Knowledge

ခလေးကိုရိုက်နှက်ဆုံးမခြင်းရဲ့ အကျိုးဆက်များ

ခလေးကိုရိုက်နှက်ဆုံးမခြင်းရဲ့ အကျိုးဆက်များ

ကျွန်မတို့ပတ်ဝန်ကျင်မှာ အမြဲတွေ့ရတာကတော့ ခလေးက နည်းနည်းအပြစ်လုပ်တာနဲ့ ပြောဖို့ထက် လက်နဲ့ပဲဖြစ်ဖြစ် တုတ်နဲ့ပဲဖြစ်ဖြစ် ဆွဲရိုက်တော့တာပါပဲ။ တစ်ချို့ကိစ္စတွေက နားလည်အောင်ရှင်းပြတာနဲ့ ရပါတယ်။ ရိုက်မှ ရင်ထဲစွဲပြီမှတ်မိတာပါမဟုတ်ပါ။

ရိုက်လိုက်မှပဲ ခလေးရဲ့ ရွဲတတ်တဲ့စိတ်ကို နိုးကြားလာအောင်လုပ်လိုက်တာနဲ့ အတူတူပဲ ပြီးတော့ ခလေးကို ရိုက်လိုက်လို့ ကြောက်သွားတာ မဟုတ်ပါဘူး ခလေးက တုတ်ကို ကြောက်တာပဲရှိတာပါ လူကို မကြောက်တတ်တော့ပါဘူး အရိုက်ခံရတဲ့ခလေး နဲ့ မိဘကြားမှာ ဆိုးကြိုးတွေ အများကြီးရှိလာနိုင်ပါတယ်။

ကျွန်မဆိုလိုတာက ခလေးကို သွန်သင်ဆုံးမလို့ မရဘူးလို့ပြောတာမဟုတ်ပါဘူး။ ခလေးတွေကို ရိုက်လို့တော့ရပါတယ်။ ဒါပေမယ့် ဒေါသတကြီးဆွဲရိုက်တာမျိုးမဟုတ်ပဲနဲ့ ဘာလုပ်လို့ရိုက်တယ် ဘာကြောင့် အရိုက်ခံရတယ်ဆိုပြီး နားလည်အောင်ပြောစေချင်တာပါ။ ဒေါသကြောင့်ရိုက်ရင် ခလေးကငိုလေ ဒေါသကပိုထွက်လေ ပိုရိုက်လေဖြစ်ပြီး ခလေးက ကိုယ်ဘာကြောင့်ရိုက်ခံရတယ်ဆိုတာကိုမသိတော့ပဲ နာတာကိုပဲသိပြီး ဆိုးကျိုးတွေဖြစ်လာနိုင်လို့ပါ။

ခလေးတွေကို ဓလေ့ထုံစံတွေနဲ့လိုက်လျှောညီထွေနေတတ်အောင် ၊ အမှုအကျင့်ကောင်းတွေနဲ့ ကြီးပြင်အောင်၊ ဘယ်လိုလုပ်ရင် အန္တရာယ်ရှိတယ် ဘယ်လိုလုပ်ရင် အန္တရာယ် မရှိဘူးဆိုတာသိအောင်၊ လိုချင်တာကို ခိုးယူတာမျိုးမဟုတ်ပဲ တောင်းယူတတ်အောင်၊ လူကြီးမိဘတွေကို ရိုသေတတ်အောင် သေချာ ရှင်းပြပြောဆိုတတ်ဖို့လိုပါတယ်။

အဲလိုမှမဟုတ်ပဲ ကိုယ့်စိတ်ထဲမတွေ့တာနဲ့ ခလေးကို နင်ဒီလိုလုပ်စရာလာဆိုပြီး ဆွဲမရိုက်သင့်ပါဘူး။ ဘာလို့ဆို ကိုယ့်ကမသင်ပြထားရင် ခလေးကမသိနိုင်တာမို့ ခလေးရဲ့အပြစ်မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။ ခလေးတွေဆိုတာ လောကအသစ်ကို စတင်ဝင်ရောက်ပြီး စူးစမ်းလေ့လာနေကျပြီး သူတို့ရဲ့ဦးနှောက်ဉာဏ်မှီသလောက်ကို သူတို့လုပ်ချင်တာကို စမ်းသပ်လုပ်ကြည့်နေကြတာ။

အဲဒါကို ကိုယ့်က သူတို့ မှားရင်တောင် အမှားထဲက သင်ခန်းစာယူတတ်အောင် ရှင်းပြသင်ကြားပေးမှ မှန်မှာလေ။ အဲလိုမဟုတ်ပဲ ရိုက်လိုက်မယ်ဆိုရင် ခလေးက ကိုယ့်ကို ရွံ့ကြောက်ကြီးကြောက်သွားနိုင်သလို ခလေးရဲ့ ဉာဏ်ရည်ကိုလဲ တုံးအောင်လုပ်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။

