အေထြအေထြဗဟုသုတ

မိဘတိုင်းသိထားသင့်တဲ့ ကလေးတွေရဲ့ အချက်ပြပုံ (၁၇) ခု

မိဘတိုင်းသိထားသင့်တဲ့ ကလေးတွေရဲ့ အချက်ပြပုံ (၁၇) ခု-

ကလေးတွေအကြောင်းကို ပိုနားလည်စေနိုင်မယ့် အချက် (၁၇) ချက် မိဘတွေက ကလေးတွေရဲ့ ကျန်းမာရေးကို ငယ်ငယ်လေးတည်းက အသေးအဖွဲက စပြီး စိုးရိမ်တတ်ကြပါတယ်။ ကလေးတွေ ဘာဖြစ်ချင်သလဲ၊ ဘာအဆင်မပြေလဲ ဆိုတာကို မိဘတွေက သိချင်ကြပါတယ်။ ဒါပေမယ့် သင့်မှာ ကလေးမရှိရင် ဒါတွေနားမလည် နိုင်ပါဘူး။ မိဘတွေနဲ့ ကလေးတွေကြား ဆက်သွယ်လို့ရမယ့် အချက် 3 ချက်ကို ကျွမ်းကျင်သူတွေက ဖော်ပြပေးထားပါတယ်

ကလေးငိုပုံငိုနည်း

ကလေးတွေရဲ့အသက် ပထမ 4 လမှာ သူတို့လိုချင်တာကို ငိုပြီးတော့ ဖော်ပြပါတယ်။ ဒါပေမယ့် မိဘတွေက ကလေးတွေ ဗိုက်ဆာလို့ ငိုတာလား၊ နာလို့ငိုတာလား၊ တစ်ခုခုဖြစ်လို့ ငိုတာလား ဆိုတာ မသိနိုင်ပါဘူး။

1. မိဘတွေကို ခေါ်သည့်ငိုနည်း

ကလေးတွေက တစ်ယောက်တည်း ဖြစ်နေပြီဆိုရင် မိဘတွေကို လာချီစေချင်ပါတယ်။ ကလေးတွေက 5 စက္ကန့် 6 စက္ကန့်လောက် ငိုပါတယ်။ ပြီးတော မိဘတွေများ လာချီမလားဆိုပြီး စောင့်တဲ့သဘောနဲ့ 20 စက္ကန့်လောက် အငိုရပ်ပါတယ်။ မိဘတွေက လာမချီသေးဘူးဆိုရင် ငိုလိုက်၊ ရပ်လိုက်လုပ်နေဦးမှာပါပဲ။

2. ဗိုက်ဆာ၍ငိုခြင်း

ကလေးတွေက ဗိုက်ဆာနေရင်၊ မိဘတွေကလည်း လာမချီဘူးဆိုရင် သံကုန်ခြစ်ပြီး ငိုပါတယ်။ ဗိုက်ဆာတဲအခါ ခေါင်းကိုလှည့်ပြီး ပါးစပ်ကလည်း ပြွတ်ကနဲမြည်အောင် လုပ်တတ်ပါသေးတယ်။

3. နာ၍ငိုခြင်း

အနာတစ်ခုခုဖြစ်နေပြီဆိုရင် ထပ်ခါထပ်ခါရှိုက်ပြီး ငိုသံက ပိုကျယ်ပါတယ်။ ငယ်သံပါအောင် အာခေါင်ခြစ်ပြီး ငိုခြင်းက သူတို့နာကျင်တာ ပိုခံစားလာရကြောင်း ပြတာပါ။ ကလေးတွေ ဖျားတဲ့အခါလည်း ငိုပါတယ်။ အားမရှိတော့ အသံကျယ်ကျယ်တော့ မငိုနိုင်ပါဘူး။

4. ခန္ဓာကိုယ်က အချက်ပြ၍ငိုခြင်း

ကလေးတွေက ရှူးပေါက်ချထားတဲ့အခါ၊ အနာတစ်ခုခုဖြစ်တဲ့အခါ ငိုပါတယ်။ ငိုသံက စူးစူးဝါးဝါးပါပဲ

5. အိပ်ချင်၍ငိုခြင်း

ကလေးတွေက အိပ်ချင်ပေမယ့် တစ်ခုခုကြောင့် အိပ်မပျော်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် ငိုပါတယ်။ မျက်လုံးနဲ့ နားရွက်တွေကို လက်နဲ့ပွတ်ပါလိမ့်မယ်။

