မြန်မာ့ရွှေဈေး သဘာဝလေးက နိုဝင်ဘာလဆို ဈေးကျတတ်တယ် လက်ရှိဆို..ကမ္ဘာ့ပေါက်ဈေး တအားတက်နေတာကို ၁ သိန်းကျော်လောက် အောက်ရောက်နေတယ်။
မြန်မာ့ရွှေဈေးဟာ နိုင်ငံတကာနှစ်သစ်ကူး ဒီဇင်ဘာ ဒုတိယအပတ်လောက်က စပြီးဈေးတက် တတ်ပါတယ်။
သူ့ ဖြစ်ရိုးဖြစ်စဉ် သဘာဝလေးကို ပြောပြတာပါ။ ဒေါ်လာဈေးနဲ့ အခြားအခြေအနေပေါ်မှာ မူတည်ပါတယ်။ ကျော်ကြီး (MDY)
ကမ္ဘာ့ရွှေဈေးကျဆင်းနေရာက နိုဝင်ဘာလ ဒုတိယအပတ်မှာ အမြင့်ဆုံးဈေးအဖြစ် တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၇၇၀ ကျော်အထိ ပြန်လည် မြင့်တက်လာပေမဲ့
ပြည်တွင်းရွှေဈေးမှာ အရောင်းအဝယ်အေးနေပြီး..အမေရိကန်ဒေါ်လာဈေးငြိမ်နေတာမို့ မြင့်တက်လာခြင်းမရှိဘူးလို့ ရွှေကုန်သည်တွေက ဆိုပါတယ်။
“ကမ္ဘာ့ရွှေဈေးပြန်တက်လာတယ်။ ၃ လအတွင်း အမြင့်ဆုံးဈေး ရောက်လာတာပေါ့။ ဒါပေမဲ့ ဒီမှာက ရွှေအရောင်းအဝယ်အေးနေတော့ ဈေးသိသိသာသာ မတက်ပါဘူး။
ပြည်တွင်းရွှေဈေးက ကမ္ဘာ့ဈေးရယ်၊ ဒေါ်လာဈေးရယ်ပေါ်မှာ မူတည်တယ်။ ဒေါ်လာဈေးကလည်း နည်းနည်းပြန်ကျနေတယ်” လို့ ရွှေဆိုင်ပိုင်ရှင် တစ်ဦးကပြောပါတယ်။နိုဝင်ဘာ ၁၆ ရက် နေ့လယ်ခင်းအတွက် ပြင်ပရွှေပေါက်ဈေးဟာ ရွှေတစ်ကျပ်သားကို ၂၆ သိန်း ၈ သောင်းခွဲ ဝန်းကျင်မှာရှိနေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီကနေ့ နေ့လယ်ခင်း ရည်ညွှန်းဈေးကတော့ ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၂၀ ကျော်ဖြစ်ပြီး ကမ္ဘ့ာ ရွှေဈေး တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၇၇၃ ဖြစ်ပါတယ်။
ဒီကနေ့ ငွေလဲနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို ငွေကျပ် ၂၉၂၀ ကနေ ၂၉၅၀ ခန့်ရှိပြီး နိုဝင်ဘာ ပထမပတ်က တစ်ဒေါ်လာကို ၃၀၀၀-၃၀၃၀ ခန့် ရှိခဲ့တဲ့အတွက် ဈေးအနည်းငယ် ကျဆင်းလာတယ်လို့ သိရပါတယ်။
Source – White Sone
ႏိုဝင္ဘာလဆို ျဖစ္တတ္တဲ့ ျမန္မာ့ေ႐ႊေစ်းႏွင့္ ယေန႔ ေစ်းကြက္အေျခအေန..
