ၾကားသိရသမွ်

မိခင္တစ္ေယာက္ရဲ႕ငိုရႈိက္သံ…

မိခင္တစ္ေယာက္ရဲ႕ငိုရႈိက္သံ…

ထပါေတာ့ သမီးေလးေရ…။ သမီးေလး ဗိုက္ဆာေနေရာေပါ့။

သမီးေလး ေက်ာင္းက ျပန္လာရင္ စားဖို႔ ထမင္းဟင္းေတြ ခ်က္ ၿပီး သမီး ေလးကို ေမေမ ေစာင့္ေနတယ္..။ ။

ဘယ္ေတာ့မွ ႏိုးျခင္းမရွိတဲ့ အိပ္စက္ျခင္းမ်ိဳးနဲ႔ အိပ္ေနတာမ်ားလား သမီးေလးေရ…။ ။

ဒီအျဖစ္ပ်က္က အိပ္မက္လား။တကယ္လား။

ေဝခြဲမရေသးခင္ ေမေမ့ရဲ႕ ႏွလုံးသားတစ္ခုလုံး ေလာင္ၿမိဳက္ၿပီး မ်က္ႏွာ တစ္ခုလုံးလည္း မ်က္ရည္စက္ေတြက ဖုံးလႊမ္း သြားခဲ့ၿပီ။ ။

တီတီတာတာ ခ်စ္စရာ စကားေလးေတြ ေျပာၿပီး အၿမဲ ပူညံ တတ္တဲ့ သမီးေလးေရ ဘာလို႔ တိတ္ဆိတ္ ၿငိမ္ သက္ေနတာလဲ.။ ။?

ေနာက္ဆုံး အေနနဲ႔ ေမေမ့ကို ေျပာခ်င္တဲ့ စကားတစ္ခု ခုေတာ့ ရွိမွာပါ။

သမီးေလး ႏႈတ္ျဖားကထြက္လာမယ့္ စကားလုံးကို ေမေမၾကားခ်င္တယ္။ဒီေန႔ သမီးတို႔ ေက်ာင္းမွာ ဘာျဖစ္ခဲ့တာလဲ..။

ေနာက္ဆုံး စကားျဖစ္ျဖစ္ ေမေမ့ကို တစ္ခုခုေတာ့ ေျပာသြားခဲ့ပါ။မအိပ္ပါနဲ႔ ေတာ့သမီးေလးေရ.။ ။

ခါတိုင္းဆို ေက်ာင္းက ျပန္ေရာက္ရင္ ဆရာမက ဘာေကြၽးတယ္။သူငယ္ခ်င္းေတြနဲ႔ ဘယ္လို ေဆာ့ခဲ့တယ္ကအစ မပီကလာ ပီကလာ ခ်စ္စရာ အသံေလးနဲ႔ မနားတမ္း စကားလုံးေတြ သီကုံးခဲ့တဲ့ သမီး
ေလးေရ.. ။

ဒီေန႔ သမီးေလးရဲ႕ အိမ္ျပန္ ရက္က အရင္ေန႔ေတြနဲ႔ မတူပါလား။သမီး ၿငိမ္သက္ေနေတာ့ေမေမ့အတြက္ တစ္ကမာၻ လုံး ေျခာက္ကန႔္ေနခဲ့တယ္။ ။

ထပါေတာ့ သမီးေလးေရ…။ ။ဒီခ်ိန္က သမီးေလး အိပ္ခ်ိန္ မွမဟုတ္တာ..။ ။

အိမ္စာ လုပ္ၿပီး ေဆာ့ေနရမယ့္ အခ်ိန္ေလသမီးေလး..။ ။ေက်ာင္းက ျပန္ေရာက္တိုင္း သမီးႀကိဳက္တဲ့
အ႐ုပ္ေလးနဲ႔ ေဆာ့ေနက် ေလ..။

သမီးေလးရဲ႕ ဘယ္ဘက္ကို လွည့္ၾကည့္လိုက္ပါဦး။သမီးေလး ႀကိဳက္တဲ့ အ႐ုပ္ေလးက သမီးရဲ႕ ေဘးနားမွာ အတူေဆာ့ဖို႔ သမီးေလးကို ေစာင့္ေနတယ္။ထပါေတာ့ သမီးေလးေရ…။ ။

သမီးေလးဟာ ေမေမ့ရဲ႕ ေမွ်ာ္လင့္ခ်က္၊ေမေမ့ရဲ႕ အနာဂတ္၊ေမေမ့ရဲ႕ ဘဝ၊ေမေမ့ရဲ႕ အရာအားလုံးပါ သမီးေလးေရ…။ ။

