အိမ်မက်ပညာရှင်တွေအဆိုအရ အိမ်မက်ဆိုတာ ကျွန်တော်တို့ရဲ့ ဘဝနဲ့မသိစိတ်တွေမှာဖြစ်ပျက်နေတဲ့အရာတွေနဲ့ပက်သက်တဲ့
အရေးကြီးအချက်အလက်တွေကို ပြောပြနိုင်တယ်လို့ဆိုပါတယ်။ အိမ်မက်တွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာဖြစ်ပျက်နေတာတွေကိုထိုးထွင်းသိစေနိုင်ပါတယ်။
ဒီအိမ်မက်တွေဟာ မကြာခန ဒါမှမဟုတ် ရံဖန်ရံခါ မက်လေ့ရှိကြောင်း သင်သတိထားမိကောင်းထားမိပါလိမ့်မယ်။ အိမ်မက်တွေနဲ့ပက်သက်ပြီး သူ့လူမျိုးရိုးရာဓလေ့အရ အဓိပ္ပါယ်ဖွင့်ဆိုပုံတွေ အမျိုးမျိုးရှိကြပါတယ်။
ခုပြောပြချင်တာက Oneirologyလို့ခေါ်တဲ့ အိမ်မက်တွေနောက်ကွယ်က အဓိပ္ပါယ်ကိုလေ့လာတဲ့ပညာအရ စိတ်ပညာရှင်တွေဖွင့်ဆိုထားတဲ့အရာတွေဖြစ်ပါတယ်။
ကဲ..ဒီတော့ သင်မက်ခဲ့ဖူးပေမယ့် လျစ်လျူရှုထားတတ်တဲ့ အိမ်မက် တွေက ဘာကိုဆိုလိုတယ်ဆိုတာအောက်မှာဖတ်ကြည့်လိုက်ကြရအောင်..
ထိခိုက်ဒဏ်ရာရတာနဲ့ သေခြင်းတရားနဲ့ပက်သက်တဲ့အိမ်မက်
အိမ်မက်ထဲမှာ ထိခိုက်ဒဏ်ရာရတာတွေ သေပီးသားလူတွေ စသဖြင့် မက်ခဲ့ရင် ဒါကဘာကိုပြောတာလဲဆိုရင် သင့်ဘဝအတွက် အရေးကြီးတဲ့လူ
တစ်ယောက်ယောက် အရေးကြီးတဲ့အရာတွေကို ဆုံးရှုံးသွားမှာကိုကြောက်တာ ဒါမှမဟုတ် သင့်ကိုသင်လုံခြုံမှုမရှိတာကိုခံစားနေရတယ်လို့ဆိုလိုတာပါ။
သင့်အိမ်မက်ထဲမှာ သေပီးသားလူကို ပြန်မက်တာဟာ သင့်ရဲ့မသိစိတ်က အဲ့ဒီ ဆုံးရှုံးမှုအတွက် ဝမ်းနည်းမဖြေသိမ့်နိုင်သေးတာမျိုးဖြစ်ပါတယ်။
အိမ်မက်ပညာရှင်တွေအဆိုအရတော့ သေခြင်းတရားနဲ့ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပက်သက်တဲ့ အိမ်မက်တွေမြင်မက်တာဟာ သင်ဟာ သင့်ထက်အသက်ကြီးသူတွေ သင်ချစ်ရခင်ရသူတွေအတွက် စိုးရီမ်ပူပင်သောကဖြစ်နေတယ်လို့ဆိုပါတယ်။
ဒီသေခြင်းနဲ့ပက်သက်တဲ့ အိမ်မက်တွေအရ သင့်ရဲ့ အစိတ်အပိုင်းတစ်ခုခု အရေးပါတဲ့တစ်ခုခု ဆုံးရှုံးသွားသလိုခံစားနေရပြီး သင်ဟာ အရင်ကထက်ပိုကောင်းမွန်တဲ့ ပုံစံနဲ့ပြန်လည်မွေးဖွားရှင်သန်လာမယ် လို့ဆိုလိုတာပါ။
