ်တော့ သင့်ကို အနားမှမရှိစေချင်တာပါ။ သင့်အနားမှာရှိနေရင် သင့်အတွက်စိတ်ပင်ပန်း စေတယ်။ သူ့မျက်လုံးကို မှိတ်ထားတဲ့အခါ သင့်ကိုမမြင်ရတော့ဘူးလေ …။
၂. ပါးစပ်ကိုလက်နဲ့ကွယ်ထားရင်
ကလေးဘဝတည်းက အတန်တန်သတိပေးခံခဲ့ရတဲ့ အပြုအမူပါ။ ဘာစကားမှမပြောချင်တဲ့အခါ လူတွေက အလိုလိုသူတို့ပါးစပ်ကိုလက်နဲ့ကာထားတတ်ကြပါတယ်။ အရွယ်ရောက်လာတဲ့အထိလည်း ဒီတိုင်းပါပဲ။ တစ်ခါတစ်လေ ဒီအပြုအမူကို ချောင်းဆိုးချင်ယောင်ဆောင်တဲ့အခါမှာလည်း သုံးပါတယ် …။
၃. ပါးစပ်က တခုခုကိုက်နေတတ်တာ
ပါးစပ်ကနေ တစ်ခုခုကိုက်နေတတ်တဲ့လူတွေကို သင်သတိထားမိလား?သူတို့ကိုအားပေးနှစ်သိမ့်လိုက်ပါ။ သူတို့မှာ အခြေအနေတစ်ခုအတွက် အရမ်းစိုးရိမ်နေတယ်။ အဆင်ပြေမယ့်နည်းလမ်းကို တစ်ခုခုကိုက်ပြီး စဉ်းစားတတ်ကြတယ် …။
၄. မေးထောက်အပြုံး
ယေဘုယျအားဖြင့် ဒီအပြုအမူက ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်တဲ့အခါ အသုံးများကြတယ်။ မေးစေ့နားမှာ လက်ကိုထောက်ပြီး မျက်နှာကိုရှေ့တိုးပြုံးပြနေလျှင်” ဒါ..ကျွန်မရဲ့ပုံစံပဲ” ဆိုတဲ့သဘော။ ယောက်ျားလေးတွေအနေနဲ့ ဒီအခြေအနေမျိုးရောက်ရင် သဘောပေါက်သင့်ပါတယ်နော် …။
၅. မေးပွတ်
မေးပွတ်နေပြီဆိုရင် ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်ချဖို့ တွေးနေတာပါ။ သူတို့ဘာကို ဘယ်လိုလုပ်ရမှန်းမသိလို့ သေချာနက်နက်နဲနဲ စဉ်းစားနေတာပဲ ဖြစ်ပါတယ် …။
၆. မျက်လုံးချင်းဆုံ
မျက်လုံးတွေဟာ စိတ်ချင်းစကားပြောဖို့အတွက် အကောင်းဆုံးပြတင်းပေါက်တစ်ခုဆိုလည်း မမှားပါဘူး။ မျက်လုံးကနေတစ်ဆင့် သူ့ရဲ့စိတ်ခံစားချက်တွေအားလုံးကို သင်ဖတ်နိုင်တယ်။ လူတစ်ယောက်လိမ်လားမလိမ်လား သိချင်ရင်လည်း မျက်လုံးကိုကြည့်တာနဲ့ သိနိုင်ပါတယ်နော် …။ ။
ခရက်ဒစ်