အေထြအေထြဗဟုသုတ

သူတစ်ပါးမျက်ရည်ကြီးငယ်ကျပြီးမှ စားရတဲ့ ထမင်းတစ်နပ်ကတော့ အင်မတန်မှကို ပူလောင်ရပါတယ်

သူတစ္ပါးမ်က္ရည္ႀကီးငယ္က်ၿပီးမွ စားရတဲ့ ထမင္းတစ္နပ္ကေတာ့ အင္မတန္မွကို ပူေလာင္ရပါတယ္ ။

ကိုယ့္ထက္ ျမင့္တဲ့ လူေတြနဲ႔ ေတြ႕တာအခါ.. အားက်ပါ မနာမလိုပါနဲ႔ ေနာက္ဆုံး မုဒိတာ မပြားႏိုင္ရင္ေတာ့ ဘာကိုမွ မျမင္သလို ေနၿပီး ဘာမွ မေျပာျဖစ္ လိုက္ တာက ပိုၿပီးေတာ့ ေကာင္းပါတယ္ ။

ကိုယ္ေတြ ရွင္သန္ေန ရတဲ့ ပတ္ဝန္းက်င္မွာ ကိုယ့္ထက္သာရင္ မနာလို မယ့္ လူေတြ ခ်ည္းပဲ မ်ားတယ္ အဲ့ဒီလူမ်ိဳးထဲ ကိုယ္မပါဖို႔က အဓိကပဲေလ မဟုတ္လား ။

သူေတာင္ လုပ္ေသးတာပဲ ငါလဲ လုပ္မယ္ဆိုရင္ အဲ့ဒီမေကာင္းတဲ့ လူနဲ႔ ကိုယ္နဲ႔ အတူတူပဲ ျဖစ္သြားမွာေပါ့ မေကာင္းတဲ့ အက်င့္တဲ့ အျပဳအမူေတြကို လြယ္လြယ္ေလး အတုယူ မမွားေစနဲ႔ ။

မေကာင္းတာ လုပ္ၿပီး အျမင့္ေရာက္ေနတာ ပဲျဖစ္ျဖစ္ ဖားၿပီးမွ ဘဝေတြ ျမင့္လာတာပဲျဖစ္ျဖစ္ အားမက်နဲ႔ ။

အလြယ္လမ္း လိုက္ၿပီး အျမင့္ေတြ ေရာက္လာတဲ့ ဘဝေတြဟာ မ်ားေသာ အားျဖင့္ ေအာက္ေျခမခိုင္တတ္ဘူး ။

ေအာက္ေျခ မခိုင္တဲ့ ဘဝေတြ အက်ိဳးေပးတဲ့ ကံကုန္လို႔ ျပဳတ္က်တဲ့ ေခြးက်ဝက္က် ထက္ ဆိုးတဲ့ဘဝေတြ ျဖစ္သြားတတ္တယ္။

လူတစ္ေယာက္ရဲ႕ကံဆိုတာ ကိုယ္ေတြ ႀကိဳသိႀကိဳျမင္ေနႏို င္တာမ်ိဳး မဟုတ္ဘူးေလ.. ။

မေကာင္းမႈေတြ လုပ္ၿပီး ခ်မ္းသာလာတဲ့ သူကို ၾကည့္ၿပီး မေကာင္းတာ လုပ္လို႔ ခ်မ္းသာတယ္လို႔ တရားေသမ သတ္မွတ္လိုက္နဲ႔ အတိတ္ဘဝက ကုသိုလ္ကံေလး က်န္ေသးလို႔သာ သူ႔မွာ ခံသာေနေသးတာပါ ။

ဒီလိုလူေတြ ပတ္ဝန္းက်င္မွာ အမ်ားႀကီးရွိပါတယ္ အားလဲမက်နဲ႔ အတုယူလဲ မမွားေစနဲ႔..

တစ္ဘဝစံ ၿပီး က်န္တဲ့ သံသရာမွာ ခံရမယ့္ ကံေတြကို ျမင္ေအာင္ၾကည့္ပါ ။

ေၾကာက္တတ္ရင္ သိပ္ေၾကာက္ဖို႔ ေကာင္းတဲ့ အေႂကြးေတြမွ အမ်ားႀကီးပဲ ။

ထမင္းတစ္နပ္ ဆားနဲ႔ပဲ ျဖစ္ျဖစ္ အသားေတြ ငါးေတြနဲ႔ ပဲျဖစ္ျဖစ္ စားၿပီးသြားတဲ့ အခါ ထမင္းတစ္နပ္ဟာ ထမင္းတစ္ မနပ္ပါပဲ ။

ဒါေပမယ့္ သူတစ္ပါး မ်က္ရည္ႀကီး ၊ ငယ္က်ၿပီးမွ စားရတဲ့ ထမင္း တစ္နပ္ကေတာ့.. အင္မတန္မွကို ပူေလာင္ရပါတယ္ ။

သံသရာဆိုတာ ေဝးပါေသးတယ္ ။

ဝဋ္ဆိုတာမ်ိဳးက ေနာင္ဘဝကူးမွာ မဟုတ္ဘူးေလ ညာဘက္က အက်င့္ယုတ္ လိုက္တာနဲ႔ ဘယ္ဘက္က ျပန္လာၿပီးသားပဲ အခ်ိန္တစ္ခုပဲ လိုတာပါ ဒါေတြေၾကာင့္ မေကာင္းတာ လုပ္ၿပီး ႀကီးပြားေတဲ့

