ဂျာမနီနိုင်ငံသားအဆိုတော် Mikis ဟာဆိုရင် တိုင်းတပါးသားဖြစ်ပေမယ့် မြန်မာပြည်ကိုချစ်ပြီး..
မြန်မာပြည်ကအချောအလှလေး စုစုဝေနဲ.. လက်ထပ်ထားတာဖြစ်ပါတယ် ။
Mikis က ဂျာမနီနိုင်ငံသားဖြစ်တာကြောင့် ဇနီးသည်စုစုဝေက ခင်ပွန်းဖြစ်သူနဲ့လိုက်ပြီး လက်ရှိမှာ
ဂျာမနီနိုင်ငံမှာနေထိုင်နေတာဖြစ်ပါတယ်..။ သူတို့နှစ်ဦးက လက်ရှိမှာ Rio လို့ခေါ်တဲ့သားဉီးလေးတစ်ယောက်ကို
ရရှိပိုင်ဆိုင်ထားပါတယ်..။ သားသားလေး Rio ကိုလည်း နှစ်ဉီးနှစ်ဖက်
အဘိုးအဘွားတွေသာမက ပရိသတ်တွေများစွာကပါ ချစ်ခင်ကြပါတယ်။
မကြာသေးမီက မေမေစုစုဝေက Rio လေးအရွယ်ရောက် ကြီးပြင်းလာတဲ့ ပုံရိပ်လေးကို အချိန်အတော်ကြာလွမ်းနေကြတဲ့
ပရိသတ်တွေအတွက် အလွမ်းပြေလေးတင်ပေးလာခဲ့ပါတယ် ။
ဓာတ်ပုံလေးထဲမှာ Rio လေးက ဝဝ ကစ်ကစ်လေးနဲ့ ချစ်ဖို့ကောင်းနေပြီး..
အရပ်လေးလည်းတော်တော် ရှည်လာတာကို တွေ့ရပါတယ် ။
Rio လေးက လက်ရှိမှာ ၆ လသားအရွယ်ရှိနေပြီဖြစ်ပြီး..ကိုယ်အလေးချိန်က 9 kg လို့မေမေ စုစုဝေရဲ့ အဆိုအရသိရပါတယ်။
Credit;
Credit;