ၾကားသိရသမွ်

ေမတၱာတရားေတြနဲ႔ ေမတၱာကုန္ကားႀကီး လာပါေတာ့မည္။

မေတ္တာတရားတွေနဲ့ မေတ္တာကုန်ကားကြီး လာပါတော့မည်။

ပင်းတယက ဓနုတိုင်းရင်းသားတွေရဲ့ ကျွန်တော့်အပေါ်ထားတဲ့ သံယောဇဉ်။

ဓနုမြေမှ ခွဲခွါခဲ့ရပေမယ့် သတိတရ လွမ်းဆွတ်စွာ မေတ္တာလက်ဆောင် ကုန်ကားကြီး တစ်စီး ပုသိမ်မြို့ကို ရောက်ရှိလာပါတော့မည်။

ဒီနှစ် c 0 v i d နှိပ်စက်လို့ ဓနုတောင်သူတွေမှာ စီးပွားပျက်ခဲ့ရပါသည်။

ဂေါ်ဖီတစ်ထုပ် (၇၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ (၁၅၀)ကျပ် တရုတ်ကိုလည်း တင်မရ၊ ကုန်စည်စီးဆင်းမှုတွေက ရပ်ဆိုင်း။နောက်ဆုံးတော့ အခင်းတွေ အခင်းတွေမှာ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးတွေ ပုံလို့။

ခူးရင် ခူးခ ထပ်ကုန်မည်။ သွားပို့ရင် ကားခ ထပ်ကုန်မည်။ ရောင်းရငွေက အလုပ်သမားခပင် မရတော့။

ဒီအဖြစ်မျိုးကို ကျွန်တော် ပင်းတယမှာ နေစဉ်ကတည်းက သူတို့ မကြာခဏ ကြုံခဲ့ကြဖူးသည်။

နောက်ဆုံးမှာ တောင်သူတွေခမျာ တစ်နှစ်တာ အပင်ပန်းခံ စိုက်ထားသော ကုန်စည်တွေကို နောက်တစ်ရာသီ ပြန်စိုက်ရအောင် ရင်နာနာနှင့် ထယ်ထိုးပစ်လိုက်ရရှာပါတော့သည်။

ဒီလိုနှစ်မျိုးဆို အကြွေးတွေဝိုင်းလို့၊ သူတို့ ဒုက္ခ ပင်လယ်ဝေကြတော့သည်။

သည်နှစ်တော့ ပင်းတယ ပရဟိတအဖွဲ့များက အကြံတစ်ခု ရသည်။

အခင်းထဲက သီးနှံတွေကို ပေါက်စျေးအတိုင်း ၀ယ်သည်။ ကားခကို သူတို့ အလှူခံသည်။ ထိုအသီးအနှံတွေကို လိုအပ်နေသော နေရာတွေကို လိုက်လှူပေးသည်။ အစီအစဉ်လေးနာမည်က “ တောင်သူကိုကူ ပြည်သူကိုလှူ”တဲ့။

တောင်သူတွေလည်း သူတို့သီးနှံတွေ မပစ်ရတော့။ တကယ်လိုသူတွေ လက်ထဲကိုလည်း အရောက်လာလှူနိုင်ကြသည်။ ကားခကိုတော့ အလှူရှင်တွေက ဝိုင်းထည့်။ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း ဘယ်လောက်လှလိုက်တဲ့ စိတ်သဘောထားတွေပါလဲ။

သည်လိုနှင့် ကုန်ကားတွေ ရန်ကုန်ကိုရောက်လာသည်။ နတ်မောက်ကို ရောက်လာသည်။ အခြေခံ လူတန်းစားတွေကို အခမဲ့ ပေးသည်။

ဟော အခု သည်ကုန်ကားကြီးတစ်စီး ပုသိမ်ကို သဘက်ခါ မနက် (၂၇.၅.၂၀၂၀) မနက် ရောက်လာပါတော့မည်။

ဘာတွေ ပါလာမှာလဲ။

ဂေါ်ဖီထုပ် ခြောက်ထောင်၊ ခရမ်းချဉ်သီး ၆၅၀ ပိဿာ၊ မုန်လာဥနီ ပိဿာ ၁၀၀၊ ဂျူးမြစ် ပိဿာ ၁၅၀၊ ပိန္နဲသီးနု ၂၀၀၊ လက်ဖက်နှပ်ပြီးသား အထုတ်(၁၆၀)၊

ကြက်သွန်ဖြူ ၁၅ ပိဿာ၊ ကြက်သွန်နီ ၃၅၀ ပိဿာ၊ အာလူး ၂၀၀ ပိဿာ၊ လက်ဖက်ခြောက် တစ်ပုံး၊ ငရုတ်သီးစိမ်း ပိဿာ (၂၀)။

