ဇာတိမြို့က ရွာသူရွာသားများကို ရဟတ်ယာဉ် အခမဲ့စီးခွင့်ပေးတဲ့ အမှိုက်သိမ်းသမားဘဝကနေ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့ အမျိုးသား
လူတော်တော်များများက ပိုက်ဆံဟာသင့်ရဲ့ပျော်ရွှင်မှုကိုမဝယ်နိုင်ဘူးလို့ဆိုကြပါတယ်။သို့ပေမဲ့ ပိုက်ဆံဟာသင့်ရဲ့အတွေ့အကြုံတွေကို ဝယ်ပေးန်ုင်ပါတယ်။ဥပမာ လေယာဉ်ပျံ သို့မဟုတ်ရဟတ်ယာဉ်စီးရင်း မိုးပေါ်ပျံသန်းခြင်းလိုပေါ့။မလေးရှားလူမျိုးအများစုဟာ ၎င်းတို့မှာများပြားတဲ့ပိုက်ဆံမျိုးမရှိနိုင်ကြောင်းကိုစဉ်းစားတတ်ကြတာကြောင့် ၎င်းတို့ဘဝမှာ လေယာဉ်ပျံစီးဖို့ကို မဖြစ်နိုင်ကြောင်း တွေးထင်ထားတတ်ကြပါတယ်။
သို့ပေမဲ့ အမှိုက်သိမ်းဆည်းသူကနေ သန်းကြွယ် သူဌေးဖြစ်လာခဲ့တဲ့ Muhammad Azlan Al-Amin ရဲ့ ကျေးဇူးကြောင့် သူ့ရဲ့ဇာတိဖြစ်တဲ့ မလေးရှားနိုင်ငံ Terengganu ပြည်နယ်
Besut မြို့ရှိကျေးလက်ဒေသမှာ နေထိုင်တဲ့သူများဟာ ၎င်းတို့ရဲ့ တစ်သက်တာမှာတစ်ခေါက်လောက် ရဟတ်ယာဉ်စီးရင်း ခံစားခွင့်ရရန်အတွက် Muhammad ရဲ့ရဟတ်ယာဉ်ကို စီးကြည့်ဖို့ အခွင့်အရေးရခဲ့ကြပါတယ်။
Muhammad Azlan Al-Amin ဟာ ရွာသူရွာသားတို့ရဲ့စိတ်လှုပ်ရှားပြီး ချစ်စရာကောင်းတဲ့အပြုအမူဓာတ်ပုံတွေကို သူ့ရဲ့ Facebook မှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။“ သူတို့ပျော်ရွှင်မှုဟာ ကျွန်တော့်ရဲ့ပျော်ရွှင်မှုပါပဲ၊
Alhamdulillahရေ , ကျနော်တို့ ၆ရက်အတွင်း Besut မြို့အတွက် ရဟတ်ယာဉ်ပေါ်ကို ရွာသား 300 နီးပါး တင်ခဲ့ပြီးပြီ ၊အာဏာပိုင်တွေရဲ့အခုလို အကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ် ၊
ကျွန်တော်တို့ကလာရောက်လည်ပတ်သူဒေသခံတွေရဲ့အမည်များစာရင်းနှင့်သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကိုမှတ်တမ်းတင်ခြင်း ကဲ့သို့သောလိုအပ်တဲ့ SOP (ရောဂါကာကွယ်ခြင်းလမ်းစဉ်) တို့ကိုလည်း သေချာလေး ဂရုတစိုက်ဆောင်ရွက်ပေးနေပါတယ်” လို့ Muhammad က သူ့ post မှာ ရေးသားခဲ့ပါတယ်။
ထို့အပြင် “လာနိုင်တဲ့အခွင့်အရေးရှိတဲ့ရွာသားတွေအားလုံးကိုကျွန်တော်ကငွေပေးစရာမလိုဘဲရဟတ်ယာဉ်ကိုအခမဲ့စီးနင်းခွင့်ပေးခဲ့တယ်၊ကျွန်တော့်ရဟတ်ယာဉ်ကို ဌားလိုက်တဲ့ခြောက်ရက်အတွင်း ဘယ်လောက်ကုန်ကျကြောင်း ကျွန်တော့်ကို မမေးပါနဲ့ ၊