ရိုက်နှက်ခြင်းရဲ့ အကျိုးဆက်

ရိုက်နှက်ခြင်းရဲ့ အကျိုးဆက်တွေအနေနဲ့ မိဘ နဲ့ သားသမီးကြား ချစ်ခင်လေးစားခြင်းတွေ၊ မိဘ အလိုကျလုပ်ပေးချင်တဲ့စိတ်လေးတွေ ပျောက်ပြီး ရွံ့ကြောက်ကြီးကြောက်ပြီး ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်လာတတ်ပါတယ်။

ခလေးဟာ သူများကိုလဲ ရိုက်နှက်လိုက်ဖို့ ဝန်မလေးတော့ပါဘူး ကိုယ်ရိုက်ခံရသလို သူများကိုလဲ ရိုက်ချင်တဲ့စိတ်လေးတွေ ကိန်အောင်းလာတတ်ကာ သူငယ်ချင်းတွေ ကြားမှာ အဆင်မပြေဖြစ်လာတတ်ပြီး ပေါင်းသင်းဆံဆက်ရေးညံ့လာတတ်ပါတယ်။

ပြီးတော့ ခလေးရဲ့ စိတ်ဟာ မထုံတတ်သေးဖြစ်လာပြီး ပြန်မပြော နားမထောင်ဖြစ်လာတတ်ပြီး ကောင်းတဲ့စိတ်ကလေးတွေ မရှိတော့ပဲ အစွမ်းအစတွေ ပျောက်ကွယ်လာကာ ဆိုးတဲ့လမ်းကြောင်းကို ဦးတည်သွားတတ်ပါတယ်။

မရိုက်ပဲ နားလည်အောင်ပြောပြီး လိုအပ်မှ ဆုံးမတာ က အကောင်းဆုံးပါ

ခလေးကို မရိုက်ပဲနားလည်အောင်ပြောပြီး လိုအပ်မှဆုံးမတာက အကောင်းဆုံးပါ။ ခလေးကို နားလည်အောင် အမှားအမှန်ရှင်းပြပြီး ဒါကဘယ်လုပ်သင့်တယ် ဒီလိုလုပ်တာတော့မကောင်းဘူး နောက်လုပ်ရင်တော့ မေတို့ကဒဏ်ပေးမှာနော် သမီးက လိမ္မာရဲ့သားနဲ့ မဟုတ်ဘူးလာဆိုတာမျိုးပြောမယ်ဆိုရင် မိဘနဲ့သားသမီးကြားကပြသာနာ လျှော့နည်းသွားမှာပါ။

ရှင်းပြလိုက်တဲ့အတွက် ရိုက်နှက်လို့ ရသွားမယ့်စိတ်ဓာတ်ရာထက် ကိုယ်ရှင်းပြတာကို ခေါင်းထဲမှာ မှတ်မိသွားမယ်ဆိုရင် ခလေးရဲ့ဉာဏ်ရည်ဟာ ပိုပြီးဖွံ့ဖြိုးလာမှာပါ။ ပြီးတော့ လိမ္မာ ယဉ်ကျေး ဉာဏ်ရည်ထက်မြက်တဲ့အပြင် မိဘစကားကို နားထောင်တတ်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ရပါလိမ့်မယ်။ ခလေးရဲ့စိတ်ကို ခံစားနားလည်နိုင်ပါစေ။

မှတ်ချက် ။ ။ ဒီ post လေးဟာ ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ရည်ရွယ်ချက်မပါပါဘူး။လိုအပ်နေတာလေးရှိရင်တော့ ဖြည့်ပြီးဖတ်ပေးပါနော်။ သားသမီးနဲ့ မိဘကြားက နားလည်မှုလွဲနေတာလေးကိုပဲ အဆင်ပြေပြီး ခလေးတွေရဲ့ရင်ထဲက စိတ်ဒဏ်ရာကို လျှော့နည်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ရေးထားတာပါ။

Credit to Rose White

================

Unicode

ခေလးကို႐ိုက္ႏွက္ျခင္းရဲ႕ အက်ိဳးဆက္မ်ား

ကြၽန္မတို႔ပတ္ဝန္က်င္မွာ အၿမဲေတြ႕ရတာကေတာ့ ခေလးက နည္းနည္းအျပစ္လုပ္တာနဲ႔ ေျပာဖို႔ထက္ လက္နဲ႔ပဲျဖစ္ျဖစ္ တုတ္နဲ႔ပဲျဖစ္ျဖစ္ ဆြဲ႐ိုက္ေတာ့တာပါပဲ။ တစ္ခ်ိဳ႕ကိစၥေတြက နားလည္ေအာင္ရွင္းျပတာနဲ႔ ရပါတယ္။ ႐ိုက္မွ ရင္ထဲစြဲၿပီမွတ္မိတာပါမဟုတ္ပါ။