ပျံသန်းခြင်းအိမ်မက်
အိမ်မက်ထဲမှာ သင်ဟာ တစ်နေရာရာကိုပျံသန်းနေတယ်လို့အိမ်မက်မက်ရင် ဒါဟာ သင့်မှာရည်မှန်းချက်ချထားတာတွေရှိတယ် သင်လုပ်နေတယ် ဒါပေမယ့်ထင်သလောက်မဖြစ်ဘူး လို့ဆိုလိုပါတယ်။
သင့်ပျံသန်းမှုပုံစံက အမြင့်ကိုမဟုတ်ပဲ အလျားလိုက် ပြုတ်ကျတော့မလိုပျံသန်းနေတယ် ပြုတ်ကျမလိုဖြစ်လိုက် နိမ့်နိမ့်သွားလိုက် နဲ့အားအင်ကုန်လောက်အောင် ပျံသန်းနေရတာဟာ သင်ထားထားတဲ့ဘဝရည်မှန်းချက်တွေအတွက် အထီးကျန်ဆန်ပြီး ရုန်းကန်နေရတယ်
သင်မတတ်နိုင်တဲ့ အခက်အခဲတွေ ရှိနေတယ်လို့ဖော်ပြနေတာပါ။ နောက်တစ်ချက်က သင့်ကိုသင်ဟန်ဆောင်ယုံကြည်ထားတာမျိုးဖြစ်နေနိင်ပြီး
တစ်စုံတစ်ယောက် ဒါမှမဟုတ် တစုံတရာက သင့်ဘဝရဲ့ နောက်တစ်ဆင့်ကိုရောက်ဖို့ တားဆီးနေတာမျိုး ဖြစ်တယ်လို့ဆိုလိုတာပါ။
ဒါပေမယ့် အိမ်မက်ထဲမှာ သင်ဟာပျော်ရွှင်စွာ မိုးသားကောင်းကင်တွေထဲပျံသန်းနေတယ် အမြင့်ဆုံးနေရာတွေထိရုန်းကန်ရမှုမရှိပျံသန်းနေရတယ်ဆို သင့်ရည်မှန်းချက်တွေအတွက် အားအင် အပြည့်ရှိတယ်လို့ဆိုလိုတာပါ။
အမြင့်တနေရာရာက ပြုတ်ကျခြင်း
အိမ်မက်စိတ်ပညာရှင် I A N W A L L A N C E အဆိုအရ တနေရာရာက ပြုတ်ကျခြင်းနဲ့ပက်သက်တဲ့ အိမ်မက်က သင့်ဘဝမှာ ထိန်းချုပ်မှု ဆုံးရှုံးသွားတာ ကြောက်ရွံစိုးထိတ်နေတာ ကို ဖော်ပြနေတယ်လို့ဆိုပါတယ်။
ပြောရရင် သင်ယူထားရတဲ့ တာဝန်တွေအတွက် ဝန်လေးနေသလိုခံစားနေရတာ အဲ့ဒီအရာတွေကနေ မလွတ်မြောက်နိုင်ပဲ အချိန်တော်တော်များများမှာ စိတ်ဖိစီးမှုကို ခံစားနေရတာလို့ အိမ်မက်ကဆိုပါတယ်။
ဒါပေမယ့် သိပ္ပံပညာအရ ဖြစ်နိုင်ချေရှိတာတစ်ခုက ခန္ဓာကိုယ်ဟာ အိပ်စက်ခြင်းကို ကူးပြောင်းလိုက်တာနဲ့ အာရုံကြောစနစ် သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကျဆင်းသွားပြီး သင့်ဦးနှောက်လုပ်ဆောင်မှုလည်း နှေးကွေးသွားပါတယ်။