ကုန်ကျစရိတ်ကို သိရင် သွေးတက်သွားတဲ့လူတွေ ရှိနေပါလိမ့်မယ် ” လို့ ဆိုရင်း ဘာဘဲဖြစ်ဖြစ် သူတို့ရဲ့ပျော်ရွှင်မှုက ကျွန်တော့်ရဲ့ပျော်ရွှင်မှုပါဘဲ ၊ကျွန်တော့်အတွက်ဆုတောင်းပေးတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း Muhammad က ထပ်မံပြောကြားခဲ့ပါတယ်။
Sinar Harian သတင်းအရ Muhammad ဟာ ကံမကောင်းတဲ့မိသားစုမှ မွေးဖွားလာသူဖြစ်ပြီးသူဟာအမှိုက်ကောက်သူအဖြစ် ၆ အလုပ်လုပ်ခဲ့ပါတယ်။သို့ပေမဲ့ သူဟာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့အခြေအနေကို ရင်ဆိုင်ကာအိမ်ခြံမြေ
လုပ်ငန်းခွင်သို့အရဲစွန့်ဝင်ရောက်ခဲ့ပြီးနောက်သန်းကြွယ်သူဌေးဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ဘဝအတ္ထုပ္ပတ္တိကိုလည်း ‘Rahsia Pengutip Sampah Jadi Jutawan’ အမည်ရှိစာအုပ်မှာ ဖော်ပြထားခြင်းခံခဲ့ရပါသေးတယ်။
ကမ္ဘာပေါ်ရှိသန်းကြွယ်သူဌေးအားလုံးသာ Muhammad Azlan Al-Amin ကဲ့သို့ဖြစ်ပါကကမ္ဘာကြီးဟာလည်းပိုမိုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်လာမိမှာ အမှန်ပါဘဲ။
Credit
Zawgyi
ဇာတိမြို့က ရွာသူရွာသားများကို ရဟတ်ယာဉ် အခမဲ့စီးခွင့်ပေးတဲ့ အမှိုက်သိမ်းသမားဘဝကနေ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့ အမျိုးသား
လူတော်တော်များများက ပိုက်ဆံဟာသင့်ရဲ့ပျော်ရွှင်မှုကိုမဝယ်နိုင်ဘူးလို့ဆိုကြပါတယ်။သို့ပေမဲ့ ပိုက်ဆံဟာသင့်ရဲ့အတွေ့အကြုံတွေကို ဝယ်ပေးန်ုင်ပါတယ်။ဥပမာ လေယာဉ်ပျံ
သို့မဟုတ်ရဟတ်ယာဉ်စီးရင်း မိုးပေါ်ပျံသန်းခြင်းလိုပေါ့။မလေးရှားလူမျိုးအများစုဟာ ၎င်းတို့မှာများပြားတဲ့ပိုက်ဆံမျိုးမရှိနိုင်ကြောင်းကိုစဉ်းစားတတ်ကြတာကြောင့် ၎င်းတို့ဘဝမှာ လေယာဉ်ပျံစီးဖို့ကို မဖြစ်နိုင်ကြောင်း တွေးထင်ထားတတ်ကြပါတယ်။
သို့ပေမဲ့ အမှိုက်သိမ်းဆည်းသူကနေ သန်းကြွယ် သူဌေးဖြစ်လာခဲ့တဲ့ Muhammad Azlan Al-Amin ရဲ့ ကျေးဇူးကြောင့် သူ့ရဲ့ဇာတိဖြစ်တဲ့ မလေးရှားနိုင်ငံ Terengganu ပြည်နယ်
Besut မြို့ရှိကျေးလက်ဒေသမှာ နေထိုင်တဲ့သူများဟာ ၎င်းတို့ရဲ့ တစ်သက်တာမှာတစ်ခေါက်လောက် ရဟတ်ယာဉ်စီးရင်း ခံစားခွင့်ရရန်အတွက် Muhammad ရဲ့ရဟတ်ယာဉ်ကို စီးကြည့်ဖို့ အခွင့်အရေးရခဲ့ကြပါတယ်။
