cele

၃၆ နှစ်ခန့် ပေါင်းသင်းခဲ့သည့် ဦးမောင်မောင်ကျော်နှင့် ကွာရှင်းကြောင်း သရုပ်ဆောင် မို့မို့မြင့်အောင် ကြေညာ

၃၆ နှစ်ခန့် ပေါင်းသင်းခဲ့သည့် ဦးမောင်မောင်ကျော်နှင့် ကွာရှင်းကြောင်း သရုပ်ဆောင် မို့မို့မြင့်အောင် ကြေညာ

ငွေကြေးအရှုပ်အရှင်းများ ပြုလုပ်သောကြောင့် ၁၉၈၇ ခုနှစ်မှစတင်ပြီး အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့သည့် ဦးမောင်မောင်ကျော်နှင့် သရုပ်ဆောင် မိုမိုမြင့်အောင်တို့

နိုဝင်ဘာ ၂၄ ရက်က နှစ်ဦးသဘောတူကွာရှင်းလိုက်ပြီး ဖြစ်ကြောင်း သရုပ်ဆောင် မို့မို့မြင့်အောင်က ယနေ့တွင် ကြေညာထားသည်။

အဆိုပါ ကွာရှင်းမှုကို လသာမြို့နယ်ရှိ အမှတ် ၂ စည်ပင်သာယာ တရားရုံး မြို့နယ်တရားသူကြီး ရှေ့မှောက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး..

ထိုသို့ ကွာရှင်းရခြင်းမှာ ဦးမောင်မောင်ကျော်က သရုပ်ဆောင် မို့မို့မြင့်အောင် ခွင့်လွှတ်နိုင်မှု မရှိသည့် ငွေကြေးအရှုပ်အရှင်းများကို အကြိမ်ကြိမ်ကျုးလွန်ခြင်းကြောင့်

ဖြစ်ကြောင်းလည်း သရုပ်ဆောင် မို့မို့မြင့်အောင်က ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် သူမ၏ တရားလွှတ်တော်ရှေ့နေ ဒေါ်မေသွယ်တင်လတ်မှတစ်ဆင့် အများသိစေရန်ကြေညာထားသည်။

သရုပ်ဆောင် မို့မို့မြင့်အောင်၏ ကြေညာချက်တွင် ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင် ၁၂/တမန (နိုင်) ၀၆၁၇၀၀ နှင့် ဦးမောင်မောင်ကျော် ၁၂/တမန (နိုင်) ၀၆၁၆၉၉ တို့သည်

၁၇-၂-၁၉၈၇ နေ့မှ စ၍ တရားဝင်အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ပါသည်။

ကျွန်ုပ် မိတ်ဆွေ ဒေါ်မိုမိုမြင့်အောင်သည် ခင်ပွန်းသည်အား မယားဝတ္တရားနှင့်အညီ ပြုစုပေးခဲ့ပါသည်။

သို့သော် ဦးမောင်မောင်ကျော်သည် ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင် လုံးဝ သဘောတူသိရှိခြင်း မရှိသော ငွေကြေးအရှုပ်အရှင်းများ အကြိမ်ကြိမ်ကျူးလွန်ထားကြောင်း

သိရှိသောအခါ ကျွန်ုပ်မိတ်ဆွေမှ လက်ခံခွင့်လွှတ်နိုင်စွမ်း မရှိပါ၍ နှစ်ဦးသဘောတူညီချက်အရ ၂၄-၁၁-၂၀၂၂ နေ့၌ မြို့နယ်တရားသူကြီး

အမှတ် ၂ စည်ပင်သာယာ တရားရုံး လသာမြို့နယ် တွင် တရားဝင်ကွာရှင်းပြီး ဖြစ်ပါသည် ။

သို့ပါ၍ ပေါင်းသင်းစဉ် ကာလအတွင်း ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင် သိရှိသဘောတူခြင်း မရှိသော ဦးမောင်မောင် ကျော်ကျူးလွန်ခဲ့သော

ငွေကြေး အရှုပ်အရှင်းများနှင့် ကွာရှင်းပြီးနောက်ပိုင်း ထပ်မံကျူးလွန်ခဲ့ပါက ယင်းငွေကြေး ကိစ္စရပ်များအား..ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင်တွင်

လုံးဝ တာဝန်မရှိပါသဖြင့် ဖြေရှင်းဆောင်ရွက်ပေးမည် မဟုတ်ပါကြောင်း သက်ဆိုင်သူများနှင့် အများသိစေရန် ကြေညာအပ်ပါသည်။

မေးမြန်းစုံစမ်းခြင်း သည်းခံပါ ဟု ဖော်ပြထားသည်။crd