နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်မည့် ဆေးနည်းလေး
မြန်မာဆေးအိပ်ပျော်စေသောဆေးနည်း-
အိပ်ဆေးအနေနဲ့ သီးခြားဖော်စပ် သုံးလိုသူများအတွက်တော့ အစိုးရ တိုင်းရင်းဆေးကောင်စီဝင် ဆရာကြီး ဦးဉာဏ်လွင်ရဲ့ ဆေးနည်းကို ဆရာကြီးခွင့်ပြုချက်အရ ပြောပြပါ့မယ်။
အဲဒီဆေးနဲ့ ရန်ကုန်မြို့ စိတ်ရောဂါကုဆေးရုံကအရက်ဖြတ်လူနာများ ကောင်းကောင်း အိပ်စက်နိုင်ရေးအတွက် သုတေသနပြုသုံးစွဲကြည့်ရာမှာ အလားအလာ အင်မတန် ကောင်းမွန်ကြောင်း တွေ့ရပါတယ်။
အဲဒီသုတေသန တွေ့ရှိချက္များကိုလည်း ၁၉၉ဝပြည့်နှစ် ဒီဇင်ဘာလကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ဆေးသုတေသန ညီလာခံ စာတမ်းဖတ်ပွဲမှာ ဖတ်ကြားတင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။ ဆေးနည်းကတော့ အခုလို ဖြစ်ပါတယ်။
တောင်ကြာဥအရင့် ၁ပိသာ
ဘုမ္မရာဇာအမြစ် ၁၂ ကျပ်သား
ဒန့်ကျွဲရွက်၂၀ ကျပ်သား –
မဲဇလီမြစ် ၁၂ ကျပ်သား
ကြာဝတ်ဆံ၂ ကျပ်သား
ကြာညှောက် ၁၂ ကျပ်သား
ကံကော်ဝတ်ဆံ၂၀ ကျပ်သား
ဆီးစေ့အဆံ၂၀ ကျပ်သား တို့ဖြစ်ပါတယ်။
တောင်ကြာဥမှာ ကြက်သွေးရောင်နဲ့ အဝါရောင် နှစ်မျိုး ရှိပါတယ်။အဝါရောင်ကို သုံးရန်ပဲ ဖြစ်ပါတယ်။
ကြာညောက် ဆိုတာကတော့ ကြာစေ့အရင့်ကို ခွဲလိုက်တဲ့အခါ အစေ့ရွက်နှစ်ခုကြားက အမြစ်ဖြစ်လာမယ့် အညှောက်ကလေးကို ဆိုလိုပါတယ်။
ဆီးစေ့အဆံကတော့ မြန်မာဆီးသီးအစေ့ကို ခွဲလိုက်လို့ အတွင်းမှာတွေ့ရတဲ့ အဆံကလေးတွေကို ဆိုလိုပါတယ်။ ဆေးတစ်ဖုံစာဖော်ရမှာ မတတ်နိုင်ရင်လည်း အဖုံဝက်စာ အချိုးကျ ဖော်စားလို့ ရပါတယ်။
ဆေးမယ်တွေ အားလုံး စုပြီးတဲ့နောက် အမှုန့်ပြုပါ။ အဲဒီဆေးမှုန့် အတိုင်းသောက်ရင်လည်း ရပါတယ်။ ဆေးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို နွားနို့ ဒါမှမဟုတ် ပျားရည်နဲ့ အိပ်ရာဝင် သောက်ပေးပါ။
ဆေးမှုန့်က ခါးတဲ့အရသာရှိပါတယ်။ ဆေးကြောက်သူတွေ အဖို့တော့ ပျားရည်နဲ့ ဆီးကင်းလောက်အလုံးလေးတွေ လုံးပြီး သောက်နိုင်ပါတယ်။
ဒီဆေးဟာ သာမန်အိပ်မပျော်မှုကိုသာမက နှစ်ရှည်လများ စွဲကပ်နေတဲ့ အိပ်မပျော်ရောဂါတွေတောင်ပျောက်ကင်းစေပါတယ်။ အနောက်တိုင်း အိပ်ဆေးများလို နောက်ကစ်နေ့ အိပ်ရာထမှာ နုံးမနေဘဲ၊ အိပ်ရာထပြီးတဲ့နောက် စိတ်ရွှင်လန်း ပေါ့ပါးစေပါတယ်။
အိပ်မပျော်သူတွေဟာ အစားအသောက် အနေနဲ့ကတော့ အပူအစပ်တွေ၊ မဆလာတွေ ရှောင်ရပါမယ်။