Muhammad Azlan Al-Amin ဟာ ရွာသူရွာသားတို့ရဲ့စိတ်လှုပ်ရှားပြီး ချစ်စရာကောင်းတဲ့အပြုအမူဓာတ်ပုံတွေကို သူ့ရဲ့ Facebook မှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။“ သူတို့ပျော်ရွှင်မှုဟာ ကျွန်တော့်ရဲ့ပျော်ရွှင်မှုပါပဲ၊ Alhamdulillahရေ ,
ကျနော်တို့ ၆ရက်အတွင်း Besut မြို့အတွက် ရဟတ်ယာဉ်ပေါ်ကို ရွာသား 300 နီးပါး တင်ခဲ့ပြီးပြီ ၊အာဏာပိုင်တွေရဲ့အခုလို အကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ် ၊
ကျွန်တော်တို့ကလာရောက်လည်ပတ်သူဒေသခံတွေရဲ့အမည်များစာရင်းနှင့်သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကိုမှတ်တမ်းတင်ခြင်း ကဲ့သို့သောလိုအပ်တဲ့ SOP (ရောဂါကာကွယ်ခြင်းလမ်းစဉ်) တို့ကိုလည်း သေချာလေး ဂရုတစိုက်ဆောင်ရွက်ပေးနေပါတယ်” လို့ Muhammad က သူ့ post မှာ ရေးသားခဲ့ပါတယ်။
ထို့အပြင် “လာနိုင်တဲ့အခွင့်အရေးရှိတဲ့ရွာသားတွေအားလုံးကိုကျွန်တော်ကငွေပေးစရာမလိုဘဲရဟတ်ယာဉ်ကိုအခမဲ့စီးနင်းခွင့်ပေးခဲ့တယ်၊ကျွန်တော့်ရဟတ်ယာဉ်ကို ဌားလိုက်တဲ့ခြောက်ရက်အတွင်း ဘယ်လောက်ကုန်ကျကြောင်း ကျွန်တော့်ကို မမေးပါနဲ့ ၊
ကုန်ကျစရိတ်ကို သိရင် သွေးတက်သွားတဲ့လူတွေ ရှိနေပါလိမ့်မယ် ” လို့ ဆိုရင်း ဘာဘဲဖြစ်ဖြစ် သူတို့ရဲ့ပျော်ရွှင်မှုက ကျွန်တော့်ရဲ့ပျော်ရွှင်မှုပါဘဲ ၊ကျွန်တော့်အတွက်ဆုတောင်းပေးတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း Muhammad က ထပ်မံပြောကြားခဲ့ပါတယ်။
Sinar Harian သတင်းအရ Muhammad ဟာ ကံမကောင်းတဲ့မိသားစုမှ မွေးဖွားလာသူဖြစ်ပြီးသူဟာအမှိုက်ကောက်သူအဖြစ် ၆ အလုပ်လုပ်ခဲ့ပါတယ်။သို့ပေမဲ့ သူဟာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့အခြေအနေကို
ရင်ဆိုင်ကာအိမ်ခြံမြေလုပ်ငန်းခွင်သို့အရဲစွန့်ဝင်ရောက်ခဲ့ပြီးနောက်သန်းကြွယ်သူဌေးဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ဘဝအတ္ထုပ္ပတ္တိကိုလည်း ‘Rahsia Pengutip Sampah Jadi Jutawan’ အမည်ရှိစာအုပ်မှာ ဖော်ပြထားခြင်းခံခဲ့ရပါသေးတယ်။
ကမ္ဘာပေါ်ရှိသန်းကြွယ်သူဌေးအားလုံးသာ Muhammad Azlan Al-Amin ကဲ့သို့ဖြစ်ပါကကမ္ဘာကြီးဟာလည်းပိုမိုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်လာမိမှာ အမှန်ပါဘဲ။
Credit