ၾကားသိရသမွ်

နှစ်ပေါင်း၃၀အတွင်း ထီထိုးခဲ့ရာတစ်ကြိမ်မှမပေါက်ခဲ့သဖြင့် စိတ်နာပြီး ထီထိုးခြင်းကို ရပ်လိုက်ပြီးနောက် ဘတ်ငွေ ၃သန်းကျော်ကို စုဆောင်းနိုင်ခဲ့သော ဆရာမတစ်ဦး






Hlaing (Love Feeling)

Unicode

နှစ်ပေါင်း၃၀အတွင်း ထီထိုးခဲ့ရာတစ်လုံးလွှဲ နှစ်လွှဲနှင့် တစ်ကြိမ်မှမပေါက်ခဲ့ရာ စိတ်နာပြီး.. ထီထိုးခြင်းကို ရပ်တန့်လိုက်ပြီးနောက် ဘတ်ငွေ ၃သန်းကျော်ကို စုဆောင်းနိုင်ခဲ့သော ဆရာမတစ်ဦး

လူတိုင်းက ကိုယ်ယုံကြည်ရာ ဝါသနာကို ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ တစိုက်မတ်မတ်နှင့် အတည်တကျ လုပ်ဆောင်တတ်ကြပြီး ကိုယ့်အတွက် အကျိုးမရှိသောအရာဖြစ်ပါက ရှောင်ကြဉ်နိုင်ခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။

ယခုအခါတွင်လည်း ထိုင်းနိုင်ငံမှ အသက် ၅၂နှစ်အရွယ် အမျိုးသမီးသည် ..ဒေသရှိ အစိုးရကျောင်းဆရာမတစ်ယောက်ဖြစ်ကာ တာဝန်ချိန်ပြီးဆုံးသော်လည်း ကျူရှင်ပြပြီး အပိုဝင်ငွေများကို ထီထိုးပစ်ခဲ့သည်။

ဆရာမသည် အလုပ်ကြိုးစားခဲ့ပြီး ငွေများကို စုဆောင်းထားခြင်းမျိုးလည်းမရှိပဲ နှစ်ပေါင်း ၃၀အတွင်းကို ဝါသနာပါသော အစိုးရထီများကိုသာ ဦးစားပေး ထိုးခဲ့သော်လည်း တစ်ခါထိုးတစ်လုံးလွှဲရတာနဲ့ နှစ်လုံးလွှဲရတာနဲ့ဖြစ်နေခဲ့သည်။

ဆရာမလည်း အသက်တဖြည်းဖြည်းကြီးလာပြီး ဘဝရှေ့ရေးကို ပြန်တွက်ဆချိန်တွင် သူမအတွက် အကျိုးမရှိသော ထီထိုးခြင်းကို အပြီးပိုင်စွန့်လွှတ်ပစ်ခဲ့ပြီးနောက် ၃နှစ်အတွင်း ဘတ်ငွေ ၃သန်းကျော်ကို စုဆောင်းနိုင်ခဲ့သည်ကို လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Hlaing (Love Feeling)