6. သက်တောင့်သက်သာမရှိ၍ ငိုခြင်း

ဒီငိုသံက ပြတ်တောင်းပြတ်တောင်းနဲ့ပါ။ တစ်ခါတလေမှာ ငြိမ်ငြိမ်မနေဘဲ ခြေတွေလက်တွေကိုလည်း ယက်ကန်ယက်ကန် လုပ်တတ်ပါတယ်။ အဲဒီအခါဆိုရင် ကလေးတွေရဲ့ဒိုင်ပါကို ကြည့်ပေးဖို့ လိုပါတယ်။ သူတို့အဝတ်အစားတွေ အရမ်းပူတဲ့အခါ၊ အေးတဲ့အခါလည်း ငိုပါတယ်။ ဒါ့အပြင် အရမ်းငယ်သေးတဲ့ ကလေးတွေက တစ်နေရာထဲမှာ နေရတာ ပျင်းလာတဲ့အခါ ငိုတတ်ပါတယ်။

ကလေးတွေ လုပ်တတ်တဲ့အသံ

ဩစတေးလျ ကလေးအထူးကုဆရာဝန် ဒေါက်တာ Priscilla Dunstan က 3 လ ကနေ 4 လ အရွယ် ကလေးတွေရဲ့ အသံကို နှစ် 20 ကြာ သုတေသန ပြုခဲ့ပါတယ်။ သူမရဲ့ သုတေသနထဲမှာ လူမျိုးပေါင်းစုံ ကလေးတွေ တစ်ထောင်ကျော် ပါဝင်ပါတယ်။ အသက် 4 လ အရွယ် ကလေးတွေက သူတို့လိုချင်တာကို အသံနဲ့ ဖော်ပြကြ ပါတယ်။ Priscilla က ကလေးတွေ အကြောင်းကို မိဘတွေ နားလည်နိုင်ဖို့ ကျောင်းဖွင့်ထား ပါတယ်။

1. ‘နာ့’ ဆိုတဲ့ အသံက ဗိုက်ဆာတယ်လို့ ပြောတာပါ။ ကလေးတွေကို ဒီအသံကို လျှာကို အာခေါင်ရှေ့ကိုထိပြီး လုပ်တတ်ပါတယ်။

2. ‘အာ့’ ဆိုတဲ့ အသံက လေတက်ချင်တဲ့အသံပါ။ ကလေးတွေရဲ့ အစာပြွန်ထဲကနေ လေထွက်ချင်တဲ့အခါ ဒီလိုအသံထွက်ပါတယ်။

3. ‘အို့’ ဆိုတဲ့အသံက အိပ်ချင်လာပြီလို့ ပြောချင်တာပါ။ ကလေးတွေက သမ်းဝေခြင်းမပြုခင်မှာ နှုတ်ခမ်းကိုပိတ်ပြီး လုပ်ပြတတ်ပါတယ်။

4. ‘ဟာ့’ ဆိုတဲ့အသံက နေရထိုင်ရ အဆင်မပြေဘူး ဆိုတဲ့ သဘောပါ။ ကလေးတွေမှာ အထိအတွေ့တစ်ခုခုက အဆင်မပြေဘူးဆိုရင် ခြေတွေလက်တွေကို ဆတ်ခနဲ လှုပ်ပြတတ်ပါတယ်။ ဒီလိုလုပ်ရင်းနဲ့ ပါးစပ်ကလည်း ‘ဟာ့’ ဆိုတဲ့အသံ ထွက်လာတတ်ပါတယ်။

5. ကလေးတွေဗိုက်ထဲမှာ မအီမသာဖြစ်နေရင် ‘အဲ့အာ’ ဆိုတဲ့အသံ ထွက်ပါတယ်။ ကလေးတွေရဲ့ဗိုက်ထဲမှာ နေလို့မကောင်းရင် ညည်းတွားရင်းနဲ့ ထွက်လာတဲ့အသံပါ။

