ထိုင်မသိမ်း ! အခေါ်အဝေါ် မတိမ်းပါးစေလိုပါ
တစ်ခါက. TV Channel တစ်ခု မှာ နံမည်ကျော် ဒီဇိုင်နာ တစ်ယောက်ရဲ့ Interview တစ်ခုကြည့် လိုက်ရတယ် ~~ သူက. သူဖန်တီး တဲ့ မဂ်လာဝတ်စုံ တွေ အကြောင်း အားတက်သရော ရှင်းပြနေတာပါ… အဲ့မှာ ဘာတွေ့လိုက်ရလဲ ဆိုတော့
သတို့သမီး ဗြန့်ထဘီကြီးကိုကိုင်၊ကိုင်ပြီး ဒီ ထိုင်မသိမ်းကို စီးကွင့်တွေ နဲ့ ဘယ်လို ထိုးထားတာ ၊ တန်ဖိုးကြီး စိန်ပွင့်တွေ အလုံးရေ ဘယ်လောက်စီ ထားတာဆိုပြီး ရှင်းပြနေလေရဲ့!
ကိုယ့်မှာ စိတ်စနိုးစနောင့်ဖြစ်မိတယ် မြန်မာ့ရိုးရာ ဝတ်စုံ တစ်ထည်ရဲ့ အခေါ်အဝေါ် တစ်ခု ကို အထက်နဲ့ အောက် အကြိမ်ကြိမ်မှားပြီး ပြောနေ၊ခေါ်နေတာကိုပါ။
သူ့ ကို အပြစ်တင်လို့လဲ မရပါဘူး ၊ အခု အတော်များများ ကကို သတို့သမီး ဝတ်စုံ ၊ မဂ်လာဝတ်စုံကိုထိုင်မသိမ်းဝတ်မှာလေ၊ထိုင်မသိမ်း ဝတ်ပြီး ဆောင်မှာ! စသည့်ဖြင့် တွင်တွင်ကျယ်ကျယ်အမှားကြီး က တစ်ပြည်လုံး လိုလိုပါ ~~~
ဒါ ဆို ဘာအရေးကြီးလို့လဲ ၊ ဒီ အခေါ်အဝေါ် လေး အတွက်နဲ့ ဘာဖြစ်သွားမှာ မို့လို့လဲ တွေးကြ ၊ ပြောကြရင်တော့ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု နဲ့ ထုံးဓလေ့ အခေါ်အဝေါ် ပျောက်ပြီး နောက်ဆုံး အမှားကြီး ကို အမှန်ထင်သွားတယ်မှာ ၊
မပျောက်ကွယ် သင့်တဲ့ အမျိုးသားရေး လက္ခဏာ ရပ်တွေ မသိလိုက်ဖာသာ ပျောက်ကွယ်သွားရတော့မှာပါ~~ နံမည်ကျော် ဒီဇိုင်နာ တွေ အနေနဲ့လဲ ရိုးရာဝတ်စားဆင်ယင်မှု ဝေါဟာရ မှန်ကန်စေရေး အထူးဂရုပြုပေးကြပါလို့ မေတ္တာ ရပ်ခံပါရစေ
ကဲ … ထိုင်မသိမ်း အကြောင်းလေး ပြန်ဆက်ကြရအောင်
ထိုင်မသိမ်း ဆိုတာ မင်းသမီး ၊ ယခုခေတ် သတို့သမီး တွေ အပေါ်ဝတ်ရတဲ့ အကျီ်ကို ခေါ်ဆိုတာပါ ၊ ရတနာပုံခေတ် မတိုင်မီ ကုန်းဘောင်ခေတ်ဦး နောက်
