cele

ဗွီဒီယိုစျေးကွက် မပျက်ခင်ကတည်းက အနုပညာလောကမှ ထွက်ခွာခဲ့သူ သရုပ်ဆောင် ကျော်ဝင်းထွဋ်

ဗွီဒီယိုစျေးကွက် မပျက်ခင်ကတည်းက အနုပညာလောကမှ ထွက်ခွာခဲ့သူ သရုပ်ဆောင် ကျော်ဝင်းထွဋ်

ပရိသတ်ကြီးရေ ဗွီဒီယိုခေတ်က နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ကျော်ဝင်းထွဋ် ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ်ထင်ပါတယ်။ ၆နှစ်အရွယ်မှာ ကလေး

သရုပ်ဆောင်ဘဝနဲ့ အနုပညာလောက ကိုစတင်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ထို့နောက် အသက် ၁၆ နှစ်မှာ နာမည်အရင်း ကျော်မင်းထွန်း ကို ကျော်ဝင်းထွဋ် လို့ ပြောင်းလဲခဲ့ပြီး

လူကြီးသရုပ်ဆောင်အဖြစ် အက်ရှင်ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဆက်လက်ရိုက်ကူးခဲ့တယ်။ မင်းသား ရဲကိုကို၊ရဲမင်းပိုင်တို့နဲ့အတူ အက်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပါတယ်။

ကျော်ဝင်းထွဋ် ဟာ ဖိုက်တင်မင်းသားဖြစ်တာကြောင့် ကရာတေးသင်တန်းတွေ တတ်ရောက်သင်ကြားခဲ့ပြီး ဇာတ်ကားတွေထဲမှာ တကယ်ဖိုက်ခဲ့တာကြောင့် အခုချိန်ထိတိုင်အောင် အဲ့ဒီဒဏ်တွေက နေမကောင်းဖြစ်ရင် ပြန်လည်ပေါ်လာတတ်တာကြောင့်

အရမ်းကို ကိုက်ခဲနာကျင်ရပါတယ်တဲ့။ ဇာတ်ကားတွေရိုက်ကူးနေရင်းနဲ့ ဗွီဒီယိုစျေးကွက် မပျက်ခင်ကတည်းက အနုပညာလောကမှ ထွက်ခွာခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဇာတ်ကားတွေကို ရရာစျေးနဲ့ ဖြစ်သလိုတွေ ပေါပေါလောလော ရိုက်ကူးတာနေတာတွေကို

လက်မခံနိုင်တာကြောင့် ဆက်လက်ရိုက်ကူးလိုခြင်းမရှိတော့ပဲ အနားယူခဲ့တာပါ။ ဗွီဒီယိုစျေးကွက်ပျက် တာကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ပေမယ့် အဲ့ဒီအချိန်မှာ တက္ကစီမောင်းပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်ခဲ့ပါတယ်။

အနုပညာတစ်ခုထဲကိုပဲ လုပ်ကိုင်တတ်ပြီး အနုပညာကိုချစ်ပေမယ့် လက်ရှိမှာ ဝမ်းရေးအတွက် သံထည်ပစ္စည်းတွေကို အရည်ကြိုတဲ့ လုပ်ငန်းကိုလုပ်ကိုင်နေပါတယ်။ ကျော်ဝင်းထွဋ် ဟာ

အသက်၄၃နှစ်ရှိပြီးတော့ ဆယ်တန်းတတ်နေတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ တက္ကစီမောင်းတဲ့အချိန်မှာလဲ ဗီဒီယိုမင်းသားဖြစ်ခဲ့တာကြောင့် ငွေကြေးပြည့်စုံသူလို့ ပရိသတ်တွေက ထင်နေကြပါတယ်။ ဒါကြောင့်လဲ တက္ကစီခကို

တစ်ဝက်ဘဲပေးသွားတဲ့ သူတွေကြောင့် ဆီဖိုးတောင်မရတဲ့ နေ့တွေရှိခဲ့ပါတယ်။ တကယ်တမ်းကတော့ ကျော်ဝင်းထွဋ် ဟာ အနုပညာလောကမှ အနားယူသွားခဲ့တာ အချိန်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။

Credit