လှုပ်ရှားတတ်တဲ့အမူအရာတွေ

ကလေးတွေရဲ့ အမူအရာကလည်း ကလေးတွေအကြောင်းကို ပြောပြပါတယ်

1. ခန္ဓာကိုယ်ကို တွန့်လိမ်ခြင်း

နှစ်လအောက်ကလေးတွေက လေထိုးလေအောင့်တဲ့အခါ ခန္ဓာကိုယ်ကို တွန့်လိမ်ပြတတ်ပါတယ်။ ထမင်းစားပြီးတဲ့အခါ ခန္ဓာကိုယ်ကို တွန့်လိမ်ပြရင် ဗိုက်ပြည့်နေတဲ့သဘောပါ။ ထမင်းစားနေတဲ့အချိန်မှာ တွန့်လိမ်ပြရင် အစာမကြေတဲ့သဘောပါ။ 2 လထက် ကျော်တဲ့ကလေးတွေက ခန္ဓာကိုယ်ကို တွန့်လိမ်ပြရင် ပင်ပန်းပြီး အိပ်ချင်တယ်လို့ ပြောချင်တာပါ။

2. ခေါင်းကို လှည့်ပြခြင်း

ဒါကတော့ ကလေးတွေအတွက် အေးအေးဆေးဆေး ဖြစ်နေတယ်ဆိုတာ ပြတာပါ။ သူတို့အိပ်မပျော်ခင်မှာလည်း ခေါင်းကို လှည့်တတ်ပါတယ်။ ဘေးနားမှာ သူတို့မသိတဲ့သူရှိရင်လည်း ခေါင်းကို လှည့်ပြီး ကြည့်တတ်ပါသေးတယ်။

3. နားရွက်ကိုင်ခြင်း

ကလေးတွေက သူတို့ခန္ဓာကိုယ်ကို စူးစမ်းတဲ့အနေနဲ့ နားရွက်ကို ကိုင်တတ်ကြပါတယ်။ ကလေးတွေ ငိုရင်းနဲ့ နားရွက်ကို ခဏခဏ ကိုင်နေရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်

4. လက်သီးဆုပ်ခြင်း

လက်သီးဆုပ်ပြတာက ဗိုက်ဆာနေပြီလို့ ပြောတာပါ။ ကလေးတွေ လက်သီးဆုပ်ပြတာကို အချိန်မီ သတိထားမိရင် ဗိုက်ဆာပြီး မငိုတော့ပါဘူး။

5. ခြေထောက်မြောက်ပြခြင်း

ကလေးက ခြေထောက်ကို မြောက်ပြရင် လေထိုးလေအောင့်နေတယ်လို့ ပြောတာပါ။ နာကျင်မှုကို သက်သာအောင်လို့ ခြေထောက်ကို မြောက်ပြပါတယ်။

6. လက်ကို ဆတ်ခနဲဆတ်ခနဲ မြောက်ခြင်း

ကလေးတွေက လက်ကို ဆတ်ခနဲ ဆတ်ခနဲမြောက်ရင် သူတို့ကြောက်နေတာလို့ ပြောတာပါ။ ဆူညံသံတွေ၊ မီးရောင်စူးစူးတွေ..၊ ရုတ်တရက် အိပ်ယာနိုးလာတာတွေက ကလေးတွေကို လန့်စေပါတယ်။ အဲဒီအခါမှာ ကလေးအကြောက်အလန့် ပြေသွားအောင် လုပ်ပေးဖို့ လိုပါတယ်။

ကလေးတွေက သူတို့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိပေမယ့် အမူအရာတွေမဲ့ ပြတတ်တယ်လို့ ကလေးအထူးကု ဆရာဝန်တွေက ပြောပါတယ်။ ခြေဟန်လက်ဟန် အမူအရာပြခြင်းက မိဘနဲ့ကလေးကြား ဆက်သွယ်မှုကို တိုးစေပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက်လည်း ကောင်းစေပါတယ်။