လက်ဖက်သုပ်၊ လက်ဖက်ရည်၊ ကော်ဖီတို့ကို နေ ညဘက္မသောက်ဘဲ ကျွဲနို့၊ နွားနို့ သောက်ပေးပါ။
အိပ်ရာဝင်ခါနီးမှာ အစာတွေ တနင့်တပိုး မစားသင့်ပါဘူး။ လူကြီးတွေအဖို့တော့ အနှိပ်ခံတာလည်း ကောင်းပါတယ်။ အညောင်းအထိုင်များတဲ့ ပုဂ္ဂိုလ်တွေအဖို့တော့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု လုပ်ပေးပါ။
ဝမ်းမချုပ်အောင်လည်း ဂရုပြုပါ။ မနက်စောစောနဲ့ ညနေခင်းမှာ လမ်းနည်းနည်း လျှောက်ပေးပါ..။ အလုပ်ထဲက အပူအပင်တွေသောကတွေ၊ ဒေါမနဿတွေ အိမ်ကို သယ်မလာဘဲ အိမ်ကမိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေပါ။
ယခု ကျွန်တော် တင်ပြခဲ့တဲ့အတိုင်း အာရုံ၊ နေရာ၊ ဆေး၊ အစာတို့ ကို ပြုပြင်ကျင့်သုံး မှီဝဲတာနဲ့ အမျှ အိပ်မပျော်တဲ့ဘေးကကင်းဝေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ပါလိမ့်မယ် ဆိုတဲ့အကြောင်းတင်ပြလိုက်ပါတယ်။
လက်တွေ့ အသုံးချကြည့်တဲ့အခါ ကောင်းမွန်သောဆေးကောင်း ဖြစ်တာကြောင့်ပြန်လည်မျှဝေ လိုက်ရခြင်းသာဖြစ်ပါသည်။
ဤဆေးကို တစ်နေ့ ၄ကြိမ် ၅ကြိမ် တက်နေသော ကလေးအတွက်သာ ဆေးဖေါ်ပေးရခြင်းသာဖြစ်ပါသည်။ဆေးဖေါ်မရောင်ပါ။
ဦးဝင်းမြင့် နေပြည်တော်
ဒေါက်တာအောင်နိုင်(ဆေးသုတေသန)စာအုပ်မှ ကောင်းနုတ်
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစနိုင္မည့္ ေဆးနည္းေလး
ျမန္မာေဆးအိပ္ေပ်ာ္ေစေသာေဆးနည္း –
အိပ္ေဆးအေနနဲ႔ သီးျခားေဖာ္စပ္ သုံးလိုသူမ်ားအတြက္ေတာ့ အစိုးရ တိုင္းရင္းေဆးေကာင္စီဝင္ ဆရာႀကီး ဦးဉာဏ္လြင္ရဲ့ ေဆးနည္းကို ဆရာႀကီးခြင့္ျပဳခ်က္အရ ေျပာျပပါ့မယ္။
အဲဒီေဆးနဲ႔ ရန္ကုန္ၿမိဳ႕ စိတ္ေရာဂါကုေဆး႐ုံကအရက္ျဖတ္လူနာမ်ား ေကာင္းေကာင္း အိပ္စက္နိုင္ေရးအတြက္ သုေတသနျပဳသုံးစြဲၾကည့္ရာမွာ အလားအလာ အင္မတန္ ေကာင္းမြန္ေၾကာင္း ေတြ႕ရပါတယ္။
အဲဒီသုေတသန ေတြ႕ရွိခ်ကၼ်ားကိုလည္း ၁၉၉ဝျပည့္ႏွစ္ ဒီဇင္ဘာလက်င္းပခဲ့တဲ့ ျမန္မာနိုင္ငံ ေဆးသုေတသန ညီလာခံ စာတမ္းဖတ္ပြဲမွာ ဖတ္ၾကားတင္သြင္းခဲ့ၿပီး ျဖစ္ပါတယ္။ ေဆးနည္းကေတာ့ အခုလို ျဖစ္ပါတယ္။
ေတာင္ၾကာဥအရင့္ ၁ပိသာ
ဘုမၼရာဇာအျမစ္ ၁၂ က်ပ္သား
ဒန႔္ကၽြဲရြက္၂၀ က်ပ္သား –
မဲဇလီျမစ္ ၁၂ က်ပ္သား
ၾကာဝတ္ဆံ၂ က်ပ္သား
ၾကာေညႇာက္ ၁၂ က်ပ္သား
ကံေကာ္ဝတ္ဆံ၂၀ က်ပ္သား
ဆီးေစ့အဆံ၂၀ က်ပ္သား တို႔ျဖစ္ပါတယ္။
ေတာင္ၾကာဥမွာ ၾကက္ေသြးေရာင္နဲ႔ အဝါေရာင္ ႏွစ္မ်ိဳး ရွိပါတယ္။အဝါေရာင္ကို သုံးရန္ပဲ ျဖစ္ပါတယ္။