သင်တနေ့တာရုန်းကန်လှုပ်ရှားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ Hypnic Jerksလို့ခေါ်တဲ့ လူတစ်ဦးစအိပ်ပျော်ဖို့ ကြိုးစားနေချိန်အတွင်း ခန္ဓာကိုယ်ကြွက်သားတွေ ရုတ်တရက် ကျုံလိုက်ခြင်းကြောင့်
ရုတ်တရက်လန့်နိုးတာ တခါတရံ လူတစ်ယောက်ကို ဆတ်ခနဲထခုန်မိစေတာ မျိုးတွေလည်းဖြစ်စေတတ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် သင့်ပြုတ်ကျတဲ့ အိမ်မက်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုတ်ကျနေတယ်ဆိုရင်တော့ သင်ဟာပြောင်းလဲမှုတွေကို ကြောက်ရွှံမနေဘူးဆိုတာကိုဖော်ပြနေတာပါ။
သွားများပြုတ်ထွက်ခြင်း သွားတွေပျက်စီးကြွကျသွားတာကို မြင်မက်ခြင်း
ကျွန်တော်တို့ သွားတွေ ကျွတ်ထွက်သွားတယ် ပြုတ်ထွက်သွားတယ် ဒါမှမဟုတ် သွားတွေပျက်စီးတာကို ကိုယ်တိုင်ကြည့်နေရတယ်ဆိုတဲ့ အိမ်မက်ကို မြင်မက်ရင် ဒါဟာ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှု ၊ ယုံကြည်မှု ကင်းမဲ့နေတယ် ဆိုတာကို ဖော်ပြနေတာလို့ဆိုပါတယ်။
အိမ်မက်ကျွမ်းကျင်သူတွေအဆိုအရအပြုံးဆိုတာ လူတွေ သတိထားမိစေတဲ့ ပထမဦးစားပေး အရာတစ်ခုဖြစ်ပြီးတော့ သင့်ကို ယ်သင် ယုံကြည်စိတ်ချမှု ဘယ်လောက်ရှိနေတယ်ဆိုတာကို ပြနေတာပါ။
ဒါကြောင့် သင့်သွားတွေ ဆုံးရှုံးသွားတာကို မြင်မက်တာဟာ သင့်ရဲ့ ရုပ်ရည်သွင်ပြင် ပြင်ပလက္ခဏာတွေနဲ့ပက်သက်ပြီး ယုံကြ ည်မှု ပျောက်ဆုံးနေတာကိုဖော်ပြနေတာပါ။
နောက်အိမ်မက်ကျွမ်းကျင်သူတွေအဆိုအရ သွားတွေကျွတ်ထွက်ခြင်းက စိတ်ဆိုးဒေါသထွက်နေတာတွေကို ဖိနှိပ်ထားတယ် ယုံကြည်မှုတကယ်မရှိပဲ ယုံကြည်မှု ရှိဟန်ဆောင်ထားတာကိုဖော်ပြနေတယ်လို့ဆိုပါတယ်။
တစ်စုံတစ်ခုကသင့်ကို လိုက်လံ ဖမ်းဆီးသက်ဖြတ်ဖို့လုပ်နေတယ်
ဒီအိမ်မက်အရ သင်လက်တွေ့ဘဝမှာ သင့်ကို စိုးရိမ်ပူပန်စေတဲ့အရာတွေ ကြောက်ရွံစိတ်ကိုဖြစ်စေတဲ့အရာတွေကနေ သင်ထွက်ပြေးနေတာကို ဆိုလိုတာပါ။
ပြောရရင်သင်ဖြေရှင်းရမယ့် ပြဿနာကို ရှောင်ပြေးနေတာမျိုးပါတဲ့။ တကယ်တော့ အိမ်မက်ထဲက လိုက်လံဖမ်းဆီးသူက သင့်မသိစိတ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သင်ရှောင်ပြေးနေတဲ့ ပြဿနာတွေ ကြောက်ရွှံမှုတွေပါပဲတဲ့။