Credit

မိဘတိုင္းသိထားသင့္တဲ့ ကေလးေတြရဲ႕ အခ်က္ျပပုံ (၁၇) ခု

ကေလးေတြအေၾကာင္းကို ပိုနားလည္ေစႏိုင္မယ့္ အခ်က္ (၁၇) ခ်က္ မိဘေတြက ကေလးေတြရဲ႕ က်န္းမာေရးကို ငယ္ငယ္ေလးတည္းက အေသးအဖြဲက စၿပီး စိုးရိမ္တတ္ၾကပါတယ္။ ကေလးေတြ ဘာျဖစ္ခ်င္သလဲ၊ ဘာအဆင္မေျပလဲ ဆိုတာကို မိဘေတြက သိခ်င္ၾကပါတယ္။ ဒါေပမယ့္ သင့္မွာ ကေလးမရွိရင္ ဒါေတြနားမလည္ ႏိုင္ပါဘူး။ မိဘေတြနဲ႔ ကေလးေတြၾကား ဆက္သြယ္လို႔ရမယ့္ အခ်က္ 3 ခ်က္ကို ကြၽမ္းက်င္သူေတြက ေဖာ္ျပေပးထားပါတယ္

ကေလးငိုပုံငိုနည္း

ကေလးေတြရဲ႕အသက္ ပထမ 4 လမွာ သူတို႔လိုခ်င္တာကို ငိုၿပီးေတာ့ ေဖာ္ျပပါတယ္။ ဒါေပမယ့္ မိဘေတြက ကေလးေတြ ဗိုက္ဆာလို႔ ငိုတာလား၊ နာလို႔ငိုတာလား၊ တစ္ခုခုျဖစ္လို႔ ငိုတာလား ဆိုတာ မသိႏိုင္ပါဘူး။

1. မိဘေတြကို ေခၚသည့္ငိုနည္း

ကေလးေတြက တစ္ေယာက္တည္း ျဖစ္ေနၿပီဆိုရင္ မိဘေတြကို လာခ်ီေစခ်င္ပါတယ္။ ကေလးေတြက 5 စကၠန႔္ 6 စကၠန႔္ေလာက္ ငိုပါတယ္။ ၿပီးေတာ မိဘေတြမ်ား လာခ်ီမလားဆိုၿပီး ေစာင့္တဲ့သေဘာနဲ႔ 20 စကၠန႔္ေလာက္ အငိုရပ္ပါတယ္။ မိဘေတြက လာမခ်ီေသးဘူးဆိုရင္ ငိုလိုက္၊ ရပ္လိုက္လုပ္ေနဦးမွာပါပဲ။

2. ဗိုက္ဆာ၍ငိုျခင္း

ကေလးေတြက ဗိုက္ဆာေနရင္၊ မိဘေတြကလည္း လာမခ်ီဘူးဆိုရင္ သံကုန္ျခစ္ၿပီး ငိုပါတယ္။ ဗိုက္ဆာတဲအခါ ေခါင္းကိုလွည့္ၿပီး ပါးစပ္ကလည္း ႁပြတ္ကနဲျမည္ေအာင္ လုပ္တတ္ပါေသးတယ္။

3. နာ၍ငိုျခင္း

အနာတစ္ခုခုျဖစ္ေနၿပီဆိုရင္ ထပ္ခါထပ္ခါရႈိက္ၿပီး ငိုသံက ပိုက်ယ္ပါတယ္။ ငယ္သံပါေအာင္ အာေခါင္ျခစ္ၿပီး ငိုျခင္းက သူတို႔နာက်င္တာ ပိုခံစားလာရေၾကာင္း ျပတာပါ။ ကေလးေတြ ဖ်ားတဲ့အခါလည္း ငိုပါတယ္။ အားမရွိေတာ့ အသံက်ယ္က်ယ္ေတာ့ မငိုႏိုင္ပါဘူး။

4. ခႏၶာကိုယ္က အခ်က္ျပ၍ငိုျခင္း

ကေလးေတြက ရႉးေပါက္ခ်ထားတဲ့အခါ၊ အနာတစ္ခုခုျဖစ္တဲ့အခါ ငိုပါတယ္။ ငိုသံက စူးစူးဝါးဝါးပါပဲ..