အမရပူရ ခေတ် အထိ အမျိုးသမီး တွေ ရဲ့ အပေါ် ဝတ်အကျီ တွေဟာ သိုရင်း ၊ သင်တိုင်း သဏ္ဍန် တင်ပါးထိ ဖုံးလို့ ရှည်လျားကြပါတယ် ၊
ဒီ အခါ အဲ့အမျိုးသမီးဟာ ထိုင် လိုက်တော့မယ် ဆိုရင် ရှည်ကျနေတဲ့ အကျီ် အောက်နားစ. ကို အဝိုင်းအဝိုင်းညီအောင် သိမ်းပြီး ၊ ပြုပြင်ပြီးမှ ထိုင်ရပါတယ်
ရတနာပုံခေတ်လောက် ရောက်တဲ့ အခါမှာ အပေါ်ဝတ် သိုရင်းရှည် လို အကျီ် ကို ခါးအနီးနားတစ်ဝိုက်ထိ တိုအောင် ၊ တင်ပါး အထက်ထိ တိုအောင် ပြုပြင်ချုပ်လုပ်ဝတ်ဆင်ခဲ့ကြပါတယ် ၊
အဲ့ အပေါ်ဝတ်အကျီ်ဟာ ထိုင်လိုက်တဲ့ အခါ မှာ အနားစ သိမ်းစရာ မလိုပဲ ၊ ကိုယ်နဲ့ ချပ်ချပ်ရပ်ရပ် ရှိနေလို့ ထိုင်မသိမ်း အကျီၤလို့ ခေါ်ပါတယ်တဲ့
ရတနာပုံခေတ် က အမျိုးသမီးတွေ ဟာ ရင်စည်း ၊ ရင်ခံ အရင်ပတ်ပြီး အပေါ်က ထိုင်မသိမ်း အကျီ် ကို ထပ်မံဝတ်ဆင်ရလေ့ ရှိပါတယ် ။
ရွှေနန်းတော်အတွင်းက. မိဘုရား ၊ မင်းသမီး များ ကတာ့ ခါးသေး ၊ ရင်ချီအောင် ဂရုစိုက်ပြီး ကိုယ်ကျပ် အကျီ် ကို အနောက်တွင် ကြိုးနှစ်ဆယ့်လေးချောင်းယှက်သိုင်းထိုး ကာ ဝတ်ဆင်ပြီး ထိုင်မသိမ်း အကျီ်ကို အပေါ်က. ထပ်ဝတ်ပါတယ်။
အဲ့ ထိုင်မသိမ်းအကျီ် မှာ ရှေ့ နှစ်ခု စိတဲ့ နေရာ ၊ ဗိုက်ပြင်အနီးနား မှာ ယနေ့ခေတ် အလွယ်ခေါ်နေတဲ့ ကြေးစည် ( အမှန်က. ကရနို့ ၊ အနို့ ) နှစ်ဖက်ချ ချုပ်လုပ် တပ်ဆင်ရပါတယ်….။
အောက်က ဝတ်တာ တော့ ဗြန့်ထဘီ ပေါ့ ၊အနက်ရောင် အထက်ဆင်အပြားကြီး နှစ်ထွာခန့် ၊” အကိုယ် “ဆိုတဲ့ ချိတ်သား က တစ်တောင်လောက်သာ ရှိပါတယ် ၊
ထို ကိုယ်ထည်သား အောက်က မှ ကန်လန့်စင်း အကြောင်းလေးများကို “သာလိကာမျက်လုံး ” ခေါ်ပြီး အောက်ဆုံးကမှ ရေသီနား ဆက်ရပါတယ် ။
ဒါဟာ ရှေးမြန်မာအမျိုးသမီးတို့ရဲ့ ဝတ်စားဆင်ယင် မှု ထိုင်မသိမ်း ၊ ဗြန့််ထဘီ တို့ပါ
