cele

ချစ်စရာကောင်းသောရုပ်ရည်ကြောင့် မော်ဒယ်လုပ်ဖို့ကမ်းလှမ်းခဲ့ပေမယ့် မလုပ်ပဲ လမ်းဘေးမှာသာ Seemore

႐ုပ္ရည္ေခ်ာေမာမႈသည္ လူအမ်ားၾကား ေနရာဝင္ဆံ့ၿပီး အခြင့္အလမ္းလည္းပိုမ်ားေပမယ့္ ဝါသနာပါသည့္သူမ်ားကသာ သူတို႔ရဲ႕႐ုပ္ရည္နဲ႔ အသက္ေမြး၀မ္းေက်ာင္းျပဳသလို အခ်ိဳ႕ေသာသူမ်ားက် အခြင့္အေရးေတြရွိေနသည့္ၾကားက ႐ိုးရွင္းေသာဘဝတြင္သာ ေနထိုင္လိုၾကသည္။

 

ယခုတြင္လည္း ဗီယက္နမ္ႏိုင္ငံက အသက္၂၈ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ မိသားစုစားဝတ္ေနေရး အခက္အခဲေၾကာင့္ ၉တန္းေက်ာင္းသူအ႐ြယ္မွာပဲ ေက်ာင္းထြက္ကာ မိဘေတြအသက္ေမြးဝမ္းေက်ာင္းျပဳေနေသာ ေစ်းသည္အျဖစ္ လုပ္ကိုင္ရင္း ဝင္ေငြရွာခဲ့ရသည္။

 

အမ်ိဳးသမီးသည္ ခက္ခဲေသာဘဝေတြၾကားက အေျခအေနခ်င္းတူသည့္ အမ်ိဳးသားတစ္ဦးကို ခ်စ္ႀကိဳက္ၿပီး လက္ထပ္ခဲ့ရာ ကေလးတစ္ေယာက္ရခ်ိန္မွာေတာ့ လမ္းေဘးတစ္ေနရာမွာ အသုပ္စုံဆိုင္ေလးဖြင့္ေရာင္းခဲ့သည္။

အမ်ိဳးသမီးသည္ လမ္းေဘးေစ်းသည္ျဖစ္ေသာ္လည္း ေခ်ာေမာေသာ႐ုပ္ရည္ရွိ၍ ဓာတ္ပုံေမာ္ဒယ္အျဖစ္ ကမ္းလွမ္းတာမ်ိဳးေတြရွိလာခဲ့ေပမယ့္ ႐ိုးရွင္းေသာဘဝကိုသာျဖတ္သန္းလို၍ လက္မခံခဲ့ေပ

အမ်ိဳးသမီးရဲ႕႐ုပ္ရည္သြင္ျပင္ကိုျမင္သည့္အခါ အိမ္ေထာင္သည္ ကေလးအေမလို႔လည္း ဘယ္သူကမွမထင္သည့္အျပင္ သေဘာေကာင္းေဖာ္ေ႐ြမႈတို႔ေၾကာင့္ လမ္းေဘးအသုပ္ဆိုင္ျဖစ္ေသာ္လည္း စားသုံးသူေတြစည္ကားၿပီး အခ်ိဳ႕မွာ ဓာတ္ပုံခိုး႐ိုက္ထားၿပီး လိုင္းေပၚမွ်ေဝခဲ့ၾကသည္။

Rain (For Ialinks)

Unicode

ချစ်စရာကောင်းသောရုပ်ရည်ကြောင့် မော်ဒယ်လုပ်ဖို့ကမ်းလှမ်းခဲ့ပေမယ့် မလုပ်ပဲ လမ်းဘေးမှာသာ အသုပ်စုံရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေသည့် မိန်းကလေး

ရုပ်ရည်ချောမောမှုသည် လူအများကြား နေရာဝင်ဆံ့ပြီး အခွင့်အလမ်းလည်းပိုများပေမယ့် ဝါသနာပါသည့်သူများကသာ သူတို့ရဲ့ရုပ်ရည်နဲ့ အသက်မွေးဝမ်းကျောင်းပြုသလို အချို့သောသူများကျ အခွင့်အရေးတွေရှိနေသည့်ကြားက ရိုးရှင်းသောဘဝတွင်သာ နေထိုင်လိုကြသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက အသက်၂၈နှစ်အရွယ် အမျိုးသမီးတစ်ဦးသည်။ မိသားစုစားဝတ်နေရေး အခက်အခဲကြောင့် ၉တန်းကျောင်းသူအရွယ်မှာပဲ ကျောင်းထွက်ကာ မိဘတွေအသက်မွေးဝမ်းကျောင်းပြုနေသော ဈေးသည်အဖြစ် လုပ်ကိုင်ရင်း ဝင်ငွေရှာခဲ့ရသည်။

အမျိုးသမီးသည် ခက်ခဲသောဘဝတွေကြားက အခြေအနေချင်းတူသည့် အမျိုးသားတစ်ဦးကို ချစ်ကြိုက်ပြီး လက်ထပ်ခဲ့ရာ ကလေးတစ်ယောက်ရချိန်မှာတော့ လမ်းဘေးတစ်နေရာမှာ အသုပ်စုံဆိုင်လေးဖွင့်ရောင်းခဲ့သည်။

အမျိုးသမီးသည် လမ်းဘေးဈေးသည်ဖြစ်သော်လည်း ချောမောသောရုပ်ရည်ရှိ၍ ဓာတ်ပုံမော်ဒယ်အဖြစ် ကမ်းလှမ်းတာမျိုးတွေရှိလာခဲ့ပေမယ့် ရိုးရှင်းသောဘဝကိုသာဖြတ်သန်းလို၍ လက်မခံခဲ့ပေ။

အမျိုးသမီးရဲ့ရုပ်ရည်သွင်ပြင်ကိုမြင်သည့်အခါ အိမ်ထောင်သည် ကလေးအမေလို့လည်း ဘယ်သူကမှမထင်သည့်အပြင် သဘောကောင်းဖော်ရွေမှုတို့ကြောင့် လမ်းဘေးအသုပ်ဆိုင်ဖြစ်သော်လည်း စားသုံးသူတွေစည်ကားပြီး အချို့မှာ ဓာတ်ပုံခိုးရိုက်ထားပြီး လိုင်းပေါ်မျှဝေခဲ့ကြသည်။

Rain (For Ialinks)