အဆိုတော် အိအိရဲ့ သမီးငယ်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုက Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ ကျော်ကြားလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုက
Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် သူမဝါသနာပါရာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေဆဲဖြစ်ပြီး အနုပညာလမ်းကြောင်းမှာလည်
း နေရာတစ်နေရာရရှိနေပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီး (၅၀၅) က နဲ့ တရားစွဲခံခဲ့ရတဲ့ ချမ်းမြေ့မောင်ချိုဟာ အခုအချိန်ထိ အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုနဲ့ပဲ အေးချမ်းစွာနေထိုင်နေဆဲဖြစ်ပါတယ်။
ပရိသတ်တွေနဲ့ အချိန်အတော်ကြာ အဆက်အသွယ်ပြတ်တောက်နေခဲ့တဲ့ ချမ်းမြေ့မောင်ချိုက ဒီကနေ့မှာတော့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ “အားလုံးနေကောင်းကြတယ်နော် ?
မတွေ့ဖြစ် စကားမပြောဖြစ်တာကြာပေါ့။ အားလုံးကိုသတိရနေပါတယ်ဗျာ။ Milestones တွေရော အဆင်ပြေကြရဲ့လား ? မောင်ချို နေကောင်းကျန်းမာပါတယ် ဆေးလဲထိုးထားပါတယ်။ ဒီရက်ပိုင်းအေးတယ်နော်။ နွေးနွေးထွေးထွေးနေကြပါဗျ ” ဆိုပြီး နှုတ်ဆက်လာခဲ့ပါတယ်။
ချမ်းမြေ့မောင်ချိုကတော့ ပရိသတ်တွေနဲ့ မတွေ့ဖြစ်၊ စကားမပြောဖြစ်ကြပေမယ့် အားလုံးကိုတော့ သတိရနေတယ်ဆိုပြီး ပရိသတ်တွေကိုလည်း ကျန်းမာရေးဂရုစိုက်ကြဖို့ သတိပေးလာခဲ့တာပဲဖြစ်ပါတယ်။
crd
ဇော်ဂျီဖြင့်ဖတ်ရန်
ပရိသတ်တွေနဲ့ မတွေ့ဖြစ်၊ စကားမပြောဖြစ်ကြပေမယ့် အားလုံးကိုတော့ သတိရနေတယ်ဆိုတဲ့ ချမ်းမြေ့မောင်ချို
အဆိုတော် အိအိရဲ့ သမီးငယ်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုက Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ ကျော်ကြားလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုက
Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် သူမဝါသနာပါရာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေဆဲဖြစ်ပြီး အနုပညာလမ်းကြောင်းမှာလည်း
နေရာတစ်နေရာရရှိနေပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီး (၅၀၅) က နဲ့ တရားစွဲခံခဲ့ရတဲ့ ချမ်းမြေ့မောင်ချိုဟာ အခုအချိန်ထိ အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုနဲ့ပဲ အေးချမ်းစွာနေထိုင်နေဆဲဖြစ်ပါတယ်။