ဘယ္ကေန ဘယ္လိုကူးစက္ခဲ့လဲဆိုတာ မသိရေသးဘူးတဲ့ သာေကတ က ဖုန္းျပဳျပင္ေရးဆိုင္ က ဝန္ထမ္း
ပိုးေတြ႕လူနာ ဖုန္းျပင္သူေနထိုင္သည့္ သာေကတ(၁)လမ္းကို Lockdown ခ်
ပိုးေတြ႕လူနာ(၇၀၁)ဖုန္းျပင္အလုပ္သမားေနထိုင္တဲ့ သာေကတၿမိဳ႕နယ္၊ (၂)ေျမာက္ရပ္ကြက္ကတိုးခ်ဲ႕ (၁)လမ္းကို ၿပီးခဲ့တဲ့ည(၁၂)နာရီေက်ာ္ေလာက္က Lockdown ခ်လိုက္ၿပီလို႔ (၂)ေျမာက္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးဦးတင့္လြင္က One News ကိုအတည္ျပဳေျပာပါတယ္။
အဲဒီပိုးေတြ႕လူနာနဲ႔အတူ ေနထိုင္တဲ့မိသားစုဝင္ေလးဦးကိုလည္း ေလွာ္ကားရွိQuarantine စင္တာကိုေခၚေဆာင္ဖို႔လာေခၚေနၿပီလို႔လည္း ဦးတင့္လြင္ကအခုလိုေျပာပါတယ္။
“ သူ႔ကအိုင္ဖုန္းေတြဘာေတြျပင္တာ။ ေလာေလာဆယ္ေတာ့ သူ႔မိသားစုဝင္ေလးေယာက္ကို Quarantine ပို႔ေဆာင္မယ္။ ပို႔ေတာ့မယ္။ ကားလာေတာ့မယ္။ သူ႔မိသားစုကို က်န္းမာေရးလည္းစစ္မယ္ ” လို႔ ဦးတင့္လြင္ကေျပာပါတယ္။
အဲဒီပိုးေတြ႕လူနာဟာ သမၼတ႐ုပ္ရွင္႐ုံအနီးက လျပည့္ဝန္းပလာဇာရွိ ဖုန္းျပဳျပင္ေရးဆိုင္တစ္ဆိုင္ရဲ႕ အလုပ္သမားတစ္ေယာက္ျဖစ္ၿပီး ဘယ္ကေနဘယ္လိုကူးစက္ခဲ့လဲဆိုတာ မသိရေသးဘူးလို႔ ဦးတင့္လြင္ကေျပာပါတယ္။
ဩဂုတ္လ(၂၉)ရက္ေန႔ ည(၁၁)နာရီ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္အရကိုဗစ္ လူနာသစ္(၇၇)ဦးအနက္ရန္ကုန္တိုင္းေဒသႀကီး၊သာေကတၿမိဳ႕နယ္က အသက္(၂၆)ႏွစ္ အ႐ြယ္အတည္ျပဳလူနာ(၇၀၁)ကေတာ့ ခရီးသြားရာဇဝင္မရွိသလို ကိုဗစ္အတည္ျပဳလူနာနဲ႔ထိေတြ႕ထားသူလည္း မဟုတ္သလိုရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ေစာင့္ၾကည့္လူနာအျဖစ္ထားရွိထားသူျဖစ္ပါတယ္။
သတင္း-ေဝယံထက္ဝင္း crd
Unicode
ဘယ်ကနေ ဘယ်လိုကူးစက်ခဲ့လဲဆိုတာ မသိရသေးဘူးတဲ့ သာကေတ က ဖုန်းပြုပြင်ရေးဆိုင် က ဝန်ထမ်း
ပိုးတွေ့လူနာ ဖုန်းပြင်သူနေထိုင်သည့် သာကေတ(၁)လမ်းကို Lockdown ချ
ပိုးတွေ့လူနာ(၇၀၁)ဖုန်းပြင်အလုပ်သမားနေထိုင်တဲ့ သာကေတမြို့နယ်၊ (၂)မြောက်ရပ်ကွက်ကတိုးချဲ့ (၁)လမ်းကို ပြီးခဲ့တဲ့ည(၁၂)နာရီကျော်လောက်က Lockdown ချလိုက်ပြီလို့ (၂)မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင့်လွင်က One News ကိုအတည်ပြုပြောပါတယ်။
အဲဒီပိုးတွေ့လူနာနဲ့အတူ နေထိုင်တဲ့မိသားစုဝင်လေးဦးကိုလည်း လှော်ကားရှိQuarantine စင်တာကိုခေါ်ဆောင်ဖို့လာခေါ်နေပြီလို့လည်း ဦးတင့်လွင်ကအခုလိုပြောပါတယ်။
“ သူ့ကအိုင်ဖုန်းတွေဘာတွေပြင်တာ။ လောလောဆယ်တော့ သူ့မိသားစုဝင်လေးယောက်ကို Quarantine ပို့ဆောင်မယ်။ ပို့တော့မယ်။ ကားလာတော့မယ်။ သူ့မိသားစုကို ကျန်းမာရေးလည်းစစ်မယ် ” လို့ ဦးတင့်လွင်ကပြောပါတယ်။
အဲဒီပိုးတွေ့လူနာဟာ သမ္မတရုပ်ရှင်ရုံအနီးက လပြည့်ဝန်းပလာဇာရှိ ဖုန်းပြုပြင်ရေးဆိုင်တစ်ဆိုင်ရဲ့ အလုပ်သမားတစ်ယောက်ဖြစ်ပြီး ဘယ်ကနေဘယ်လိုကူးစက်ခဲ့လဲဆိုတာ မသိရသေးဘူးလို့ ဦးတင့်လွင်ကပြောပါတယ်။
ဩဂုတ်လ(၂၉)ရက်နေ့ ည(၁၁)နာရီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရကိုဗစ် လူနာသစ်(၇၇)ဦးအနက်ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်က အသက်(၂၆)နှစ် အရွယ်အတည်ပြုလူနာ(၇၀၁)ကတော့ ခရီးသွားရာဇဝင်မရှိသလို ကိုဗစ်အတည်ပြုလူနာနဲ့ထိတွေ့ထားသူလည်း မဟုတ်သလိုရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ်ထားရှိထားသူဖြစ်ပါတယ်။
သတင်း-ဝေယံထက်ဝင်း crd