ၾကားသိရသမွ်

တစ်ရွာလုံး အမှိုက်မရှိတဲ့အပြင် မူးယစ်ဆေး၊ အရက် လုံးဝသုံးစွဲခွင့် မရှိတဲ့ မြန်မာနိုင်ငံထဲက ထူးရှားတဲ့ ရွာကလေး

တစ်ရွာလုံး အမှိုက်မရှိတဲ့ အပြင် မူးယစ်ဆေး၊ အရက် လုံးဝသုံးစွဲခွင့်မရှိတဲ့ မြန်မာနိုင်ငံထဲက ရွာကလေး..

အမှိုက် တစ်စမှမရှိတဲ့အပြင် မူးယစ်ဆေး အရက် လုံးဝ သောက်ခွင့် မရှိတဲ့ မြန်မာနိုင်ငံက ရွာကလေး မြန်မာ နိုင်ငံမှာ

အမှိုက်ကင်းစင် နယ်မြေ ၊ စံပြ ကျေးရွာရယ်လို့ အစိုးရ အဆက်ဆက် ဆောင်ရွက်ခဲ့ကြပေမယ့် တကယ်တမ်းကြတော့ တော်တော်များများဟာ လူကြီးလာမယ် ဆိုမှ တစ်အိမ်တစ်ယောက် အမှိုက် ထကောက်ကြတာ များပါတယ် ။

အမှိုက် ကင်းစင်နယ်မြေ လို့..

ဆိုင်းဘုတ်တွေ ထောင်ထားပေမယ့် အမှိုက်ပစ်သူတွေက ပစ်ကြတာပါပဲ..။ အဝေးကြီး မကြည့်ပါနဲ့ ။ပြည်သူ့ ဆေးရုံတွေကို သွားကြည့်တာနဲ့ သိသာ မြင်သာ ပါတယ်။

ဒါပေမယ့် အများစုထဲက ကွဲပြားစွာ..ရှိနေတဲ့ ရွာလေး တစ်ရွာ ရှိပါတယ် ။ အဲ့တာကတော့ ဆင်နက်ချောင် ဆိုတဲ့ ရွာကလေးပါ ။

တစ်ရွာလုံးမှာ အမှိုက်ဆိုတာ ဘယ်လို ဟာလဲလို့ မေးယူရလောက်အောင် သန့်ရှင်း သပ်ရပ်လှတဲ့ ကျေးရွာလေး ဖြစ်ပါတယ်။

ဘာကြောင့် အခုလို ဖြစ်တာလဲဆိုတော့ အုပ်ချုပ်သူ ကောင်းလို့ ဖြစ်တဲ့အပြင် ရွာသူ ရွာသားတွေက ပူးပေါင်း ဆောင်ရွက်လို့ ပူးပေါင်း ဆောင်ရွက်ချင် အောင်လည်း အုပ်ချုပ်တတ်လို့ ဖြစ်ပါတယ်။

တကယ်တော့ ဒါဟာ အပြင်ပမ်းပါ။ တကယ်တမ်းက အမှိုက်ကင်းရုံသာမကပဲနဲ့..မူးယစ်လည်း ကင်းစင်ပါတယ်။ သူတို့ရွာမှာ တစ်ရွာလုံး သဘောတူညီမှုနဲ့ ရွာလူကြီးက ချမှတ်ထားတဲ့ စည်းကမ်းက အသက် ( ၁၈ )နှစ် မပြည့်သူကို

ကွမ်း၊ ဆေးလိပ်၊ အရက် လုံးဝ ရောင်းချခွင့် မပြုပါဘူး။ ဈေးဆိုင်တွေကလည်း ခိုးမရောင်းပါဘူး။ ဒါမျိုး တစ်နိုင်ငံလုံး ဖြစ်သင့်တယ်။

နောက်တစ်ခု ရှိပါသေးတယ် ။

အဲ့တာကတော့ ရွာထဲမှာ အမဲဖြတ်ခွင့် မပြုထား တာပါပဲ။ ဒုစရိုက်မှု၊ ရာဇဝတ်မှု ဆိုတာလည်းကင်းပြီး..တော်တော်လေး အံ့သြစရာ ကောင်းတဲ့ ရွာဖြစ်ပါတယ်။

ဒီရွာကတော့ ရွာငံ မြို့နယ်မှာ ရှိတယ်လို့ သိရပါတယ် ။ ပရိသတ်ကြီး ဗဟုသုတ အဖြစ် တင်ဆက်ပေး လိုက်ပါတယ်နော် ။

