သက္ ၁၆ ႏွစ္ မွ ၂၄ ႏွစ္အတြင္း မိန္းကေလးမ်ား ဖတ္ဖို႔ပါ
ညီမေလးေရ……..
လွပတဲ႔ မ်က္ႏွာ တစ္ခုက တစ္ခ်ိန္က်ရင္ အိုမင္းသြားလိမ့္မယ္ …။ စြဲမက္စရာ ခႏၶာကိုယ္ ေကာက္ေၾကာင္းေတြကလည္း တစ္ခ်ိန္က်ရင္ ေျပာင္းလဲသြားပါလိမ့္မယ္ … ။
ဒါေပမယ့္ မိန္းမေကာင္း တစ္ေယာက္ကေတာ့ တစ္ခ်ိန္က်ရင္လည္း မိန္းမေကာင္းပါပဲ ။ ဘယ္အခ်ိန္ပဲ ေရာက္ေရာက္ မိန္းမေကာင္းပါပဲေနာ္ …. ။
ညီမေလးေရ ဇြဲမေလ်ာ့နဲ႔ လူေတြကေတာ့ ညီမေလး ျပံဳးေနတာထက္ ညီမေလး ရံႈးေနတာ ျမင္ခ်င္တဲ႔သူက ပိုမ်ားေနတတ္တယ္ … ။
အသက္ ၁၆ ႏွစ္ မွ ၂၄ ႏွစ္အတြင္း မိန္းကေလးမ်ား ဖတ္ဖို႔
ညီမေလးေရ …… ရည္မွန္းခ်က္ထား
ေဒၚေအာင္ဆန္းစုၾကည္ ၁၂ အရြယ္ကေလးဘဝက သူေရးခဲ႔တာေလး တစ္ခု ရွိတယ္ ။ မ်က္ေစ့မျမင္ေသာ မိန္းကေလးသည္ ၾကားႏိုင္ေသး၏။ နားမၾကားေသာ မိန္းကေလးသည္ ျမင္ႏိုင္ေသး၏။ အဝတ္မပါေသာ မိန္းကေလးသည္ ေအးျမမႈကို ခံစားႏိုင္ေသး၏ ။
သို႔ေသာ္ ရည္မွန္းခ်က္ မရွိေသာ မိန္းကေလးသည္ အရူးပမာသာတည္းတဲ႔ … ။
ညီမေလးေရ……..
ဘဝကို စိတ္မပ်က္နဲ႔ သည္းခံျခင္းေတြရဲ႕ေနာက္မွာ ေအာင္ျမင္ျခင္းေတြ ရွိကိုရွိတယ္ ။
ေပးဆပ္ျခင္းေတြရဲ႕ေနာက္မွာ ရယူျခင္းေတြလဲ ရွိတယ္ ။
ရံႈးနိမ့္ျခင္းေတြရဲ႕ေနာက္မွာလဲ သင္ခန္းစာေတြ ရွိတယ္ ။
အေရးၾကီးတာက မဆုတ္မနစ္ ၾကိဳးစားေနဖို႕ပဲလိုတာပါ။
ညီမေလးေရ ……. ျမဲျမဲမွတ္ထား
လိပ္ျပာ မလံုတဲ႔သူက မူမမွန္ဘူး ။ သိကၡာ မလံုတဲ႔သူက လူမဆန္ဘူး ။
ညီမေလးေရ……
ကိုယ့္ဘဝကို တန္ဖိုးထား ရခဲလွတဲ႔ လူ႔ဘဝကို ေရာက္တုန္းေလး ေကာင္းေသာ အမူအက်င့္နဲ႔ ေကာင္းေသာ စာရိတၱကို က်င့္သံုးပါ … ။
ေကာင္းေသာ အသက္ေမြးဝမ္းေက်ာင္းမႈနဲ႔ ေကာင္းေသာ ဘဝကို တည္ေဆာက္ပါ ။ ပတ္ဝန္းက်င္က မေကာင္းေျပာၾကပါေစ အခ်ိန္တန္ရင္ ပါးစပ္ပိတ္သြားလိမ့္မယ္ ။
မယ္ေဖြး
Unicode
အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်ဖို့ပါ
ညီမလေးရေ……..
လှပတဲ့ မျက်နှာ တစ်ခုက တစ်ချိန်ကျရင် အိုမင်းသွားလိမ့်မယ် …။ စွဲမက်စရာ ခန္ဓာကိုယ် ကောက်ကြောင်းတွေကလည်း တစ်ချိန်ကျရင် ပြောင်းလဲသွားပါလိမ့်မယ် … ။
ဒါပေမယ့် မိန်းမကောင်း တစ်ယောက်ကတော့ တစ်ချိန်ကျရင်လည်း မိန်းမကောင်းပါပဲ ။ ဘယ်အချိန်ပဲ ရောက်ရောက် မိန်းမကောင်းပါပဲနော် …. ။
ညီမလေးရေ ဇွဲမလျော့နဲ့ လူတွေကတော့ ညီမလေး ပြုံးနေတာထက် ညီမလေး ရှုံးနေတာ မြင်ချင်တဲ့သူက ပိုများနေတတ်တယ် … ။
အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်ဖို့
ညီမလေးရေ …… ရည်မှန်းချက်ထား
ဒေါ်အောင်ဆန်းစုကြည် ၁၂ အရွယ်ကလေးဘဝက သူရေးခဲ့တာလေး တစ်ခု ရှိတယ် ။ မျက်စေ့မမြင်သော မိန်းကလေးသည် ကြားနိုင်သေး၏။ နားမကြားသော မိန်းကလေးသည် မြင်နိုင်သေး၏။ အဝတ်မပါသော မိန်းကလေးသည် အေးမြမှုကို ခံစားနိုင်သေး၏ ။
သို့သော် ရည်မှန်းချက် မရှိသော မိန်းကလေးသည် အရူးပမာသာတည်းတဲ့ … ။
ညီမလေးရေ……..
ဘဝကို စိတ်မပျက်နဲ့ သည်းခံခြင်းတွေရဲ့နောက်မှာ အောင်မြင်ခြင်းတွေ ရှိကိုရှိတယ် ။
ပေးဆပ်ခြင်းတွေရဲ့နောက်မှာ ရယူခြင်းတွေလဲ ရှိတယ် ။
ရှုံးနိမ့်ခြင်းတွေရဲ့နောက်မှာလဲ သင်ခန်းစာတွေ ရှိတယ် ။
အရေးကြီးတာက မဆုတ်မနစ် ကြိုးစားနေဖို့ပဲလိုတာပါ။
ညီမလေးရေ ……. မြဲမြဲမှတ်ထား
လိပ်ပြာ မလုံတဲ့သူက မူမမှန်ဘူး ။ သိက္ခာ မလုံတဲ့သူက လူမဆန်ဘူး ။
ညီမလေးရေ……
ကိုယ့်ဘဝကို တန်ဖိုးထား ရခဲလှတဲ့ လူ့ဘဝကို ရောက်တုန်းလေး ကောင်းသော အမူအကျင့်နဲ့ ကောင်းသော စာရိတ္တကို ကျင့်သုံးပါ … ။
ကောင်းသော အသက်မွေးဝမ်းကျောင်းမှုနဲ့ ကောင်းသော ဘဝကို တည်ဆောက်ပါ ။ ပတ်ဝန်းကျင်က မကောင်းပြောကြပါစေ အချိန်တန်ရင် ပါးစပ်ပိတ်သွားလိမ့်မယ် ။
မယ်ဖွေး