ဒါဆို အဲ့ခေတ်က. အမျိုးသမီးတွေ ဘယ်ပေါ့ပေါ့ပါးပါးရှိပါလဲ ၊ အိမ်နေရင်း ဘယ်လိုများ နေကြပါလိမ့် ဆိုရင်… ပွဲလမ်းသဘင်မရှိလို့ အိမ်နေရင်း အခါ ၊ ညဘက် အိပ်ရာဝင်တဲ့ အခါတွေ မှာတော့
ယနေ့ ခေတ်အခေါ် ကွင်းထမီ ၊ အဲ့ခေတ် အခေါ် ဒုံးထဘီ တွေ ဝတ်ပြီးအိပ်ကြနေကြပါတယ်၊
အပေါ်အကျီ် ကတော့ ရင်ဖုံးလက်ရှည်၊ တရုတ်ပွ ရင်ဖုံးအကျီ်များ နဲ့ နေကြ ၊ အိပ်ကြရပါတယ်။
ဒီအကြောင်းအရာ များဟာ မြတ် သိမှီလိုက်တဲ့ သက်တော်ကြီး ဆွေတော်မျိုးတော် များ ၊ ပညာရှင်များ ကို လက်လှမ်းမှီသလောက် မေးမြန်းထားတာလေးတွေပါ၊
ဒီထက် ပိုမို ပြည့်စုံအောင် အသိပညာရှင် ၊ အတတ်ပညာ ရှင် တို့ိက ဖြည့်စွက်ရေးသားဆွေးနွေးပေးကြပါ မြန်မာ့ယဉ်ကျေးမှု ထုံးဓလေ့ ဝေါဟာရ အမှန်များ ရှင်သန် မှန်ကန်စေလိုမှု ဆန္ဒ အမှန်ဖြင့်
မြတ်သခ်ငယ်( ခတ္တိယရိပ်ငြိမ် )
ဆရာတင့် Tint HtooAung
zawgyi
ထိုင္မသိမ္း ! အေခၚအေဝၚ မတိမ္းပါးေစလိုပါ
တစ္ခါက. TV Channel တစ္ခု မွာ နံမည္ေက်ာ္ ဒီဇိုင္နာ တစ္ေယာက္ရဲ႕ Interview တစ္ခုၾကည့္ လိုက္ရတယ္ ~~ သူက. သူဖန္တီး တဲ့ မဂ္လာဝတ္စုံ ေတြ အေၾကာင္း အားတက္သေရာ ရွင္းျပေနတာပါ… အဲ့မွာ ဘာေတြ႕လိုက္ရလဲ ဆိုေတာ့
သတို႔သမီး ျဗန႔္ထဘီႀကီးကိုကိုင္၊ကိုင္ၿပီး ဒီ ထိုင္မသိမ္းကို စီးကြင့္ေတြ နဲ႔ ဘယ္လို ထိုးထားတာ ၊ တန္ဖိုးႀကီး စိန္ပြင့္ေတြ အလုံးေရ ဘယ္ေလာက္စီ ထားတာဆိုၿပီး ရွင္းျပေနေလရဲ႕!
ကိုယ့္မွာ စိတ္စႏိုးစေနာင့္ျဖစ္မိတယ္ ျမန္မာ့႐ိုးရာ ဝတ္စုံ တစ္ထည္ရဲ႕ အေခၚအေဝၚ တစ္ခု ကို အထက္နဲ႔ ေအာက္ အႀကိမ္ႀကိမ္မွားၿပီး ေျပာေန၊ေခၚေနတာကိုပါ။
သူ႔ ကို အျပစ္တင္လို႔လဲ မရပါဘူး ၊ အခု အေတာ္မ်ားမ်ား ကကို သတို႔သမီး ဝတ္စုံ ၊ မဂ္လာဝတ္စုံကိုထိုင္မသိမ္းဝတ္မွာေလ၊ထိုင္မသိမ္း ဝတ္ၿပီး ေဆာင္မွာ! စသည့္ျဖင့္ တြင္တြင္က်ယ္က်ယ္အမွားႀကီး က တစ္ျပည္လုံး လိုလိုပါ ~~~