႐ိုက္လိုက္မွပဲ ခေလးရဲ႕ ႐ြဲတတ္တဲ့စိတ္ကို ႏိုးၾကားလာေအာင္လုပ္လိုက္တာနဲ႔ အတူတူပဲ ၿပီးေတာ့ ခေလးကို ႐ိုက္လိုက္လို႔ ေၾကာက္သြားတာ မဟုတ္ပါဘူး ခေလးက တုတ္ကို ေၾကာက္တာပဲရွိတာပါ လူကို မေၾကာက္တတ္ေတာ့ပါဘူး အ႐ိုက္ခံရတဲ့ခေလး နဲ႔ မိဘၾကားမွာ ဆိုးႀကိဳးေတြ အမ်ားႀကီးရွိလာႏိုင္ပါတယ္။

ကြၽန္မဆိုလိုတာက ခေလးကို သြန္သင္ဆုံးမလို႔ မရဘူးလို႔ေျပာတာမဟုတ္ပါဘူး။ ခေလးေတြကို ႐ိုက္လို႔ေတာ့ရပါတယ္။ ဒါေပမယ့္ ေဒါသတႀကီးဆြဲ႐ိုက္တာမ်ိဳးမဟုတ္ပဲနဲ႔ ဘာလုပ္လို႔႐ိုက္တယ္ ဘာေၾကာင့္ အ႐ိုက္ခံရတယ္ဆိုၿပီး နားလည္ေအာင္ေျပာေစခ်င္တာပါ။ ေဒါသေၾကာင့္႐ိုက္ရင္ ခေလးကငိုေလ ေဒါသကပိုထြက္ေလ ပို႐ိုက္ေလျဖစ္ၿပီး ခေလးက ကိုယ္ဘာေၾကာင့္႐ိုက္ခံရတယ္ဆိုတာကိုမသိေတာ့ပဲ နာတာကိုပဲသိၿပီး ဆိုးက်ိဳးေတြျဖစ္လာႏိုင္လို႔ပါ။

ခေလးေတြကို ဓေလ့ထုံစံေတြနဲ႔လိုက္ေလွ်ာညီေထြေနတတ္ေအာင္ ၊ အမႈအက်င့္ေကာင္းေတြနဲ႔ ႀကီးျပင္ေအာင္၊ ဘယ္လိုလုပ္ရင္ အႏၲရာယ္ရွိတယ္ ဘယ္လိုလုပ္ရင္ အႏၲရာယ္ မရွိဘူးဆိုတာသိေအာင္၊ လိုခ်င္တာကို ခိုးယူတာမ်ိဳးမဟုတ္ပဲ ေတာင္းယူတတ္ေအာင္၊ လူႀကီးမိဘေတြကို ႐ိုေသတတ္ေအာင္ ေသခ်ာ ရွင္းျပေျပာဆိုတတ္ဖို႔လိုပါတယ္။

အဲလိုမွမဟုတ္ပဲ ကိုယ့္စိတ္ထဲမေတြ႕တာနဲ႔ ခေလးကို နင္ဒီလိုလုပ္စရာလာဆိုၿပီး ဆြဲမ႐ိုက္သင့္ပါဘူး။ ဘာလို႔ဆို ကိုယ့္ကမသင္ျပထားရင္ ခေလးကမသိႏိုင္တာမို႔ ခေလးရဲ႕အျပစ္မဟုတ္ဘူးဆိုတာ သိထားဖို႔လိုပါတယ္။ ခေလးေတြဆိုတာ ေလာကအသစ္ကို စတင္ဝင္ေရာက္ၿပီး စူးစမ္းေလ့လာေနက်ၿပီး သူတို႔ရဲ႕ဦးေႏွာက္ဉာဏ္မွီသေလာက္ကို သူတို႔လုပ္ခ်င္တာကို စမ္းသပ္လုပ္ၾကည့္ေနၾကတာ။

အဲဒါကို ကိုယ့္က သူတို႔ မွားရင္ေတာင္ အမွားထဲက သင္ခန္းစာယူတတ္ေအာင္ ရွင္းျပသင္ၾကားေပးမွ မွန္မွာေလ။ အဲလိုမဟုတ္ပဲ ႐ိုက္လိုက္မယ္ဆိုရင္ ခေလးက ကိုယ့္ကို ႐ြံ႕ေၾကာက္ႀကီးေၾကာက္သြားႏိုင္သလို ခေလးရဲ႕ ဉာဏ္ရည္ကိုလဲ တုံးေအာင္လုပ္လိုက္သလိုျဖစ္သြားပါလိမ့္မယ္။

