ဗဟုသုတ

လရဲ့ တစ်ဖက်သာကို အမြဲမြင်နေရတဲ့အကြောင်း

လမင်းကြီး အကြောင်း တင်စားပြောတဲ့အခါ ၎င်းကို ကြီးမား လှပတဲ့ လပြည့်ဝန်းကြီး၊ တောက်ပတဲ့ ကုန်းမြင့်တွေ ၊ မှောင် မိုက်တဲ့ လမင်းချောက်နက်ကြီးတွေ အကြောင်း တင်စား ပြောဆိုကြပါတယ်။

ဒါပေမယ့် ဘာကြောင့် ဒီလရဲ့ တစ်ဖက်ခြမ်းကိုသာ ကျွန်တော်တို့ မြင်နေရတာလဲ။

လရဲ့အချင်းက ၃,၄၇၅ ကီလိုမီတာသာ ရှိတဲ့အတွက်ကြောင့် ကမ္ဘာရဲ့ ၂၇% မျှသာ ရှိပါတယ်။ လဟာ ကမ္ဘာကို လည့်ပတ်ဖို့အတွက် ၂၇.၃ ရက်သာ ကြာပါတယ်။

နောက်ပြီး လဟာ သူ့ကိုယ်ပိုင် ဝန်ရိုးပေါ်မှာ လည်ပတ်နေတဲ့ အချိန်နဲ့ ကမ္ဘာကို တစ်ပတ်ပြည့်အောင် လှည်ပတ်တဲ့ အချိန်ဟာ အတူတူ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကမ္ဘာပေါ်ကနေ ကြည့်မယ်ဆိုရင် လကမ္ဘာရဲ့ တစ်ဖက်ခြမ်းကို အချိန်တိုင်း တွေ့မြင်နေရခြင်း ဖြစ်ပါတယ်။

လဟာ ပတ်လမ်းကြောင်းတစ်ခုကို တစ်ကြိမ်ထက် မြန်မြန် သို့မဟုတ် နှေးနှေးပတ်ပါက လတစ်ခုလုံးကို မြင်နိုင်မှာ ဖြစ်ပါတယ်။

သင့်လျော်တဲ့ နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်းအရ၊ လဟာ ကမ္ဘာမြေကို ‘tidally locked’ ဖြစ်စေတယ်ဟု ပြောဆို ကြပါတယ်။

လဟာ လွန်ခဲ့သောနှစ်ပေါင်း ၄.၅ ဘီလီယံခန့်က ဖြစ်ပေါ် လာခဲ့တုန်းက ယနေ့ခေတ်ထက် ပိုမိုလျင်မြန်စွာ လည်ပတ်နေတာပါ။

မြင်နေကျ လမျက်နှာပြင်

လရဲ့အရှိန်အဟုန်ဖြင့် လည်ပတ်နေခဲ့တဲ့ အစောပိုင်း သမိုင်းမှာဆိုရင် ဒီရေ အတက်အကျတွေဟာ ယခု ခေတ်ထက် ရွေ့လျားပြောင်းလဲနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဆွဲငင်အားက ဘရိတ် တစ်ခုအဖြစ် ထိထိရောက်ရောက် လုပ်ဆောင်ပြီး ကျွန်ုပ်တို့ လကမ္ဘာရဲ့ လှည့်ပတ်မှု အ ရှိန် ကို ပတ်လမ်းကြောင်းအတွင်း မျှခြေသို့ ကျသွားသည်အထိ တဖြည်းဖြည်း နှေးကွေးစေပါတယ်။

ဒါဆို လရဲ့အသွင်အပြင်က ဘာကြောင့် ပြောင်းလဲလာတာလဲ။

လဟာ ကျွန်ုပ်တို့ဆီသို့ တစ်ဖက်တည်းမြင်သာစေသော်လည်း၊ တစ်ညမှ နောက်တစ်နေ့သို့ တသမတ်တည်း လင်းထိန်နေမှာမဟုတ်ကြောင်း သိနိုင်ပါတယ်။