ဒါတွေကို ကျွန်တော့်ထံ သူတို့ အရောက်ပို့ပါတော့မည်။ စီစဉ်ပေးပါသော တောင်ပေါ်ကြီး ရေကြည်စမ်းပညာဒါနက အရှင်ဒေါက်တာသုမနနှင့်တပည့် တပန်းများ၊

ပင်းတယ လက်ဖက်စက်၀န်းက မမွှေး(နန်းသရဖူတင့်)နှင့် အဖွဲ့သားများ၊ သီးနှံအလှူရှင်တောင်သူများကို ကျေးဇူးအထူးတင်လှပါသည်။

မနေ့က အဘယသီဝံဆ၇ာတော်နှင့် တွေ့ဆုံသည်။ ဒီနေ့ ကုန်စည်ဒိုင်တွေ ပရဟိတအဖွဲ့တွေနှင့် တွေ့ဆုံသည်။

ဆရာတော်၏ လမ်းညွှန်မှုနှင့်အညီကျွန်တော်ထံ လှူလိုက်သော ကုန်စည်များကို ဆေးရုံ၀န်ထမ်းများကို ဝေမည်။ မိဘမဲ့ ကျောင်း (၄)ကျောင်းနှင့် ဘိုးဘွားရိပ်သာကို ဝေမည်။

သီလရှင်စာသင်တိုက်ကို ဝေမည်။ စာသင်တိုက်ကြီး ဆယ်တိုက်ကို လိုက်လှူလိုက်ဦးမည်။ ပြီးတော့ ပုသိမ်မြို့၏ အခြေခံ လူတန်းစားများ နေထိုင်ရာ ရပ်ကွက်တစ်ချို့ကို လိုက်လံ ဝေငှ လိုက်ဦးမည်။

ဓနုတိုင်းရင်းသားများ မေတ္တာနှင့် ပေးသော အသီးအနှံများကို ကုသိုလ်လည်းရအောင်၊ တကယ်လိုသည့်နေရာတွေလည်း ရောက်အောင် အဘယသီဝံဆရာတော်နှင့် ပရဟိတအဖွဲ့များ၊ ကျန်းမာရေး ၀န်ထမ်းများက ဆောင်ရွက်ပေးကြပါမည်။

ဒီသတင်းကြားတော့ ပုသိမ်မြို့ပေါ်က ဦးတင်လှ+ဒေါ်ခင်မေသီ (ရွှေတိုက်ဆန်ကြာဇံ)က မြို့ပေါ်ကျောင်းတိုက်ကြီးများမှ သံဃာတော်များ၊ သီလရှင်များ အတွက် ဆန်ကြာဇံတွေ ထပ် လှူလိုက်ပြန်သည်။

ဦးဖိုးထောင်+ဒေါ်ကျင်အေး (ရွှေပျားတံဆိပ် ပဲငံပြာရည် ငရုပ်ဆီ)ကလည်း စာသင်တိုက်ကြီးတွေကို ပဲငံပြာရည်နှင့် ငရုတ်ဆီများ ထပ်မံ လှူဒါန်းလိုက်ကြပြန်သည်။ ကောင်းလေစွ။

ကျွန်တော့်ကို ချစ်သော၊ ကျွန်တော်က ချစ်သော ဓနုတိုင်းရင်းသားတို့၏ မေတ္တာသည် ရှမ်းတောင်တန်းကြီးဆီမှသည် ဧရာ၀တီထိ စီးဆင်းလာခဲ့ပါပြီ။

မေတ္တာဆိုသည်မှာ နယ်မြေအကန့်အသတ်မရှိ၊ ဘယ်လောက်ဝေးဝေး နီးနီးလေးပါလေ။

တောင်သူကိုကူ ပြည်သူကိုလှူရင်း ညီတူစိတ်ထားများဖြင့် ပြည်ထောင်စုကြီးကို အလှဆုံး ဖန်တီးကြစေချင်ပါသည်။

မေတ္တာတရားနှင့် ပြည်ထောင်စုကို ညီနောင်တစ်စုတို့က တည်ထောင်ပြုကြရပါဦးမည်။

Dr Than Min Htut

zawgyi

ေမတၱာတရားေတြနဲ႔ ေမတၱာကုန္ကားႀကီး လာပါေတာ့မည္။

ပင္းတယက ဓႏုတိုင္းရင္းသားေတြရဲ့ ကၽြန္ေတာ့္အေပၚထားတဲ့ သံေယာဇဥ္။

ဓႏုေျမမွ ခြဲခြါခဲ့ရေပမယ့္ သတိတရ လြမ္းဆြတ္စြာ ေမတၱာလက္ေဆာင္ ကုန္ကားႀကီး တစ္စီး ပုသိမ္ၿမိဳ႕ကို ေရာက္ရွိလာပါေတာ့မည္။

