Mobile ဖုန်းဖြင့်ဖတ်ရှုနိုင်သည့် ဒစ်ဂျစ်တယ်မီတာများ ရန်ကုန်တိုင်း မြို့နယ်(၅)ခုတွင်တပ်ဆင်ပြီး_
ရန်ကုန်တိုင်း အတွင်း မြို့နယ်၅ ခုမှာလျှပ်စစ်မီတာများကို မိုဘိုင်းလ်ဖုန်းမှာဖတ်ရူနိုင်ရန်ချိတ်ဆက်ထားတဲ့အဆင့်မြင့်မီတာစနစ် (AMI)စနစ်နဲ့ ဒစ်ဂျစ်တယ်မီတာများ တပ်ဆင်ထားပြီးဖြစ်ကြောင်း_ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင် YESCကနေသိရပါတယ်။
လက်ရှိမှာ မိုဘိုင်းဖုန်းနဲ့ ချိတ်ဆက်ထားတဲ့အဆင့်မြင့်မီတာစနစ်(AMI)စနစ်ကိုလမ်းမတော်၊လသာ၊ကျောက်တံတား၊ ပုဇွန်တောင်နဲ့ ဗိုလ်တစ်ထောင် မြို့နယ်စတဲ့ မြို့နယ်၅ခု မှာတပ်ဆင်နေပြီဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ မြို့နယ် များတွင် AMI စနစ်အခြေခံ ဒစ်ဂျစ်တယ်မီတာ ၆၆၁၈၉ လုံးကိုလက်ရှိမှာလျှပ်စစ်ဌာနမှာတပ်ဆင်ပေးခဲ့ပြီး ထပ်မံတပ်ဆင်ရန် မီတာအလုံး ၉၀၀ ကျန်ရှိနေပြီးဆက်လက်တပ်ဆင်မှာဖြစ်ရာ လုပ်ငန်းပြီးစီးမှု ၉၈ဒသမ၆၆ရာခိုင်နှုန်း ပြီးစီးနေပြီလို့ YESCက ထုတ်ပြန်ထားပါတယ်။
AMI စနစ် ဟာ ဓာတ်အားဆုံးရှုံးမှုကို သိသာစွာ လျော့ချပေးနိုင်ပြီး Me Bill အက်ပလီကေးရှင်းကို အသုံးပြုပြီး မိုဘိုင်းလ်ဖုန်းတွေကတစ်ဆင့်သုံးစွဲသူတွေအသုံးပြုသောမီတာယူနစ်များကို ကြည့်ရူ နိုင်မှာဖြစ်ကာဖုန်းများမှာမီတာဖတ်နိုင်မယ်လို့ဆိုပါတယ်။
ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်တိုင်များ ပေါ်မှာ ရှုပ်ထွေးနေတဲ့ ဝါယာကြိုးကေဘယ်စနစ်တွေကိုလည်း လတ်တလောမှာ ရှုပ်ထွေးမှုမရှိစေရန် လိုက်လံ ပြင်ဆင်ဆောင်ရွက်နေကြောင်းလည်း YESC က ထုတ်ပြန်ထားပါတယ်။crd
Unicode
Mobile ဖုန်းဖြင့်ဖတ်ရှုနိုင်သည့် ဒစ်ဂျစ်တယ်မီတာများ ရန်ကုန်တိုင်း မြို့နယ်(၅)ခုတွင်တပ်ဆင်ပြီး_
ရန်ကုန်တိုင်း အတွင်း မြို့နယ်၅ ခုမှာလျှပ်စစ်မီတာများကို မိုဘိုင်းလ်ဖုန်းမှာဖတ်ရူနိုင်ရန်ချိတ်ဆက်ထားတဲ့အဆင့်မြင့်မီတာစနစ် (AMI)စနစ်နဲ့ ဒစ်ဂျစ်တယ်မီတာများ တပ်ဆင်ထားပြီး_ဖြစ်ကြောင်းရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင် YESCကနေသိရပါတယ်။
လက်ရှိမှာ မိုဘိုင်းဖုန်းနဲ့ ချိတ်ဆက်ထားတဲ့အဆင့်မြင့်မီတာစနစ်(AMI)စနစ်ကိုလမ်းမတော်၊လသာ၊ကျောက်တံတား၊ ပုဇွန်တောင်နဲ့ ဗိုလ်တစ်ထောင် မြို့နယ်စတဲ့ မြို့နယ်၅ခု မှာတပ်ဆင်နေပြီဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ မြို့နယ် များတွင် AMI စနစ်အခြေခံ ဒစ်ဂျစ်တယ်မီတာ ၆၆၁၈၉ လုံးကိုလက်ရှိမှာလျှပ်စစ်ဌာနမှာတပ်ဆင်ပေးခဲ့ပြီး ထပ်မံတပ်ဆင်ရန် မီတာအလုံး ၉၀၀ ကျန်ရှိနေပြီးဆက်လက်တပ်ဆင်မှာဖြစ်ရာ လုပ်ငန်းပြီးစီးမှု ၉၈ဒသမ၆၆ရာခိုင်နှုန်း ပြီးစီးနေပြီလို့ YESCက ထုတ်ပြန်ထားပါတယ်။
AMI စနစ် ဟာ ဓာတ်အားဆုံးရှုံးမှုကို သိသာစွာ လျော့ချပေးနိုင်ပြီး Me Bill အက်ပလီကေးရှင်းကို အသုံးပြုပြီး မိုဘိုင်းလ်ဖုန်းတွေကတစ်ဆင့်သုံးစွဲသူတွေအသုံးပြုသောမီတာယူနစ်များကို ကြည့်ရူ နိုင်မှ_ာဖြစ်ကာဖုန်းများမှာမီတာဖတ်နိုင်မယ်လို့ဆိုပါတယ်။