အေထြအေထြဗဟုသုတ

စီးပွားရေး လုပ်ငန်းတစ်ခု စတင်လိုက်တိုင်း အမြတ်မရတဲ့အပြင် အရင်းပါရှုံးရခြင်းရဲ့ နောက်ကွယ်က စီမံခန့်ခွဲမှုအလွဲများ…..











crd

Unicode

အရင်းပြုတ်တယ်ဆိုတာ ရောင်းရတဲ့ငွေကိုသုံးပစ်လို့ပါဘယ်စီးပွားရေးကြောင့်နဲ့မှမဆိုင်ပါဘူး..ရောင်းရငွေကိုလုံးဝမသုံးပဲ ပြန်ပြန်ရင်းသူတိုင်းအရင်းမပြုတ်ပါဘူး

အမြတ်မြင်ရဖို့သုံးရဖို့ နှေးချင်နှေးမယ်ဒါပေမယ့်အရင်းပိုပိုများလာမယ် ။

ပြောရတာလွယ်ပေမယ့်လူအများစုကစည်းကမ်းမရှိကြပါဘူး များများရောင်းရလေများများသုံးချင်လေဖြစ်ကြပါတယ်သုံးလိုက်တဲ့ထဲမှာကိုယ့်အရင်းတွေပါပါသွားတယ်ဆိုလည်းသတိမထားမိကြပါဘူး ဘယ်အချိန်မှာသတိထား

မိကြလဲဆိုရင် ပြန်ရင်းဖို့ပိုက်ဆံမရှိတော့တဲ့အချိန်မှာပေါ့အရင်းပြုတ်ရတဲ့နောက်ထပ်အကြောင်းရင်းအကြွေးရောင်းလို့ပါရောင်းကုန်သွားတဲ့ချိန်အကြွေးကမကောက်နိုင်သေးဘူး တေပစ္စည်းကပြန်ဝယ်ရတော့မှာအဲ့မှာအရင်းတွေ

ထပ်ထပ်ထုတ်ရင်းရှိရှိသမျှ ပြုတ်တာပါပဲအရင်းပြုတ်တဲ့နောက်ထပ်ပိုဆိုးတဲ့အကြောင်းရင်းကအကြွေးယူပြီးစီးပွားရေးလုပ်တာပါ

စလုပ်ပြီဆိုတည်းကNegative Energy နဲ့..စတော့ထင်သလောက်မရောင်းရအတိုးလည်းမဆပ်နိုင်ရကနေ နောက်ဆုံးရှိတာတွေပါအကုန်ပြုတ်ကြတဲ့အထိပေါ့နော်

အရင်းပြုတ်သွားတဲ့အချိန်မှဘာပြောကြလဲဆိုရင်ဒီစီးပွားရေးကမကောင်းဘူးအရင်းပြုတ်တယ် ဆိုတာပါပဲတကယ်ကကိုယ်ရှိတဲ့ ငွေပမာဏလေးနဲ့တတ်နိုင်

သလောက်လေးစီးပွားရေးစလုပ်မယ်လူအားဉာဏ်အားပိုစိုက်ထုတ်မယ်ရောင်းရသလောက်အရင်းထဲပြန်ပြန်ထည့်မယ်စည်းကမ်းရှိမယ်မလိုအပ်တာအရေးမကြီးတာ ဘာမှမဝယ်ပဲ သီးခံနိုင်တယ် မျိုသိပ်ထားနိုင်တယ်ဆိုရင်

Cash Flow managementနိုင်တယ်ဆိုရင်စီးပွားရေးကတစ်ဖြေးဖြေးချင်းအဆင်ပြေပြီး တိုးတက်ပြောင်းလဲလာမှာပါ

အားလုံးပဲ ငွေကြေး သေချာစီမံခန့်ခွဲနိုင်ပြီးစီးပွားရေးတိုင်းတိုးတက်အောင်မြင်ကြပါစေ ။

crd