ဒါ ဆို ဘာအေရးႀကီးလို႔လဲ ၊ ဒီ အေခၚအေဝၚ ေလး အတြက္နဲ႔ ဘာျဖစ္သြားမွာ မို႔လို႔လဲ ေတြးၾက ၊ ေျပာၾကရင္ေတာ့ ျမန္မာတို႔ရဲ႕ ႐ိုးရာယဥ္ေက်းမႈ နဲ႔ ထုံးဓေလ့ အေခၚအေဝၚ ေပ်ာက္ၿပီး ေနာက္ဆုံး အမွားႀကီး ကို အမွန္ထင္သြားတယ္မွာ ၊
မေပ်ာက္ကြယ္ သင့္တဲ့ အမ်ိဳးသားေရး လကၡဏာ ရပ္ေတြ မသိလိုက္ဖာသာ ေပ်ာက္ကြယ္သြားရေတာ့မွာပါ~~ နံမည္ေက်ာ္ ဒီဇိုင္နာ ေတြ အေနနဲ႔လဲ ႐ိုးရာဝတ္စားဆင္ယင္မႈ ေဝါဟာရ မွန္ကန္ေစေရး အထူးဂ႐ုျပဳေပးၾကပါလို႔ ေမတၱာ ရပ္ခံပါရေစ
ကဲ … ထိုင္မသိမ္း အေၾကာင္းေလး ျပန္ဆက္ၾကရေအာင္
ထိုင္မသိမ္း ဆိုတာ မင္းသမီး ၊ ယခုေခတ္ သတို႔သမီး ေတြ အေပၚဝတ္ရတဲ့ အက်ီ္ကို ေခၚဆိုတာပါ ၊ ရတနာပုံေခတ္ မတိုင္မီ ကုန္းေဘာင္ေခတ္ဦး ေနာက္
အမရပူရ ေခတ္ အထိ အမ်ိဳးသမီး ေတြ ရဲ႕ အေပၚ ဝတ္အက်ီ ေတြဟာ သိုရင္း ၊ သင္တိုင္း သ႑န္ တင္ပါးထိ ဖုံးလို႔ ရွည္လ်ားၾကပါတယ္ ၊
ဒီ အခါ အဲ့အမ်ိဳးသမီးဟာ ထိုင္ လိုက္ေတာ့မယ္ ဆိုရင္ ရွည္က်ေနတဲ့ အက်ီ္ ေအာက္နားစ. ကို အဝိုင္းအဝိုင္းညီေအာင္ သိမ္းၿပီး ၊ ျပဳျပင္ၿပီးမွ ထိုင္ရပါတယ္
ရတနာပုံေခတ္ေလာက္ ေရာက္တဲ့ အခါမွာ အေပၚဝတ္ သိုရင္းရွည္ လို အက်ီ္ ကို ခါးအနီးနားတစ္ဝိုက္ထိ တိုေအာင္ ၊ တင္ပါး အထက္ထိ တိုေအာင္ ျပဳျပင္ခ်ဳပ္လုပ္ဝတ္ဆင္ခဲ့ၾကပါတယ္ ၊
အဲ့ အေပၚဝတ္အက်ီ္ဟာ ထိုင္လိုက္တဲ့ အခါ မွာ အနားစ သိမ္းစရာ မလိုပဲ ၊ ကိုယ္နဲ႔ ခ်ပ္ခ်ပ္ရပ္ရပ္ ရွိေနလို႔ ထိုင္မသိမ္း အက်ီလႋု႔ ေခၚပါတယ္တဲ့
ရတနာပုံေခတ္ က အမ်ိဳးသမီးေတြ ဟာ ရင္စည္း ၊ ရင္ခံ အရင္ပတ္ၿပီး အေပၚက ထိုင္မသိမ္း အက်ီ္ ကို ထပ္မံဝတ္ဆင္ရေလ့ ရွိပါတယ္ ။