တစ္ေလာကလုံးမွာ ရွိတဲ့ အေကာင္းဆုံးအရာေတြကို ေမေမ မလိုခ်င္ပါဘူး။ေမေမအနား သမီးေလး ရွိေနရင္ ေမေမ့ ဘ၀ တစ္ခု လုံး ျပည့္စုံေနပါၿပီ။ ။

ေမေမရဲ႕ ရွင္သန္ျခင္းက သမီးေလးပါ။ေမေမ့ရဲ႕ အသက္ရႉသံကလည္း သမီးေလးပဲ။ ။ေမေမ့ သဲတုံးေလးေရ…။ ။

တကယ္ဘဲ မိုတိမ္ေတြနဲ႔ အတူ လြင့္စင္ ေပ်ာက္ကြယ္သြားေတာ့မွာလား…?ေျပာေတာ့ ေမေမ့ကို ခ်စ္တယ္ဆို..။ ။

ေမေမ့ကို တစ္ေယာက္တည္း ထားခဲ့လိုက္ၿပီေပါ့..။ ။သမီးေလးေရ…ေလာဘသားေတြရဲ႕ ေလာင္ၿမိဳက္ေနတဲ့ အတၱေတြေၾကာင့္ အျပစ္မရွိဘဲ ဘဝတစ္ခုလုံး ေပးဆပ္ရတာမတန္လိုက္တာ..။ ။

သမီးေလးကို ပညာတတ္ႀကီး ျဖစ္ေစခ်င္တဲ့စိတ္ဆႏၵနဲ႔ ေက်ာင္းပို႔မိတာ ေမေမ မွားသြားၿပီထင္ပါရဲ႕ သမီးေလးေရ…။ ။

သမီးေလးတို႔ အ႐ြယ္ကိုမွ ပစ္မွတ္ထားၿပီးတိုက္ခိုက္ေနၾကတဲ့ စစ္မိစာၦေတြရဲ႕ ရန္ကေနသမီးေလးကို ေမေမ မကာကြယ္ေပး ႏိုင္ခဲ့တာေမေမ့ကို ခြင့္လႊတ္ေပးပါ သမီးေလးေရ…။ ။

တကယ္လို႔ ေနာင္ဘဝမွာ လူျပန္ျဖစ္ခဲ့ရင္ဒီလို တိုင္းျပည္မ်ိဳးမွာ လူ လာမျဖစ္ပါေစနဲ႔လို႔ သမီးေလးအတြက္ ေမေမ ဆုေတာင္းေပးေနမယ္။

ေကာင္းရာ ဘုံဘဝမွာ ၿငိမ္းခ်မ္းစြာ အနားယူပါသမီးေလးေရ….။ ။

သမီးရဲ႕ေမေမ

#Photo_ယေန႔ဒီးေမာ့ဆိုမူႀကိဳေက်ာင္းမွာအသတ္ခံရတဲ့ကေလးငယ္

ဆူးဂီးႏိုင္း (Daai Land)✍✍✍

unicode

မိခင်တစ်ယောက်ရဲ့ငိုရှိုက်သံ..

ထပါတော့ သမီးလေးရေ..။ သမီးလေး ဗိုက်ဆာနေရောပေါ့။

သမီးလေး ကျောင်းက ပြန်လာရင် စားဖို့ ထမင်းဟင်းတွေ ချက် ပြီး သမီး လေးကို မေမေ စောင့်နေတယ်..။ ။

ဘယ်တော့မှ နိုးခြင်းမရှိတဲ့ အိပ်စက်ခြင်းမျိုးနဲ့ အိပ်နေတာများလား သမီးလေးရေ…။ ။

ဒီအဖြစ်ပျက်က အိပ်မက်လား။တကယ်လား။

ဝေခွဲမရသေးခင် မေမေ့ရဲ့ နှလုံးသားတစ်ခုလုံး လောင်မြိုက်ပြီး မျက်နှာ တစ်ခုလုံးလည်း မျက်ရည်စက်တွေက ဖုံးလွှမ်း သွားခဲ့ပြီ။ ။

တီတီတာတာ ချစ်စရာ စကားလေးတွေ ပြောပြီး အမြဲ ပူညံ တတ်တဲ့ သမီးလေးရေ ဘာလို့ တိတ်ဆိတ် ငြိမ် သက်နေတာလဲ.။ ။?