ကျွန်ုပ်တို့ အနေနဲ့ လရဲ့ပြောင်းလဲမှု အဆင့်ဆင့်ကို မြင်တွေ့ နိုင်ပါတယ်။ အဆင့်အားဖြင့်၊ ကျွန်ုပ်တို့ ကမ္ဘာမြေမှ မြင်ရတဲ့ လရဲ့ အလင်းရောင် အချိုးအစားကို ဆိုလိုပါတယ်။

အရေးကြီးတဲ့အချက်က ကျွန်ုပ်တို့ရဲ့ ကမ္ဘာ့ ရှုထောင့်မှ လရဲ့ အပိုင်း တစ်ပိုင်းမျှသာ မြင်နိုင်သော်လည်း လရဲ့ တစ်ဝက်ခန့်က အမြဲ လင်းနေပါတယ်။ ဒါကို ကျွန်ုပ်တို့ကမ္ဘာကြီးပေါ်က အမြဲတမ်း မမြင်နိုင်ပါဘူး။

ဒါ့ကြောင့် နက္ခတ္တဗေဒပညာရှင်များက ကျွန်ုပ်တို့နှင့် ဝေးရာလရဲ့ တစ်ဖက်ခြမ်းကို ‘အမှောင်ဘက်ခြမ်း’ အဖြစ် မရည်ညွှန်းလိုသောကြောင့် လရဲ့အစွန်ဘက်လို့သာ ရည်ညွှန်းကြပါတယ်။

လ၏ အခြားတဖက်

luunation ဟုလည်းခေါ်ကြတဲ့ လရဲ့ သံသရာဟာ crescent Moon၊ quarter Moon နဲ့ gibbous Moon ဆိုပြီး လဆန်းမှ လပြည့်အထိ လစက်ဝန်းကို လည်ပတ်ကာ ဖြတ်သန်းပြီးဆုံးဖို့ ၂၉.၅ ရက် ကြာပါတယ်။

လစက်ဝန်း၊ ပတ်လမ်း ကွာဟချက်

လဟာ လစက်ဝန်းကို လည်ပတ်ဖို့ ၂၉.၅ ရက် ကြာသော်လည်း လပတ်လမ်းကြောင်း (synodic လဟု ခေါ်သော ကာလ) တစ်ခုကို ပြီးမြောက်ဖို့ ၂၇.၃ ရက်သာ ကြာပါတယ်။

ဒီကွာဟချက်က လကို ကမ္ဘာပေါ်ရှိ လေ့လာသူမြင်သည့်အတိုင်း သတ်မှတ်ထားတဲ့ လစက်ဝန်း တစ်ခုမှ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

ကမ္ဘာကိုယ်တိုင် ရွေ့လျားနေပြီး နေကို ပတ်လမ်းကြောင်းပေါ်ရှိ အာကာသအတွင်း ရွေ့လျားနေတဲ့အတွက်ကြောင့် လဟာ ၎င်းရဲ့ ပတ်လမ်းကြောင်းကို ပြီးမြောက်ဖို့ အချိန် အနည်းငယ်ကြာပါတယ်။

လဟာ ကမ္ဘာနှင့် နေနှင့်မျဉ်းကြား အလယ်ရောက်ချိန်မှာတော့ နေကြတ်ခြင်းဆိုတဲ့ ရှားပါးသော ဖြစ်ရပ် တစ်ခုကို ကြုံတွေရတတ်ပါတယ်။

ကမ္ဘာကြီးက နေနှင့်လ ကြားရောက်တဲ့အခါမှာတော့ လကြတ်ခြင်းကို ဖြစ်ပေါ်စေတက်ပါတယ်။ လကြတ်ခြင်းဟာဆိုရင် လပြည့်နှင့် လပြည့်ကျော် တရက်နေ့များတွင် ဖြစ်ပေါ် တတ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)