ဒီအိမ်မက်အရ လက်တွေ့ဘဝမှာ သင် ရှောင်ရှားဖို့ကြိုးစားနေတဲ့ စိုးရိမ်ပူပန်စရာတွေ ဥပမာ ကြွေးမြီ စွဲလမ်းမှု ချစ်သူကိုဆုံးရှုံးလိုက်ရတာကိုဘာမှမဖြစ်သလို ဟန်ဆောင်ထားမှု စတာတွေက ဒီအိမ်မက်ရဲ့ နောက်ကွယ်မှာ ရှိတဲ့ လျို့ဝှက် အကြောင်းအရင်းများဖြစ်နိုင်ပါတယ်တဲ့။
နောက်ထပ်ပြောရရင် ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်မလုပ်ဆောင်နိုင်တာ အတိတ်တစ်ခုခုထဲက ထွက်ပြေးဖို့ကြိုးစားတာ သင့်ဘဝကိုမလဲပြိုအောင်ခက်ခက်ခဲခဲ ကြိုးစားနေရတာမျိုးလည်းဖြစ်နိုင်ပါတယ်။
ဒီတော့ ကျွန်တော်တို့မက်ဖူးတဲ့ အိမ်မက်တွေနောက်ကွယ်က အကြောင်းတရားတွေကိုလည်းသိလောက်ပြီ။ အိမ်မက်တွေက ကျွန်တော်တို့ ဘဝတလျောက်လုံးဖြစ်နေတဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်တဲ့အတွက် အိမ်မက်တွေကို လျစ်လျူမရှုလိုက်ပါနဲ့။
Credit – လိုက်ဖ်စတိုင်မြန်မာ
Zawgyi
အိမ္မက္ပညာရွင္ေတြအဆိုအရ အိမ္မက္ဆိုတာ ကြၽန္ေတာ္တို႔ရဲ႕ ဘဝနဲ႔မသိစိတ္ေတြမွာျဖစ္ပ်က္ေနတဲ့အရာေတြနဲ႔ပက္သက္တဲ့
အေရးႀကီးအခ်က္အလက္ေတြကို ေျပာျပႏိုင္တယ္လို႔ဆိုပါတယ္။ အိမ္မက္ေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ ေန႔စဥ္ဘဝမွာျဖစ္ပ်က္ေနတာေတြကိုထိုးထြင္းသိေစႏိုင္ပါတယ္။
ဒီအိမ္မက္ေတြဟာ မၾကာခန ဒါမွမဟုတ္ ရံဖန္ရံခါ မက္ေလ့ရွိေၾကာင္း သင္သတိထားမိေကာင္းထားမိပါလိမ့္မယ္။ အိမ္မက္ေတြနဲ႔ပက္သက္ၿပီး သူ႔လူမ်ိဳး႐ိုးရာဓေလ့အရ အဓိပၸါယ္ဖြင့္ဆိုပုံေတြ အမ်ိဳးမ်ိဳးရွိၾကပါတယ္။
ခုေျပာျပခ်င္တာက Oneirologyလို႔ေခၚတဲ့ အိမ္မက္ေတြေနာက္ကြယ္က အဓိပၸါယ္ကိုေလ့လာတဲ့ပညာအရ စိတ္ပညာရွင္ေတြဖြင့္ဆိုထားတဲ့အရာေတြျဖစ္ပါတယ္။
ကဲ..ဒီေတာ့ သင္မက္ခဲ့ဖူးေပမယ့္ လ်စ္လ်ဴရႈထားတတ္တဲ့ အိမ္မက္ ေတြက ဘာကိုဆိုလိုတယ္ဆိုတာေအာက္မွာဖတ္ၾကည့္လိုက္ၾကရေအာင္..