နောက်ဆုံး အနေနဲ့ မေမေ့ကို ပြောချင်တဲ့ စကားတစ်ခု ခုတော့ ရှိမှာပါ။

သမီးလေး နှုတ်ဖြားကထွက်လာမယ့် စကားလုံးကို မေမေကြားချင်တယ်။ဒီနေ့ သမီးတို့ ကျောင်းမှာ ဘာဖြစ်ခဲ့တာလဲ..။

နောက်ဆုံး စကားဖြစ်ဖြစ် မေမေ့ကို တစ်ခုခုတော့ ပြောသွားခဲ့ပါ။မအိပ်ပါနဲ့ တော့သမီးလေးရေ.။ ။

ခါတိုင်းဆို ကျောင်းက ပြန်ရောက်ရင် ဆရာမက ဘာကျွေးတယ်။သူငယ်ချင်းတွေနဲ့ ဘယ်လို ဆော့ခဲ့တယ်ကအစ မပီကလာ ပီကလာ ချစ်စရာ အသံလေးနဲ့ မနားတမ်း စကားလုံးတွေ သီကုံးခဲ့တဲ့ သမီး
လေးရေ.. ။

ဒီနေ့ သမီးလေးရဲ့ အိမ်ပြန် ရက်က အရင်နေ့တွေနဲ့ မတူပါလား။သမီး ငြိမ်သက်နေတော့မေမေ့အတွက် တစ်ကမ္ဘာ လုံး ခြောက်ကန့်နေခဲ့တယ်။ ။

ထပါတော့ သမီးလေးရေ…။ ။ဒီချိန်က သမီးလေး အိပ်ချိန် မှမဟုတ်တာ…။

အိမ်စာ လုပ်ပြီး ဆော့နေရမယ့် အချိန်လေသမီးလေး..။ကျောင်းက ပြန်ရောက်တိုင်း သမီးကြိုက်တဲ့
အရုပ်လေးနဲ့ ဆော့နေကျ လေ…။ ။

သမီးလေးရဲ့ ဘယ်ဘက်ကို လှည့်ကြည့်လိုက်ပါဦး။သမီးလေး ကြိုက်တဲ့ အရုပ်လေးက သမီးရဲ့ ဘေးနားမှာ အတူဆော့ဖို့ သမီးလေးကို စောင့်နေတယ်။ထပါတော့ သမီးလေးရေ…။ ။

သမီးလေးဟာ မေမေ့ရဲ့ မျှော်လင့်ချက်၊မေမေ့ရဲ့ အနာဂတ်၊မေမေ့ရဲ့ ဘဝ၊မေမေ့ရဲ့ အရာအားလုံးပါ သမီးလေးရေ…။ ။

တစ်လောကလုံးမှာ ရှိတဲ့ အကောင်းဆုံးအရာတွေကို မေမေ မလိုချင်ပါဘူး။မေမေအနား သမီးလေး ရှိနေရင် မေမေ့ ဘ၀ တစ်ခု လုံး ပြည့်စုံနေပါပြီ။ ။

မေမေရဲ့ ရှင်သန်ခြင်းက သမီးလေးပါ။မေမေ့ရဲ့ အသက်ရှူသံကလည်း သမီးလေးပဲ။ ။မေမေ့ သဲတုံးလေးရေ…။ ။

တကယ်ဘဲ မိုတိမ်တွေနဲ့ အတူ လွင့်စင် ပျောက်ကွယ်သွားတော့မှာလား…?ပြောတော့ မေမေ့ကို ချစ်တယ်ဆို..။ ။

မေမေ့ကို တစ်ယောက်တည်း ထားခဲ့လိုက်ပြီပေါ့..။ ။သမီးလေးရေ…လောဘသားတွေရဲ့ လောင်မြိုက်နေတဲ့ အတ္တတွေကြောင့် အပြစ်မရှိဘဲ ဘဝတစ်ခုလုံး ပေးဆပ်ရတာမတန်လိုက်တာ..။ ။

သမီးလေးကို ပညာတတ်ကြီး ဖြစ်စေချင်တဲ့စိတ်ဆန္ဒနဲ့ ကျောင်းပို့မိတာ မေမေ မှားသွားပြီထင်ပါရဲ့ သမီးလေးရေ…။ ။

သမီးလေးတို့ အရွယ်ကိုမှ ပစ်မှတ်ထားပြီးတိုက်ခိုက်နေကြတဲ့ စစ်မိစ္ဆာတွေရဲ့ ရန်ကနေသမီးလေးကို မေမေ မကာကွယ်ပေး နိုင်ခဲ့တာမေမေ့ကို ခွင့်လွှတ်ပေးပါ သမီးလေးရေ…။ ။

တကယ်လို့ နောင်ဘဝမှာ လူပြန်ဖြစ်ခဲ့ရင်ဒီလို တိုင်းပြည်မျိုးမှာ လူ လာမဖြစ်ပါစေနဲ့လို့ သမီးလေးအတွက် မေမေ ဆုတောင်းပေးနေမယ်။

ကောင်းရာ ဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူပါသမီးလေးရေ..။ ။

သမီးရဲ့မေမေ

Photo_ယနေ့ဒီးမော့ဆိုမူကြိုကျောင်းမှာအသတ်ခံရတဲ့ကလေးငယ်

ဆူးဂီးနိုင်း (Daai Land)✍✍✍