ေ႐ႊနန္းေတာ္အတြင္းက. မိဘုရား ၊ မင္းသမီး မ်ား ကတာ့ ခါးေသး ၊ ရင္ခ်ီေအာင္ ဂ႐ုစိုက္ၿပီး ကိုယ္က်ပ္ အက်ီ္ ကို အေနာက္တြင္ ႀကိဳးႏွစ္ဆယ့္ေလးေခ်ာင္းယွက္သိုင္းထိုး ကာ ဝတ္ဆင္ၿပီး ထိုင္မသိမ္း အက်ီ္ကို အေပၚက. ထပ္ဝတ္ပါတယ္။
အဲ့ ထိုင္မသိမ္းအက်ီ္ မွာ ေရွ႕ ႏွစ္ခု စိတဲ့ ေနရာ ၊ ဗိုက္ျပင္အနီးနား မွာ ယေန႔ေခတ္ အလြယ္ေခၚေနတဲ့ ေၾကးစည္ ( အမွန္က. ကရႏို႔ ၊ အႏို႔ ) ႏွစ္ဖက္ခ် ခ်ဳပ္လုပ္ တပ္ဆင္ရပါတယ္….။
ေအာက္က ဝတ္တာ ေတာ့ ျဗန႔္ထဘီ ေပါ့ ၊အနက္ေရာင္ အထက္ဆင္အျပားႀကီး ႏွစ္ထြာခန႔္ ၊” အကိုယ္ “ဆိုတဲ့ ခ်ိတ္သား က တစ္ေတာင္ေလာက္သာ ရွိပါတယ္ ၊
ထို ကိုယ္ထည္သား ေအာက္က မွ ကန္လန႔္စင္း အေၾကာင္းေလးမ်ားကို “သာလိကာမ်က္လုံး ” ေခၚၿပီး ေအာက္ဆုံးကမွ ေရသီနား ဆက္ရပါတယ္ ။
ဒါဟာ ေရွးျမန္မာအမ်ိဳးသမီးတို႔ရဲ႕ ဝတ္စားဆင္ယင္ မႈ ထိုင္မသိမ္း ၊ ျဗန္႔္ထဘီ တို႔ပါ
ဒါဆို အဲ့ေခတ္က. အမ်ိဳးသမီးေတြ ဘယ္ေပါ့ေပါ့ပါးပါးရွိပါလဲ ၊ အိမ္ေနရင္း ဘယ္လိုမ်ား ေနၾကပါလိမ့္ ဆိုရင္… ပြဲလမ္းသဘင္မရွိလို႔ အိမ္ေနရင္း အခါ ၊ ညဘက္ အိပ္ရာဝင္တဲ့ အခါေတြ မွာေတာ့
ယေန႔ ေခတ္အေခၚ ကြင္းထမီ ၊ အဲ့ေခတ္ အေခၚ ဒုံးထဘီ ေတြ ဝတ္ၿပီးအိပ္ၾကေနၾကပါတယ္၊
အေပၚအက်ီ္ ကေတာ့ ရင္ဖုံးလက္ရွည္၊ တ႐ုတ္ပြ ရင္ဖုံးအက်ီ္မ်ား နဲ႔ ေနၾက ၊ အိပ္ၾကရပါတယ္။
ဒီအေၾကာင္းအရာ မ်ားဟာ ျမတ္ သိမွီလိုက္တဲ့ သက္ေတာ္ႀကီး ေဆြေတာ္မ်ိဳးေတာ္ မ်ား ၊ ပညာရွင္မ်ား ကို လက္လွမ္းမွီသေလာက္ ေမးျမန္းထားတာေလးေတြပါ၊
ဒီထက္ ပိုမို ျပည့္စုံေအာင္ အသိပညာရွင္ ၊ အတတ္ပညာ ရွင္ တို႔ိက ျဖည့္စြက္ေရးသားေဆြးေႏြးေပးၾကပါ ျမန္မာ့ယဥ္ေက်းမႈ ထုံးဓေလ့ ေဝါဟာရ အမွန္မ်ား ရွင္သန္ မွန္ကန္ေစလိုမႈ ဆႏၵ အမွန္ျဖင့္
ျမတ္သခ္ငယ္( ခတၱိယရိပ္ၿငိမ္ )
ဆရာတင့္ Tint HtooAung