ထိခိုက္ဒဏ္ရာရတာနဲ႔ ေသျခင္းတရားနဲ႔ပက္သက္တဲ့အိမ္မက္
အိမ္မက္ထဲမွာ ထိခိုက္ဒဏ္ရာရတာေတြ ေသပီးသားလူေတြ စသျဖင့္ မက္ခဲ့ရင္ ဒါကဘာကိုေျပာတာလဲဆိုရင္ သင့္ဘဝအတြက္ အေရးႀကီးတဲ့လူ
တစ္ေယာက္ေယာက္ အေရးႀကီးတဲ့အရာေတြကို ဆုံးရႈံးသြားမွာကိုေၾကာက္တာ ဒါမွမဟုတ္ သင့္ကိုသင္လုံၿခဳံမႈမရွိတာကိုခံစားေနရတယ္လို႔ဆိုလိုတာပါ။
သင့္အိမ္မက္ထဲမွာ ေသပီးသားလူကို ျပန္မက္တာဟာ သင့္ရဲ႕မသိစိတ္က အဲ့ဒီ ဆုံးရႈံးမႈအတြက္ ဝမ္းနည္းမေျဖသိမ့္ႏိုင္ေသးတာမ်ိဳးျဖစ္ပါတယ္။
အိမ္မက္ပညာရွင္ေတြအဆိုအရေတာ့ ေသျခင္းတရားနဲ႔ထိခိုက္ဒဏ္ရာရတာေတြနဲ႔ ပက္သက္တဲ့ အိမ္မက္ေတြျမင္မက္တာဟာ သင္ဟာ သင့္ထက္အသက္ႀကီးသူေတြ သင္ခ်စ္ရခင္ရသူေတြအတြက္ စိုးရီမ္ပူပင္ေသာကျဖစ္ေနတယ္လို႔ဆိုပါတယ္။
ဒီေသျခင္းနဲ႔ပက္သက္တဲ့ အိမ္မက္ေတြအရ သင့္ရဲ႕ အစိတ္အပိုင္းတစ္ခုခု အေရးပါတဲ့တစ္ခုခု ဆုံးရႈံးသြားသလိုခံစားေနရၿပီး သင္ဟာ အရင္ကထက္ပိုေကာင္းမြန္တဲ့ ပုံစံနဲ႔ျပန္လည္ေမြးဖြားရွင္သန္လာမယ္ လို႔ဆိုလိုတာပါ။
ပ်ံသန္းျခင္းအိမ္မက္
အိမ္မက္ထဲမွာ သင္ဟာ တစ္ေနရာရာကိုပ်ံသန္းေနတယ္လို႔အိမ္မက္မက္ရင္ ဒါဟာ သင့္မွာရည္မွန္းခ်က္ခ်ထားတာေတြရွိတယ္ သင္လုပ္ေနတယ္ ဒါေပမယ့္ထင္သေလာက္မျဖစ္ဘူး လို႔ဆိုလိုပါတယ္။
သင့္ပ်ံသန္းမႈပုံစံက အျမင့္ကိုမဟုတ္ပဲ အလ်ားလိုက္ ျပဳတ္က်ေတာ့မလိုပ်ံသန္းေနတယ္ ျပဳတ္က်မလိုျဖစ္လိုက္ နိမ့္နိမ့္သြားလိုက္ နဲ႔အားအင္ကုန္ေလာက္ေအာင္ ပ်ံသန္းေနရတာဟာ သင္ထားထားတဲ့ဘဝရည္မွန္းခ်က္ေတြအတြက္ အထီးက်န္ဆန္ၿပီး ႐ုန္းကန္ေနရတယ္
သင္မတတ္ႏိုင္တဲ့ အခက္အခဲေတြ ရွိေနတယ္လို႔ေဖာ္ျပေနတာပါ။ ေနာက္တစ္ခ်က္က သင့္ကိုသင္ဟန္ေဆာင္ယုံၾကည္ထားတာမ်ိဳးျဖစ္ေနနိင္ၿပီး
တစ္စုံတစ္ေယာက္ ဒါမွမဟုတ္ တစုံတရာက သင့္ဘဝရဲ႕ ေနာက္တစ္ဆင့္ကိုေရာက္ဖို႔ တားဆီးေနတာမ်ိဳး ျဖစ္တယ္လို႔ဆိုလိုတာပါ။
ဒါေပမယ့္ အိမ္မက္ထဲမွာ သင္ဟာေပ်ာ္႐ႊင္စြာ မိုးသားေကာင္းကင္ေတြထဲပ်ံသန္းေနတယ္ အျမင့္ဆုံးေနရာေတြထိ႐ုန္းကန္ရမႈမရွိပ်ံသန္းေနရတယ္ဆို သင့္ရည္မွန္းခ်က္ေတြအတြက္ အားအင္ အျပည့္ရွိတယ္လို႔ဆိုလိုတာပါ။