႐ိုက္ႏွက္ျခင္းရဲ႕ အက်ိဳးဆက္

႐ိုက္ႏွက္ျခင္းရဲ႕ အက်ိဳးဆက္ေတြအေနနဲ႔ မိဘ နဲ႔ သားသမီးၾကား ခ်စ္ခင္ေလးစားျခင္းေတြ၊ မိဘ အလိုက်လုပ္ေပးခ်င္တဲ့စိတ္ေလးေတြ ေပ်ာက္ၿပီး ႐ြံ႕ေၾကာက္ႀကီးေၾကာက္ၿပီး ေရွ႕တစ္မ်ိဳးကြယ္ရာတစ္မ်ိဳးလုပ္လာတတ္ပါတယ္။

ခေလးဟာ သူမ်ားကိုလဲ ႐ိုက္ႏွက္လိုက္ဖို႔ ဝန္မေလးေတာ့ပါဘူး ကိုယ္႐ိုက္ခံရသလို သူမ်ားကိုလဲ ႐ိုက္ခ်င္တဲ့စိတ္ေလးေတြ ကိန္ေအာင္းလာတတ္ကာ သူငယ္ခ်င္းေတြ ၾကားမွာ အဆင္မေျပျဖစ္လာတတ္ၿပီး ေပါင္းသင္းဆံဆက္ေရးညံ့လာတတ္ပါတယ္။

ၿပီးေတာ့ ခေလးရဲ႕ စိတ္ဟာ မထုံတတ္ေသးျဖစ္လာၿပီး ျပန္မေျပာ နားမေထာင္ျဖစ္လာတတ္ၿပီး ေကာင္းတဲ့စိတ္ကေလးေတြ မရွိေတာ့ပဲ အစြမ္းအစေတြ ေပ်ာက္ကြယ္လာကာ ဆိုးတဲ့လမ္းေၾကာင္းကို ဦးတည္သြားတတ္ပါတယ္။

မ႐ိုက္ပဲ နားလည္ေအာင္ေျပာၿပီး လိုအပ္မွ ဆုံးမတာ က အေကာင္းဆုံးပါ

ခေလးကို မ႐ိုက္ပဲနားလည္ေအာင္ေျပာၿပီး လိုအပ္မွဆုံးမတာက အေကာင္းဆုံးပါ။ ခေလးကို နားလည္ေအာင္ အမွားအမွန္ရွင္းျပၿပီ..း ဒါကဘယ္လုပ္သင့္တယ္ ဒီလိုလုပ္တာေတာ့မေကာင္းဘူး ေနာက္လုပ္ရင္ေတာ့ ေမတို႔ကဒဏ္ေပးမွာေနာ္ သမီးက လိမၼာရဲ႕သားနဲ႔ မဟုတ္ဘူးလာဆိုတာမ်ိဳးေျပာမယ္ဆိုရင္ မိဘနဲ႔သားသမီးၾကားကျပသာနာ ေလွ်ာ့နည္းသြားမွာပါ။

ရွင္းျပလိုက္တဲ့အတြက္ ႐ိုက္ႏွက္လို႔ ရသြားမယ့္စိတ္ဓာတ္ရာထက္ ကိုယ္ရွင္းျပတာကို ေခါင္းထဲမွာ မွတ္မိသြားမယ္ဆိုရင္ ခေလးရဲ႕ဉာဏ္ရည္ဟာ ပိုၿပီးဖြံ႕ၿဖိဳးလာမွာပါ။ ၿပီးေတာ့ လိမၼာ ယဥ္ေက်း ဉာဏ္ရည္ထက္ျမက္တဲ့အျပင္ မိဘစကားကို နားေထာင္တတ္တဲ့ သားသမီးေတြကို ပိုင္ဆိုင္ရပါလိမ့္မယ္။ ခေလးရဲ႕စိတ္ကို ခံစားနားလည္ႏိုင္ပါေစ။

မွတ္ခ်က္ ။ ။ ဒီ post ေလးဟာ ဘယ္သူ႔ကိုမွ ထိခိုက္ေစခ်င္တဲ့ရည္႐ြယ္ခ်က္မပါပါဘူး။လိုအပ္ေနတာေလးရွိရင္ေတာ့ ျဖည့္ၿပီးဖတ္ေပးပါေနာ္။ သားသမီးနဲ႔ မိဘၾကားက နားလည္မႈလြဲေနတာေလးကိုပဲ အဆင္ေျပၿပီး ခေလးေတြရဲ႕ရင္ထဲက စိတ္ဒဏ္ရာကို ေလွ်ာ့နည္းေစခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ေရးထားတာပါ ။

Credit to Rose White