လူေတြကိုလဲ အားမက်နဲ႔ ႐ိုးသားလို႔ နိမ့္က်ေနတဲ့ လူေတြကိုလဲ မနိမ္နဲ႔ ။ ကိုယ့္ဘဝနဲ႔ ကိုယ္သာေနပါ ကိုယ့္ထမင္းကိုယ္စားၿပီး အကုသိုလ္ေတြ ပါဆယ္ဆြဲ မသြားနဲ႔ ။

Unicode

သူတစ်ပါးမျက်ရည်ကြီးငယ်ကျပြီးမှ စားရတဲ့ ထမင်းတစ်နပ်ကတော့ အင်မတန်မှကို ပူလောင်ရပါတယ်.. ။

ကိုယ့်ထက် မြင့်တဲ့ လူတွေနဲ့ တွေ့တာအခါ အားကျပါ မနာမလိုပါနဲ့ နောက်ဆုံး မုဒိတာ မပွားနိုင်ရင်တော့ ဘာကိုမှ မမြင်သလို နေပြီး ဘာမှ မပြောဖြစ် လိုက် တာက ပိုပြီးတော့ ကောင်းပါတယ် ။

ကိုယ်တွေ ရှင်သန်နေ ရတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ထက်သာရင် မနာလို မယ့် လူတွေ ချည်းပဲ များတယ် အဲ့ဒီလူမျိုးထဲ ကိုယ်မပါဖို့က အဓိကပဲလေ မဟုတ်လား ။

သူတောင် လုပ်သေးတာပဲ ငါလဲ လုပ်မယ်ဆိုရင် အဲ့ဒီမကောင်းတဲ့ လူနဲ့ ကိုယ်နဲ့ အတူတူပဲ ဖြစ်သွားမှာပေါ့ မကောင်းတဲ့ အကျင့်တဲ့ အပြုအမူတွေကို လွယ်လွယ်လေး အတုယူ မမှားစေနဲ့ ။

မကောင်းတာ လုပ်ပြီး အမြင့်ရောက်နေတာ ပဲဖြစ်ဖြစ် ဖားပြီးမှ ဘဝတွေ မြင့်လာတာပဲဖြစ်ဖြစ် အားမကျနဲ့ ။

အလွယ်လမ်း လိုက်ပြီး အမြင့်တွေ ရောက်လာတဲ့ ဘဝတွေဟာ များသော အားဖြင့် အောက်ခြေမခိုင်တတ်ဘူး ။

အောက်ခြေ မခိုင်တဲ့ ဘဝတွေ အကျိုးပေးတဲ့ ကံကုန်လို့ ပြုတ်ကျတဲ့ ခွေးကျဝက်ကျ ထက် ဆိုးတဲ့ဘဝတွေ ဖြစ်သွားတတ်တယ်။

လူတစ်ယောက်ရဲ့ကံဆိုတာ ကိုယ်တွေ ကြိုသိကြိုမြင်နေနို င်တာမျိုး မဟုတ်ဘူးလေ ။

မကောင်းမှုတွေ လုပ်ပြီး ချမ်းသာလာတဲ့ သူကို ကြည့်ပြီး မကောင်းတာ လုပ်လို့ ချမ်းသာတယ်လို့ တရားသေမ သတ်မှတ်လိုက်နဲ့ အတိတ်ဘဝက ကုသိုလ်ကံလေး ကျန်သေးလို့သာ သူ့မှာ ခံသာနေသေးတာပါ ။

ဒီလိုလူတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ် အားလဲမကျနဲ့ အတုယူလဲ မမှားစေနဲ့..

တစ်ဘဝစံ ပြီး ကျန်တဲ့ သံသရာမှာ ခံရမယ့် ကံတွေကို မြင်အောင်ကြည့်ပါ ။

ကြောက်တတ်ရင် သိပ်ကြောက်ဖို့ ကောင်းတဲ့ အကြွေးတွေမှ အများကြီးပဲ ။

ထမင်းတစ်နပ် ဆားနဲ့ပဲ ဖြစ်ဖြစ် အသားတွေ ငါးတွေနဲ့ ပဲဖြစ်ဖြစ် စားပြီးသွားတဲ့ အခါ ထမင်းတစ်နပ်ဟာ ထမင်းတစ် မနပ်ပါပဲ ။

ဒါပေမယ့် သူတစ်ပါး မျက်ရည်ကြီး ငယ်ကျပြီးမှ စားရတဲ့ ထမင်း တစ်နပ်ကတော့ အင်မတန်မှကို ပူလောင်ရပါတယ် ။

သံသရာဆိုတာ ဝေးပါသေးတယ် ။

ဝဋ်ဆိုတာမျိုးက နောင်ဘဝကူးမှာ မဟုတ်ဘူးလေ ညာဘက်က အကျင့်ယုတ် လိုက်တာနဲ့ ဘယ်ဘက်က ပြန်လာပြီးသားပဲ အချိန်တစ်ခုပဲ လိုတာပါ ဒါတွေကြောင့် မကောင်းတာ လုပ်ပြီး ကြီးပွားတေဲ့

လူတွေကိုလဲ အားမကျနဲ့ ရိုးသားလို့ နိမ့်ကျနေတဲ့ လူတွေကိုလဲ မနိမ်နဲ့.. ။ ကိုယ့်ဘဝနဲ့ ကိုယ်သာနေပါ ကိုယ့်ထမင်းကိုယ်စားပြီး အကုသိုလ်တွေ ပါဆယ်ဆွဲ မသွားနဲ့ ။

Credit – PStar