အျမင့္တေနရာရာက ျပဳတ္က်ျခင္း
အိမ္မက္စိတ္ပညာရွင္ I A N W A L L A N C E အဆိုအရ တေနရာရာက ျပဳတ္က်ျခင္းနဲ႔ပက္သက္တဲ့ အိမ္မက္က သင့္ဘဝမွာ ထိန္းခ်ဳပ္မႈ ဆုံးရႈံးသြားတာ ေၾကာက္႐ြံစိုးထိတ္ေနတာ ကို ေဖာ္ျပေနတယ္လို႔ဆိုပါတယ္။
ေျပာရရင္ သင္ယူထားရတဲ့ တာဝန္ေတြအတြက္ ဝန္ေလးေနသလိုခံစားေနရတာ အဲ့ဒီအရာေတြကေန မလြတ္ေျမာက္ႏိုင္ပဲ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ စိတ္ဖိစီးမႈကို ခံစားေနရတာလို႔ အိမ္မက္ကဆိုပါတယ္။
ဒါေပမယ့္ သိပၸံပညာအရ ျဖစ္ႏိုင္ေခ်ရွိတာတစ္ခုက ခႏၶာကိုယ္ဟာ အိပ္စက္ျခင္းကို ကူးေျပာင္းလိုက္တာနဲ႔ အာ႐ုံေၾကာစနစ္ ေသြးေပါင္ခ်ိန္နဲ႔ ႏွလုံးခုန္ႏႈန္းက်ဆင္းသြားၿပီး သင့္ဦးေႏွာက္လုပ္ေဆာင္မႈလည္း ေႏွးေကြးသြားပါတယ္။
သင္တေန႔တာ႐ုန္းကန္လႈပ္ရွားခဲ့ရတဲ့ စိတ္ပိုင္းဆိုင္ရာ အေျခအေနေတြဟာ Hypnic Jerksလို႔ေခၚတဲ့ လူတစ္ဦးစအိပ္ေပ်ာ္ဖို႔ ႀကိဳးစားေနခ်ိန္အတြင္း ခႏၶာကိုယ္ႂကြက္သားေတြ ႐ုတ္တရက္ က်ဳံလိုက္ျခင္းေၾကာင့္
႐ုတ္တရက္လန႔္ႏိုးတာ တခါတရံ လူတစ္ေယာက္ကို ဆတ္ခနဲထခုန္မိေစတာ မ်ိဳးေတြလည္းျဖစ္ေစတတ္တယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ သင့္ျပဳတ္က်တဲ့ အိမ္မက္ဟာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ျပဳတ္က်ေနတယ္ဆိုရင္ေတာ့ သင္ဟာေျပာင္းလဲမႈေတြကို ေၾကာက္႐ႊံမေနဘူးဆိုတာကိုေဖာ္ျပေနတာပါ။
သြားမ်ားျပဳတ္ထြက္ျခင္း သြားေတြပ်က္စီးႂကြက်သြားတာကို ျမင္မက္ျခင္း
ကြၽန္ေတာ္တို႔ သြားေတြ ကြၽတ္ထြက္သြားတယ္ ျပဳတ္ထြက္သြားတယ္ ဒါမွမဟုတ္ သြားေတြပ်က္စီးတာကို ကိုယ္တိုင္ၾကည့္ေနရတယ္ဆိုတဲ့ အိမ္မက္ကို ျမင္မက္ရင္ ဒါဟာ ကိုယ့္ကိုကိုယ္ တန္ဖိုးထားမႈ ၊ ယုံၾကည္မႈ ကင္းမဲ့ေနတယ္ ဆိုတာကို ေဖာ္ျပေနတာလို႔ဆိုပါတယ္။