5. အိပ္ခ်င္၍ငိုျခင္း

ကေလးေတြက အိပ္ခ်င္ေပမယ့္ တစ္ခုခုေၾကာင့္ အိပ္မေပ်ာ္တဲ့အခါ စိတ္အေႏွာင့္အယွက္ျဖစ္ေလာက္ေအာင္ ငိုပါတယ္။ မ်က္လုံးနဲ႔ နား႐ြက္ေတြကို လက္နဲ႔ပြတ္ပါလိမ့္မယ္။

6. သက္ေတာင့္သက္သာမရွိ၍ ငိုျခင္း

ဒီငိုသံက ျပတ္ေတာင္းျပတ္ေတာင္းနဲ႔ပါ။ တစ္ခါတေလမွာ ၿငိမ္ၿငိမ္မေနဘဲ ေျခေတြလက္ေတြကိုလည္း ယက္ကန္ယက္ကန္ လုပ္တတ္ပါတယ္။ အဲဒီအခါဆိုရင္ ကေလးေတြရဲ႕ဒိုင္ပါကို ၾကည့္ေပးဖို႔ လိုပါတယ္။ သူတို႔အဝတ္အစားေတြ အရမ္းပူတဲ့အခါ၊ ေအးတဲ့အခါလည္း ငိုပါတယ္။ ဒါ့အျပင္ အရမ္းငယ္ေသးတဲ့ ကေလးေတြက တစ္ေနရာထဲမွာ ေနရတာ ပ်င္းလာတဲ့အခါ ငိုတတ္ပါတယ္။

ကေလးေတြ လုပ္တတ္တဲ့အသံ

ဩစေတးလ် ကေလးအထူးကုဆရာဝန္ ေဒါက္တာ Priscilla Dunstan က 3 လ ကေန 4 လ အ႐ြယ္ ကေလးေတြရဲ႕ အသံကို ႏွစ္ 20 ၾကာ သုေတသန ျပဳခဲ့ပါတယ္။ သူမရဲ႕ သုေတသနထဲမွာ လူမ်ိဳးေပါင္းစုံ ကေလးေတြ တစ္ေထာင္ေက်ာ္ ပါဝင္ပါတယ္။ အသက္ 4 လ အ႐ြယ္ ကေလးေတြက သူတို႔လိုခ်င္တာကို အသံနဲ႔ ေဖာ္ျပၾက ပါတယ္။ Priscilla က ကေလးေတြ အေၾကာင္းကို မိဘေတြ နားလည္ႏိုင္ဖို႔ ေက်ာင္းဖြင့္ထား ပါတယ္။

1. ‘နာ့’ ဆိုတဲ့ အသံက ဗိုက္ဆာတယ္လို႔ ေျပာတာပါ။ ကေလးေတြကို ဒီအသံကို လွ်ာကို အာေခါင္ေရွ႕ကိုထိၿပီး လုပ္တတ္ပါတယ္။

2. ‘အာ့’ ဆိုတဲ့ အသံက ေလတက္ခ်င္တဲ့အသံပါ။ ကေလးေတြရဲ႕.. အစာႁပြန္ထဲကေန ေလထြက္ခ်င္တဲ့အခါ ဒီလိုအသံထြက္ပါတယ္။

3. ‘အို႔’ ဆိုတဲ့အသံက အိပ္ခ်င္လာၿပီလို႔ ေျပာခ်င္တာပါ။ ကေလးေတြက သမ္းေဝျခင္းမျပဳခင္မွာ ႏႈတ္ခမ္းကိုပိတ္ၿပီး လုပ္ျပတတ္ပါတယ္။

4. ‘ဟာ့’ ဆိုတဲ့အသံက ေနရထိုင္ရ အဆင္မေျပဘူး ဆိုတဲ့ သေဘာပါ..။ ကေလးေတြမွာ အထိအေတြ႕တစ္ခုခုက အဆင္မေျပဘူးဆိုရင္ ေျခေတြလက္ေတြကို ဆတ္ခနဲ လႈပ္ျပတတ္ပါတယ္။ ဒီလိုလုပ္ရင္းနဲ႔ ပါးစပ္ကလည္း ‘ဟာ့’ ဆိုတဲ့အသံ ထြက္လာတတ္ပါတယ္။

5. ကေလးေတြဗိုက္ထဲမွာ မအီမသာျဖစ္ေနရင္ ‘အဲ့အာ’ ဆိုတဲ့အသံ ထြက္ပါတယ္။ ကေလးေတြရဲ႕ဗိုက္ထဲမွာ ေနလို႔မေကာင္းရင္ ညည္းတြားရင္းနဲ႔ ထြက္လာတဲ့အသံပါ။

