သူပြောတဲ့ အကြောင်းအရာလေးတွေကို ကောင်းကောင်းပြန်ပြောနိုင်အောင် အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး နည်းနည်းပါးပါးတော့ လေ့လာထားဖို့လိုတာပေါ့။
(၆) ပိတ်ရက်အကြောင်း
အိမ်မှာပဲနေမယ်ဆိုရင်လည်း စာအုပ်ဖတ်ဖို့ညွှန်းပေးတာ၊ ရုပ်ရှင်ကြည့်ဖို့ ညွှန်းပေးတာမျိုးလေးတွေ ဆက်သွားလို့ရပါတယ်နော်။
MAY THAZINHTOO
Unicode..
Crush နဲ့အမြန်ဆုံးအဆင်ပြေစေမယ့် SMS ပို့နည်းလေးများ
သင့်အနေနဲ့ ရုတ်တရက်ကြီး တစ်ယောက်ယောက်ကို ကြွေသွားတဲ့အခါ ဘာလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ သူနဲ့ပတ်သက်တဲ့အချက်အလက်တွေကို စုံစမ်းမယ်။
သူနဲ့သူငယ်ချင်းဖြစ်အောင်ကြိုးစားမယ်၊ သူသတိထားမိအောင် သူရဲ့ပို့စ်လေးတွေကို react တွေလုပ်မယ်၊ ပြီးရင် သူ့ကို မက်ဆေ့တွေ ပို့မှာပေါ့။
တခြားဟာတွေ လုပ်နေတုန်းက သိပ်အရေးမကြီးသေးပေမယ့် မက်ဆေ့ပို့တဲ့အခါ ကိုယ့်ဘက်ကချည်း တစ်ဖက်သတ်မဖြစ်နေဘဲ သူ့ဘက်ကလည်းပြန်ပို့တာ လိုချင်တာပေါ့။
ပြီးတော့ သူ့ဘက်က typing လို့ပေါ်နေပြီး ကိုယ့်ဆီကို လက်မကြီးပဲပြန်ရောက်လာရင် နေရာမှာတင် အသည်းကွဲရတော့တာပါပဲ။
ဒီတော့ ကိုယ်က စာတွေအများကြီးပို့လိုက်ပြီး လက်မပဲပြန်ရတာမျိုး မဖြစ်ရအောင် သူ့ဘက်က သေချာပေါက်ပြန်ပြောလာစေမယ့် မက်ဆေ့ပို့နည်းလေးတွေကို ဖော်ပြလိုက်ပြီနော်။ အခုပဲ လှုပ်ရှားလိုက်တော့နော်။
(၁) သူ့ရဲ့ဖက်ရှင်နဲ့ပတ်သက်လို့
အခုအချိန်မှာ ဖက်ရှင်နဲ့ပတ်သက်လို့ စိတ်မဝင်စားတဲ့သူ မရှိသလောက်ပဲထင်ပါတယ်။
သင့်အနေနဲ့ ခရပ်ရှ်ကို မက်ဆေ့ပို့မယ်ဆိုရင် စားပြီးပြီလား၊ ဘာဟင်းနဲ့စားလဲ ဆိုတာမျိုးထက်၊ ဟေး နင်ဒီနေ့ ဘယ်လိုဖက်ရှင်ဝတ်ထားလဲ၊
အခုဘယ်လို ဝတ်စုံလေးတွေတော့ ခေတ်စားနေတယ်၊ နင်နဲ့ဆို ဒီလိုပုံလေးလိုက်မှာပဲ စသဖြင့် ပြောတာမျိုးက ပိုစိတ်ဝင်စားစရာကောင်းပြီး
သူ့ဘက်က reply ပြန်လာဖို့လည်း ရာခိုင်နှုန်းပိုများပါတယ်။
(၂) ကိုယ့်အတွက်အကြံဉာဏ်တောင်းတာမျိုး
သူက ဘယ်နယ်ပယ်မှာ နှံ့စပ်တဲ့သူလဲဆိုတာ နည်းနည်းလေ့လာပါ။
အလှအပအကြောင်း သိတဲ့သူလား၊ ပညာရေးကို ဦးစားပေးတဲ့သူလား၊ ရင့်ကျက်တဲ့ အတွေးအခေါ်ရှိတဲ့သူလား စသဖြင့် လေ့လာထားပါ။
သူကျွမ်းကျင်တဲ့ အကြောင်းအရာကို ဦးတည်ပြီး သင့်အတွက် အကြံဉာဏ်လေးတွေတောင်းကြည့်ပါ။
(၃) ဒီနေ့ညဘာအစီအစဉ်ရှိလဲ
ဒါကတော့ TGIF မှာ မေးဖို့အကောင်းဆုံး မေးခွန်းပါ။ သောကြာညမှာ ဘော်ဘော်တွွေနဲ့ ဘာ Plan ရှိလဲမေးပြီး ရှိတယ်ဆိုရင်
ကောင်းကောင်းပျော်ခဲ့ဖို့၊ ဂရုစိုက်ဖို့ ပြောနိုင်ပြီး၊ မရှိဘူး ဆိုရင်တော့ တခြားအကြောင်းအရာလေးတွေကို စကားစမြည်ပြောလို့ရပါတယ်။
(၄) ဘယ်အရာတွေစိတ်ဝင်စားလဲ
သူဘယ်လိုအကြောင်းအရာတွေ စိတ်ဝင်စားလဲဆိုတာ မေးကြည့်ပါ။
ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ တခြား ၀ါသနာပါတာလေးတွေ မေးမြန်ပြီး အဲ့ဒီအကြောင်းအရာလေးတွေ ဆွေးနွေးလို့ရပါတယ်။
သူပြောတဲ့ အကြောင်းအရာလေးတွေကိို ကောင်းကောင်းပြန်ပြောနိုင်အောင် အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး နည်းနည်းပါးပါးတော့ လေ့လာထားဖို့လိုတာပေါ့။
(၅) လက်ရှိရေပန်းစားနေတဲ့အကြောင်းအရာတွေ
လတ်တလောမှာ ဟော့နေတဲ့ အကြောင်းအရာလေးတွေကိုပြောပြီး
အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ သူ့အမြင်ဘယ်လိုရှိတယ်၊ ကိုယ့်အမြင်ကတော့ ဘယ်လိုရှိတယ်ဆိုတာလေးတွေ ပြောလို့ရပါတယ်။
(၆) ပိတ်ရက်အကြောင်း
ဒီတစ်ပတ်ပိတ်ရက်မှာ ဘာလုပ်မလဲ၊ ခရီးသွားမယ်ဆိုရင် ခရီးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အများကြီးဆက်ပြောလို့ရသလို၊
အိမ်မှာပဲနေမယ်ဆိုရင်လည်း စာအုပ်ဖတ်ဖို့ညွှန််းပေးတာ၊ ရုပ်ရှင်ကြည့်ဖို့ ညွှန်းပေးတာမျိုးလေးတွေ ဆက်သွားလို့ရပါတယ်နော်။
MAY THAZINHTOO