Credit – Original Uploader

Zawgyi

တစ္႐ြာလုံး အမႈိက္မရွိတဲ့ အျပင္ မူးယစ္ေဆး၊ အရက္ လုံးဝသုံးစြဲခြင့္မရွိတဲ့ ျမန္မာႏိုင္ငံထဲက ႐ြာကေလး

အမႈိက္ တစ္စမွမရွိတဲ့အျပင္ မူးယစ္ေဆး အရက္ လုံးဝ ေသာက္ခြင့္ မရွိတဲ့ ျမန္မာႏိုင္ငံက ႐ြာကေလး ျမန္မာ ႏိုင္ငံမွာ

အမႈိက္ကင္းစင္ နယ္ေျမ ၊ စံျပ ေက်း႐ြာရယ္လို႔ အစိုးရ အဆက္ဆက္ ေဆာင္႐ြက္ခဲ့ၾကေပမယ့္ တကယ္တမ္းၾကေတာ့ ေတာ္ေတာ္မ်ားမ်ားဟာ လူႀကီးလာမယ္ ဆိုမွ တစ္အိမ္တစ္ေယာက္ အမႈိက္ ထေကာက္ၾကတာ မ်ားပါတယ္ ။

အမႈိက္ ကင္းစင္နယ္ေျမ လို႔..

ဆိုင္းဘုတ္ေတြ ေထာင္ထားေပမယ့္ အမႈိက္ပစ္သူေတြက ပစ္ၾကတာပါပဲ ။ အေဝးႀကီး မၾကည့္ပါနဲ႔ ။ျပည္သူ႔ ေဆး႐ုံေတြကို သြားၾကည့္တာနဲ႔ သိသာ ျမင္သာ ပါတယ္။

ဒါေပမယ့္ အမ်ားစုထဲက ကြဲျပားစြာ ရွိေနတဲ့ ႐ြာေလး တစ္႐ြာ ရွိပါတယ္ ။ အဲ့တာကေတာ့ ဆင္နက္ေခ်ာင္ ဆိုတဲ့ ႐ြာကေလးပါ ။

တစ္႐ြာလုံးမွာ အမႈိက္ဆိုတာ ဘယ္လို ဟာလဲလို႔ ေမးယူရေလာက္ေအာင္ သန႔္ရွင္း သပ္ရပ္လွတဲ့ ေက်း႐ြာေလး ျဖစ္ပါတယ္။

ဘာေၾကာင့္ အခုလို ျဖစ္တာလဲဆိုေတာ့ အုပ္ခ်ဳပ္သူ ေကာင္းလို႔ ျဖစ္တဲ့အျပင္ ႐ြာသူ ႐ြာသားေတြက ပူးေပါင္း ေဆာင္႐ြက္လို႔ ပူးေပါင္း ေဆာင္႐ြက္ခ်င္ ေအာင္လည္း အုပ္ခ်ဳပ္တတ္လို႔ ျဖစ္ပါတယ္။

တကယ္ေတာ့ ဒါဟာ အျပင္ပမ္းပါ။ တကယ္တမ္းက အမႈိက္ကင္း႐ုံသာမကပဲနဲ႔ မူးယစ္လည္း.. ကင္းစင္ပါတယ္။ သူတို႔႐ြာမွာ တစ္႐ြာလုံး သေဘာတူညီမႈနဲ႔ ႐ြာလူႀကီးက ခ်မွတ္ထားတဲ့ စည္းကမ္းက အသက္ ( ၁၈ )ႏွစ္ မျပည့္သူကို

ကြမ္း၊ ေဆးလိပ္၊ အရက္ လုံးဝ ေရာင္းခ်ခြင့္ မျပဳပါဘူး။ ေဈးဆိုင္ေတြကလည္း ခိုးမေရာင္းပါဘူး။ ဒါမ်ိဳး တစ္ႏိုင္ငံလုံး ျဖစ္သင့္တယ္။

ေနာက္တစ္ခု ရွိပါေသးတယ္..။

အဲ့တာကေတာ့ ႐ြာထဲမွာ အမဲျဖတ္ခြင့္ မျပဳထား တာပါပဲ။ ဒုစ႐ိုက္မႈ၊ ရာဇဝတ္မႈ ဆိုတာလည္းကင္းၿပီး ေတာ္ေတာ္ေလး အံ့ၾသစရာ ေကာင္းတဲ့ ႐ြာျဖစ္ပါတယ္။

ဒီ႐ြာကေတာ့ ႐ြာငံ ၿမိဳ႕နယ္မွာ ရွိတယ္လို႔ သိရပါတယ္ ။ ပရိသတ္ႀကီး ဗဟုသုတ အျဖစ္ တင္ဆက္ေပး လိုက္ပါတယ္ေနာ္ ။

crd