လႈပ္ရွားတတ္တဲ့အမူအရာေတြ

ကေလးေတြရဲ႕ အမူအရာကလည္း ကေလးေတြအေၾကာင္းကို ေျပာျပပါတယ္

1. ခႏၶာကိုယ္ကို တြန႔္လိမ္ျခင္း

ႏွစ္လေအာက္ကေလးေတြက ေလထိုးေလေအာင့္တဲ့အခါ ခႏၶာကိုယ္ကို တြန႔္လိမ္ျပတတ္ပါတယ္။ ထမင္းစားၿပီးတဲ့အခါ ခႏၶာကိုယ္ကို တြန႔္လိမ္ျပရင္ ဗိုက္ျပည့္ေနတဲ့သေဘာပါ။ ထမင္းစားေနတဲ့အခ်ိန္မွာ တြန႔္လိမ္ျပရင္ အစာမေၾကတဲ့သေဘာပါ။ 2 လထက္ ေက်ာ္တဲ့ကေလးေတြက ခႏၶာကိုယ္ကို တြန႔္လိမ္ျပရင္ ပင္ပန္းၿပီး အိပ္ခ်င္တယ္လို႔ ေျပာခ်င္တာပါ။

2. ေခါင္းကို လွည့္ျပျခင္း

ဒါကေတာ့ ကေလးေတြအတြက္ ေအးေအးေဆးေဆး ျဖစ္ေနတယ္ဆိုတာ ျပတာပါ။ သူတို႔အိပ္မေပ်ာ္ခင္မွာလည္း ေခါင္းကို လွည့္တတ္ပါတယ္။ ေဘးနားမွာ သူတို႔မသိတဲ့သူရွိရင္လည္း ေခါင္းကို လွည့္ၿပီး ၾကည့္တတ္ပါေသးတယ္။

3. နား႐ြက္ကိုင္ျခင္း

ကေလးေတြက သူတို႔ခႏၶာကိုယ္ကို စူးစမ္းတဲ့အေနနဲ႔ နား႐ြက္ကို ကိုင္တတ္ၾကပါတယ္။ ကေလးေတြ ငိုရင္းနဲ႔ နား႐ြက္ကို ခဏခဏ ကိုင္ေနရင္ေတာ့ ဆရာဝန္နဲ႔ ျပသင့္ပါတယ္

4. လက္သီးဆုပ္ျခင္း

လက္သီးဆုပ္ျပတာက ဗိုက္ဆာေနၿပီလို႔ ေျပာတာပါ။ ကေလးေတြ လက္သီးဆုပ္ျပတာကို အခ်ိန္မီ သတိထားမိရင္ ဗိုက္ဆာၿပီး မငိုေတာ့ပါဘူး။

5. ေျခေထာက္ေျမာက္ျပျခင္း

ကေလးက ေျခေထာက္ကို ေျမာက္ျပရင္ ေလထိုးေလေအာင့္ေနတယ္လို႔ ေျပာတာပါ။ နာက်င္မႈကို သက္သာေအာင္လို႔ ေျခေထာက္ကို ေျမာက္ျပပါတယ္။

6. လက္ကို ဆတ္ခနဲဆတ္ခနဲ ေျမာက္ျခင္း

ကေလးေတြက လက္ကို ဆတ္ခနဲ ဆတ္ခနဲေျမာက္ရင္ သူတို႔ေၾကာက္ေနတာလို႔ ေျပာတာပါ..။ ဆူညံသံေတြ၊ မီးေရာင္စူးစူးေတြ၊ ႐ုတ္တရက္ အိပ္ယာႏိုးလာတာေတြက ကေလးေတြကို လန႔္ေစပါတယ္။ အဲဒီအခါမွာ ကေလးအေၾကာက္အလန႔္ ေျပသြားေအာင္ လုပ္ေပးဖို႔ လိုပါတယ္။

ကေလးေတြက သူတို႔ပတ္ဝန္းက်င္မွာ ဘာေတြျဖစ္ေနလဲဆိုတာ မသိေပမယ့္ အမူအရာေတြမဲ့ ျပတတ္တယ္လို႔ ကေလးအထူးကု ဆရာဝန္ေတြက ေျပာပါတယ္။ ေျခဟန္လက္ဟန္ အမူအရာျပျခင္းက မိဘနဲ႔ကေလးၾကား ဆက္သြယ္မႈကို တိုးေစၿပီး ကေလးရဲ႕ ဖြံ႕ၿဖိဳးမႈအတြက္လည္း ေကာင္းေစပါတယ္။

Credit