ဒီႏွစ္ c 0 v i d ႏွိပ္စက္လို႔ ဓႏုေတာင္သူေတြမွာ စီးပြားပ်က္ခဲ့ရပါသည္။

ေဂၚဖီတစ္ထုပ္ (၇၀)က်ပ္၊ ခရမ္းခ်ဥ္သီး တစ္ပိႆာ (၁၅၀)က်ပ္ တ႐ုတ္ကိုလည္း တင္မရ၊ ကုန္စည္စီးဆင္းမႈေတြက ရပ္ဆိုင္း။ေနာက္ဆုံးေတာ့ အခင္းေတြ အခင္းေတြမွာ ေဂၚဖီထုပ္၊ ခရမ္းခ်ဥ္သီးေတြ ပုံလို႔။

ခူးရင္ ခူးခ ထပ္ကုန္မည္။ သြားပို႔ရင္ ကားခ ထပ္ကုန္မည္။ ေရာင္းရေငြက အလုပ္သမားခပင္ မရေတာ့။

ဒီအျဖစ္မ်ိဳးကို ကၽြန္ေတာ္ ပင္းတယမွာ ေနစဥ္ကတည္းက သူတို႔ မၾကာခဏ ၾကဳံခဲ့ၾကဖူးသည္။

ေနာက္ဆုံးမွာ ေတာင္သူေတြခမ်ာ တစ္ႏွစ္တာ အပင္ပန္းခံ စိုက္ထားေသာ ကုန္စည္ေတြကို ေနာက္တစ္ရာသီ ျပန္စိုက္ရေအာင္ ရင္နာနာႏွင့္ ထယ္ထိုးပစ္လိုက္ရရွာပါေတာ့သည္။

ဒီလိုႏွစ္မ်ိဳးဆို အေႂကြးေတြဝိုင္းလို႔၊ သူတို႔ ဒုကၡ ပင္လယ္ေဝၾကေတာ့သည္။

သည္ႏွစ္ေတာ့ ပင္းတယ ပရဟိတအဖြဲ႕မ်ားက အႀကံတစ္ခု ရသည္။

အခင္းထဲက သီးႏွံေတြကို ေပါက္ေစ်းအတိုင္း ၀ယ္သည္။ ကားခကို သူတို႔ အလႉခံသည္။ ထိုအသီးအႏွံေတြကို လိုအပ္ေနေသာ ေနရာေတြကို လိုက္လႉေပးသည္။ အစီအစဥ္ေလးနာမည္က “ ေတာင္သူကိုကူ ျပည္သူကိုလႉ”တဲ့။

ေတာင္သူေတြလည္း သူတို႔သီးႏွံေတြ မပစ္ရေတာ့။ တကယ္လိုသူေတြ လက္ထဲကိုလည္း အေရာက္လာလႉနိုင္ၾကသည္။ ကားခကိုေတာ့ အလႉရွင္ေတြက ဝိုင္းထည့္။ ျမန္မာ့စိတ္ရင္း ျမန္မာ့ရႈခင္း ဘယ္ေလာက္လွလိုက္တဲ့ စိတ္သေဘာထားေတြပါလဲ။

သည္လိုႏွင့္ ကုန္ကားေတြ ရန္ကုန္ကိုေရာက္လာသည္။ နတ္ေမာက္ကို ေရာက္လာသည္။ အေျခခံ လူတန္းစားေတြကို အခမဲ့ ေပးသည္။

ေဟာ အခု သည္ကုန္ကားႀကီးတစ္စီး ပုသိမ္ကို သဘက္ခါ မနက္ (၂၇.၅.၂၀၂၀) မနက္ ေရာက္လာပါေတာ့မည္။

ဘာေတြ ပါလာမွာလဲ။

ေဂၚဖီထုပ္ ေျခာက္ေထာင္၊ ခရမ္းခ်ဥ္သီး ၆၅၀ ပိႆာ၊ မုန္လာဥနီ ပိႆာ ၁၀၀၊ ဂ်ဴးျမစ္ ပိႆာ ၁၅၀၊ ပိႏၷဲသီးႏု ၂၀၀၊ လက္ဖက္ႏွပ္ၿပီးသား အထုတ္(၁၆၀)၊

ၾကက္သြန္ျဖဴ ၁၅ ပိႆာ၊ ၾကက္သြန္နီ ၃၅၀ ပိႆာ၊ အာလူး ၂၀၀ ပိႆာ၊ လက္ဖက္ေျခာက္ တစ္ပုံး၊ င႐ုတ္သီးစိမ္း ပိႆာ (၂၀)။

