အေထြအေထြဗဟုသုတ
သာမည ဆရာတော်ကြီး၏ အမှုအခင်းရှိလျှင် ရွတ်ဆိုပူဇော်ရမည့် ဂါထာ-
Credit – Nyein Chan Zu
ဥုံ – သိဒ္ဓိဘုရားထိပ်မှာထား ၊ နားမှာ ဗြဟ္မာ ၊ ၊လက်မှာ သိကြား ၊ ခါးမှာ ဘီလူး ၊ ဒူးမှာ ခြင်္သေ့ ၊ခြေမှာ နဂါး ၊ကိုယ်မှာ ဂဠုန်၊ အစောင့်ထားပါ၏ ။ ဥုံ – ကောက္ကုသံ ၊ ဥုံ – ကောဏဂုံ ၊ ဥုံ – ကဿဖ ၊ ဥုံ – ဂေါတမ ၊ ဥုံ – အရိမေတ္တယျ ၊
ဥုံ – ဒီပင်္ကရာမြတ်စွာဘုရားကို ကိုးကွယ်ပါ၏..။ဓာတ်တော်ဝင် ၊မဟာဝင် ၊ဧရာဝင် ၊မဟာဝိနေယာ ၊ဗောဓိရှစ်တန် ၊ဉာဏ်တော်( ၁၈ ) ပါး ၊ ဥုံ – ဘုရား ၊ ဥုံ – တရား ၊ ဥုံ – သံဃာတော်နှင့် ရွှေအဆင်းအလား ဦးခေါင်းတော်က မြင်းမိုရ်တောင် ၊မျက်လုံးတော်က ပုလဲရောင် ၊ သွားတော်က ဝရဇိန် ၊လည်တော်က သံချောင်း ၊ မဏိဗောဓိ ရွှေညောင်ပင်က ပွင့်တော် မူပါ၍
လေးသင်္ချေ ကမ္ဘာတစ်သိန်း ၊ရှစ်သင်္ချေ ကမ္ဘာတစ်သိန်း ၊တစ်ဆယ့်ခြောက်သင်္ချေ ကမ္ဘာ တစ်သိန်း ၊ပါရမီဖြည့်လာသော ဘဘုရား ၊ သားတော် ၊ သမီးတော် တို့ကို ဆင်းရဲဒုက္ခ ဝဋ်ဆင်းရဲမှ လွတ်ကင်းအောင် ချမ်းသာသုခ ဘဝရောက်အောင် ပို့ဆောင်နိုင်သော အရှင်ဘုရား ၊ ၊ ချမ်းသာအောင် စောင့်ရှောက်တော်မူပါအရှင်ဘုရား။ (မှတ်ချက်) သာမညဆရာတော် ဘုရားကြီး အထူးပေးသော ဂါထာတော်ကို – ( ၁ ) အမှုအခင်းရှိက ( ၉ ) ခေါက် ရွတ်။
( ၂ ) ပစ္စည်းပျောက်လျှင် ( ၃ ) ခေါက် ရွတ်..။ ( ၃ ) နေထိုင်မကောင်းလျှင် ( ၇ ) ခေါက် ရွတ်..။ ( ၄ ) ချမ်းသာချင်လျှင် ( ၁၂ ) ခေါက် ရွတ်။ ( ၅ ) စစ်တိုက်သွားလျှင် ( ၅ ) ခေါက်ရွတ်။ ဘုရားအား အာရုံပြု၍ ရွတ်ဖတ်သရဇ္ဇျယ် ပွားများပါ။)
Credit – Nyein Chan Zu