ျမန္မာ့ေ႐ႊေစ်း သဘာဝေလးက ႏိုဝင္ဘာလဆို ေစ်းက်တတ္တယ္ လက္ရွိဆို ကမာၻ႔ေပါက္ေစ်း တအားတက္ေနတာကို ၁ သိန္းေက်ာ္ေလာက္ ေအာက္ေရာက္ေနတယ္။
ျမန္မာ့ေ႐ႊေစ်းဟာ ႏိုင္ငံတကာႏွစ္သစ္ကူး..ဒီဇင္ဘာ ဒုတိယအပတ္ေလာက္က စၿပီးေစ်းတက္ တတ္ပါတယ္။
သူ႔ ျဖစ္႐ိုးျဖစ္စဥ္ သဘာဝေလးကို ေျပာျပတာပါ။ ေဒၚလာေစ်းနဲ႔ အျခားအေျခအေနေပၚမွာ မူတည္ပါတယ္။ ေက်ာ္ႀကီး (MDY)
ကမာၻ႔ေ႐ႊေဈးက်ဆင္းေနရာက ႏိုဝင္ဘာလ ဒုတိယအပတ္မွာ အျမင့္ဆုံးေဈးအျဖစ္ တစ္ေအာင္စကို အေမရိကန္ ေဒၚလာ ၁၇၇၀ ေက်ာ္အထိ ျပန္လည္ ျမင့္တက္လာေပမဲ့
ျပည္တြင္းေ႐ႊေဈးမွာ အေရာင္းအဝယ္ေအးေနၿပီး အေမရိကန္ေဒၚလာေဈးၿငိမ္ေနတာမို႔ ျမင့္တက္လာျခင္းမရွိဘူးလို႔ ေ႐ႊကုန္သည္ေတြက ဆိုပါတယ္။
“ကမာၻ႔ေ႐ႊေဈးျပန္တက္လာတယ္။ ၃ လအတြင္း အျမင့္ဆုံးေဈး ေရာက္လာတာေပါ့..။ ဒါေပမဲ့ ဒီမွာက ေ႐ႊအေရာင္းအဝယ္ေအးေနေတာ့ ေဈးသိသိသာသာ မတက္ပါဘူး။
ျပည္တြင္းေ႐ႊေဈးက ကမာၻ႔ေဈးရယ္၊ ေဒၚလာေဈးရယ္ေပၚမွာ မူတည္တယ္။ ေဒၚလာေဈးကလည္း နည္းနည္းျပန္က်ေနတယ္” လို႔ ေ႐ႊဆိုင္ပိုင္ရွင္ တစ္ဦးကေျပာပါတယ္။ႏိုဝင္ဘာ ၁၆ ရက္ ေန႔လယ္ခင္းအတြက္ ျပင္ပေ႐ႊေပါက္ေဈးဟာ ေ႐ႊတစ္က်ပ္သားကို ၂၆ သိန္း ၈ ေသာင္းခြဲ ဝန္းက်င္မွာရွိေနပါတယ္။
ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းရဲ႕ ဒီကေန႔ ေန႔လယ္ခင္း ရည္ၫႊန္းေဈးကေတာ့..ေ႐ႊတစ္က်ပ္သားကို က်ပ္ သိန္း ၂၀ ေက်ာ္ျဖစ္ၿပီး ကမၻ့ာ ေ႐ႊေဈး တစ္ေအာင္စကို အေမရိကန္ေဒၚလာ ၁၇၇၃ ျဖစ္ပါတယ္။
ဒီကေန႔ ေငြလဲႏႈန္းကေတာ့ အေမရိကန္ တစ္ေဒၚလာကို ေငြက်ပ္ ၂၉၂၀ ကေန ၂၉၅၀ ခန႔္ရွိၿပီး..ႏိုဝင္ဘာ ပထမပတ္က တစ္ေဒၚလာကို ၃၀၀၀-၃၀၃၀ ခန႔္ ရွိခဲ့တဲ့အတြက္ ေစ်းအနည္းငယ္ က်ဆင္းလာတယ္လို႔ သိရပါတယ္။
Source – White Sone