ဒါေတြကို ကၽြန္ေတာ့္ထံ သူတို႔ အေရာက္ပို႔ပါေတာ့မည္။ စီစဥ္ေပးပါေသာ ေတာင္ေပၚႀကီး ေရၾကည္စမ္းပညာဒါနက အရွင္ေဒါက္တာသုမနႏွင့္တပည့္ တပန္းမ်ား၊

ပင္းတယ လက္ဖက္စက္၀န္းက မေမႊး(နန္းသရဖူတင့္)ႏွင့္ အဖြဲ႕သားမ်ား၊ သီးႏွံအလႉရွင္ေတာင္သူမ်ားကို ေက်းဇူးအထူးတင္လွပါသည္။

မေန႔က အဘယသီဝံဆ၇ာေတာ္ႏွင့္ ေတြ႕ဆုံသည္။ ဒီေန႔ ကုန္စည္ဒိုင္ေတြ ပရဟိတအဖြဲ႕ေတြႏွင့္ ေတြ႕ဆုံသည္။

ဆရာေတာ္၏ လမ္းညႊန္မႈႏွင့္အညီကၽြန္ေတာ္ထံ လႉလိုက္ေသာ ကုန္စည္မ်ားကို ေဆး႐ုံ၀န္ထမ္းမ်ားကို ေဝမည္။ မိဘမဲ့ ေက်ာင္း (၄)ေက်ာင္းႏွင့္ ဘိုးဘြားရိပ္သာကို ေဝမည္။

သီလရွင္စာသင္တိုက္ကို ေဝမည္။ စာသင္တိုက္ႀကီး ဆယ္တိုက္ကို လိုက္လႉလိုက္ဦးမည္။ ၿပီးေတာ့ ပုသိမ္ၿမိဳ႕၏ အေျခခံ လူတန္းစားမ်ား ေနထိုင္ရာ ရပ္ကြက္တစ္ခ်ိဳ႕ကို လိုက္လံ ေဝငွ လိုက္ဦးမည္။

ဓႏုတိုင္းရင္းသားမ်ား ေမတၱာႏွင့္ ေပးေသာ အသီးအႏွံမ်ားကို ကုသိုလ္လည္းရေအာင္၊ တကယ္လိုသည့္ေနရာေတြလည္း ေရာက္ေအာင္ အဘယသီဝံဆရာေတာ္ႏွင့္ ပရဟိတအဖြဲ႕မ်ား၊ က်န္းမာေရး ၀န္ထမ္းမ်ားက ေဆာင္ရြက္ေပးၾကပါမည္။

ဒီသတင္းၾကားေတာ့ ပုသိမ္ၿမိဳ႕ေပၚက ဦးတင္လွ+ေဒၚခင္ေမသီ (ေရႊတိုက္ဆန္ၾကာဇံ)က ၿမိဳ႕ေပၚေက်ာင္းတိုက္ႀကီးမ်ားမွ သံဃာေတာ္မ်ား၊ သီလရွင္မ်ား အတြက္ ဆန္ၾကာဇံေတြ ထပ္ လႉလိုက္ျပန္သည္။

ဦးဖိုးေထာင္+ေဒၚက်င္ေအး (ေရႊပ်ားတံဆိပ္ ပဲငံျပာရည္ င႐ုပ္ဆီ)ကလည္း စာသင္တိုက္ႀကီးေတြကို ပဲငံျပာရည္ႏွင့္ င႐ုတ္ဆီမ်ား ထပ္မံ လႉဒါန္းလိုက္ၾကျပန္သည္။ ေကာင္းေလစြ။

ကၽြန္ေတာ့္ကို ခ်စ္ေသာ၊ ကၽြန္ေတာ္က ခ်စ္ေသာ ဓႏုတိုင္းရင္းသားတို႔၏ ေမတၱာသည္ ရွမ္းေတာင္တန္းႀကီးဆီမွသည္ ဧရာ၀တီထိ စီးဆင္းလာခဲ့ပါၿပီ။

ေမတၱာဆိုသည္မွာ နယ္ေျမအကန္႔အသတ္မရွိ၊ ဘယ္ေလာက္ေဝးေဝး နီးနီးေလးပါေလ။

ေတာင္သူကိုကူ ျပည္သူကိုလႉရင္း ညီတူစိတ္ထားမ်ားျဖင့္ ျပည္ေထာင္စုႀကီးကို အလွဆုံး ဖန္တီးၾကေစခ်င္ပါသည္။

ေမတၱာတရားႏွင့္ ျပည္ေထာင္စုကို ညီေနာင္တစ္စုတို႔က တည္ေထာင္ျပဳၾကရပါဦးမည္။

Dr Than Min Htut