အိမ္မက္ကြၽမ္းက်င္သူေတြအဆိုအရအၿပဳံးဆိုတာ လူေတြ သတိထားမိေစတဲ့ ပထမဦးစားေပး အရာတစ္ခုျဖစ္ၿပီးေတာ့ သင့္ကို ယ္သင္ ယုံၾကည္စိတ္ခ်မႈ ဘယ္ေလာက္ရွိေနတယ္ဆိုတာကို ျပေနတာပါ..။
ဒါေၾကာင့္ သင့္သြားေတြ ဆုံးရႈံးသြားတာကို ျမင္မက္တာဟာ သင့္ရဲ႕ ႐ုပ္ရည္သြင္ျပင္ ျပင္ပလကၡဏာေတြနဲ႔ပက္သက္ၿပီး ယုံၾက ည္မႈ ေပ်ာက္ဆုံးေနတာကိုေဖာ္ျပေနတာပါ။
ေနာက္အိမ္မက္ကြၽမ္းက်င္သူေတြအဆိုအရ သြားေတြကြၽတ္ထြက္ျခင္းက စိတ္ဆိုးေဒါသထြက္ေနတာေတြကို ဖိႏွိပ္ထားတယ္ ယုံၾကည္မႈတကယ္မရွိပဲ ယုံၾကည္မႈ ရွိဟန္ေဆာင္ထားတာကိုေဖာ္ျပေနတယ္လို႔ဆိုပါတယ္။
တစ္စုံတစ္ခုကသင့္ကို လိုက္လံ ဖမ္းဆီးသက္ျဖတ္ဖို႔လုပ္ေနတယ္
ဒီအိမ္မက္အရ သင္လက္ေတြ႕ဘဝမွာ သင့္ကို စိုးရိမ္ပူပန္ေစတဲ့အရာေတြ ေၾကာက္႐ြံစိတ္ကိုျဖစ္ေစတဲ့အရာေတြကေန သင္ထြက္ေျပးေနတာကို ဆိုလိုတာပါ။
ေျပာရရင္သင္ေျဖရွင္းရမယ့္ ျပႆနာကို ေရွာင္ေျပးေနတာမ်ိဳးပါတဲ့။ တကယ္ေတာ့ အိမ္မက္ထဲက လိုက္လံဖမ္းဆီးသူက သင့္မသိစိတ္ရဲ႕ အစိတ္အပိုင္းေတြျဖစ္တဲ့ သင္ေရွာင္ေျပးေနတဲ့ ျပႆနာေတြ ေၾကာက္႐ႊံမႈေတြပါပဲတဲ့။
ဒီအိမ္မက္အရ လက္ေတြ႕ဘဝမွာ သင္ ေရွာင္ရွားဖို႔ႀကိဳးစားေနတဲ့ စိုးရိမ္ပူပန္စရာေတြ ဥပမာ ေႂကြးၿမီ စြဲလမ္းမႈ ခ်စ္သူကိုဆုံးရႈံးလိုက္ရတာကိုဘာမွမျဖစ္သလို ဟန္ေဆာင္ထားမႈ စတာေတြက ဒီအိမ္မက္ရဲ႕ ေနာက္ကြယ္မွာ ရွိတဲ့ လ်ိဳ႕ဝွက္ အေၾကာင္းအရင္းမ်ားျဖစ္ႏိုင္ပါတယ္တဲ့။
ေနာက္ထပ္ေျပာရရင္ ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ေအာင္မလုပ္ေဆာင္ႏိုင္တာ အတိတ္တစ္ခုခုထဲက ထြက္ေျပးဖို႔ႀကိဳးစားတာ သင့္ဘဝကိုမလဲၿပိဳေအာင္ခက္ခက္ခဲခဲ ႀကိဳးစားေနရတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။
ဒီေတာ့ ကြၽန္ေတာ္တို႔မက္ဖူးတဲ့ အိမ္မက္ေတြေနာက္ကြယ္က အေၾကာင္းတရားေတြကိုလည္းသိေလာက္ၿပီ ။ အိမ္မက္ေတြက ကြၽန္ေတာ္တို႔ ဘဝတေလ်ာက္လုံးျဖစ္ေနတဲ့ျ ပႆနာေတြကို ကူညီေျဖရွင္းေပးႏိုင္တဲ့အတြက္ အိမ္မက္ေတြကို လ်စ္လ်ဴမရႈလိုက္ပါနဲ႔။
Credit – လိုက္ဖ္စတိုင္ျမန္မာ