ၾကာေညာက္ ဆိုတာကေတာ့ ၾကာေစ့အရင့္ကို ခြဲလိုက္တဲ့အခါ အေစ့ရြက္ႏွစ္ခုၾကားက အျမစ္ျဖစ္လာမယ့္ အေညႇာက္ကေလးကို ဆိုလိုပါတယ္။
ဆီးေစ့အဆံကေတာ့ ျမန္မာဆီးသီးအေစ့ကို ခြဲလိုက္လို႔ အတြင္းမွာေတြ႕ရတဲ့ အဆံကေလးေတြကို ဆိုလိုပါတယ္။ ေဆးတစ္ဖုံစာေဖာ္ရမွာ မတတ္နိုင္ရင္လည္း အဖုံဝက္စာ အခ်ိဳးက် ေဖာ္စားလို႔ ရပါတယ္။
ေဆးမယ္ေတြ အားလုံး စုၿပီးတဲ့ေနာက္ အမႈန႔္ျပဳပါ။ အဲဒီေဆးမႈန႔္ အတိုင္းေသာက္ရင္လည္း ရပါတယ္။ ေဆးမႈန႔္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းကို ႏြားနို႔ ဒါမွမဟုတ္ ပ်ားရည္နဲ႔ အိပ္ရာဝင္ ေသာက္ေပးပါ။
ေဆးမႈန႔္က ခါးတဲ့အရသာရွိပါတယ္။ ေဆးေၾကာက္သူေတြ အဖို႔ေတာ့ ပ်ားရည္နဲ႔ ဆီးကင္းေလာက္အလုံးေလးေတြ လုံးၿပီး ေသာက္နိုင္ပါတယ္။
ဒီေဆးဟာ သာမန္အိပ္မေပ်ာ္မႈကိုသာမက ႏွစ္ရွည္လမ်ား စြဲကပ္ေနတဲ့ အိပ္မေပ်ာ္ေရာဂါေတြေတာင္ေပ်ာက္ကင္းေစပါတယ္။ အေနာက္တိုင္း အိပ္ေဆးမ်ားလို ေနာက္ကစ္ေန႔ အိပ္ရာထမွာ ႏုံးမေနဘဲ၊ အိပ္ရာထၿပီးတဲ့ေနာက္ စိတ္ရႊင္လန္း ေပါ့ပါးေစပါတယ္။
အိပ္မေပ်ာ္သူေတြဟာ အစားအေသာက္ အေနနဲ႔ကေတာ့ အပူအစပ္ေတြ၊ မဆလာေတြ ေရွာင္ရပါမယ္။
လက္ဖက္သုပ္၊ လက္ဖက္ရည္၊ ေကာ္ဖီတို႔ကို ေန ညဘကၼေသာက္ဘဲ ကၽြဲနို႔၊ ႏြားနို႔ ေသာက္ေပးပါ။
အိပ္ရာဝင္ခါနီးမွာ အစာေတြ တနင့္တပိုး မစားသင့္ပါဘူး။ လူႀကီးေတြအဖို႔ေတာ့ အႏွိပ္ခံတာလည္း ေကာင္းပါတယ္။ အေညာင္းအထိုင္မ်ားတဲ့ ပုဂၢိဳလ္ေတြအဖို႔ေတာ့ ကိုယ္လက္လႈပ္ရွားမႈတစ္ခုခု လုပ္ေပးပါ။
ဝမ္းမခ်ဳပ္ေအာင္လည္း ဂ႐ုျပဳပါ။ မနက္ေစာေစာနဲ႔ ညေနခင္းမွာ လမ္းနည္းနည္း ေလၽွာက္ေပးပါ။ အလုပ္ထဲက အပူအပင္ေတြေသာကေတြ၊ ေဒါမနႆေတြ အိမ္ကို သယ္မလာဘဲ အိမ္ကမိသားစုနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနပါ။
ယခု ကၽြန္ေတာ္ တင္ျပခဲ့တဲ့အတိုင္း အာ႐ုံ၊ ေနရာ၊ ေဆး၊ အစာတို႔ ကို ျပဳျပင္က်င့္သုံး မွီဝဲတာနဲ႔ အမၽွ အိပ္မေပ်ာ္တဲ့ေဘးကကင္းေဝးၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္နိုင္ပါလိမ့္မယ္ ဆိုတဲ့အေၾကာင္းတင္ျပလိုက္ပါတယ္။
လက္ေတြ႕ အသုံးခ်ၾကည့္တဲ့အခါ ေကာင္းမြန္ေသာေဆးေကာင္း ျဖစ္တာေၾကာင့္ျပန္လည္မၽွေဝ လိုက္ရျခင္းသာျဖစ္ပါသည္။
ဤေဆးကို တစ္ေန႔ ၄ႀကိမ္ ၅ႀကိမ္ တက္ေနေသာ ကေလးအတြက္သာ ေဆးေဖၚေပးရျခင္းသာျဖစ္ပါသည္။ေဆးေဖၚမေရာင္ပါ။
ဦးဝင္းျမင့္ ေနျပည္ေတာ္
ေဒါက္တာေအာင္နိုင္(ေဆးသုေတသန)စာအုပ္မွ ေကာင္းႏုတ္



