လူသားစင်စစ်ကနေ ကျောက်တုံးဘဝ ပြောင်းလဲသွားတဲ့ သနားစရာကောင်မလေး
လူသားစင်စစ်ကနေ ကျောက်တုံးဘဝ ပြောင်းလဲသွားတဲ့ အံ့ဖွယ်ဖြစ်စဉ်တစ်ခု အိန္ဒိယနိုင်ငံမှာ ဖြစ်ပေါ် ခဲ့ပါတယ်..။
အိန္ဒိယနိုင်ငံက အသက် ၇ နှစ်အရွယ် မိန်းကလေးဟာ ရှားပါးလွန်းလှတဲ့ အရေပြား သန္ဓေပြောင်းလဲမှု ရောဂါတစ်ခုကြောင့် လူစင်စစ်ကနေ ကျောက်တုံး ကျောက်ဆိုင်ဘဝကို တဖြည်းဖြည်း ပြောင်းလဲလာခဲ့တာပါ။
ကလေးမလေး ရာဂျက်စ်ဝါရီရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ မျက်နှ ာနဲ့ ရင်ဘတ်ပိုင်းလေးသာ ကွက်ကျန်ပြီး တစ်ကိုယ်လုံးကတော့ ကျောက်တုံးတွေလို အသားမာတွေ တက်နေတာပါ။ ဒီလို ဖြစ်စဉ်မျိုးဟာ ကမ္ဘာပေါ်မှာ ၂၄ ခုပဲ ရှိဖူးပြီး ဒါဟာ ရှားပါးလှတဲ့ မျိုးဗီဇသန္ဓေပြောင်းလဲမှုကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။
ဒီရောဂါဟာ သေစေနိုင်လောက်တဲ့ထိ မဆိုးရွားပေမယ့် လှုပ်ရှားမှုတွေ လုပ်လိုက်တိုင်း နာကျင်မှုကို ဆိုးဆိုးရွားရွား ခံစားစေရပါတယ်။ ရာဂျက်စ်ဝါရီဟာ အသက်အရွယ်နဲ့ မလိုက်အောင် ဒီလို ဆိုးရွားပြီး ရှားပါးလှတဲ့ ရောဂါကို ခံစားနေရတာပဲဖြစ်ပါတယ်။
လက်ရှိ အချိန်မှာလည်း သူမ ရဲ့ တစ်ကိုယ်လုံး နီးပါးဟာ ကျောက်စိုင် ကျောက်တုံးကြီးလို မာကြော လာနေတာကို ဗီဒီယိုထဲ မှာ တွေ့ရ မှာပါ။
အဆိုပါ ရောဂါ အတွက် ကုသနိုင်တဲ့ဆေး ရှာမတွေ့သေး သလို ရောဂါကို ထိန်းချုပ် ဖို့ကလည်း ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိတယ် လို့ သိရပါတယ်။
ဒါကြောင့် အသက်ငယ်ငယ် နဲ့..ရာဂျက်စ်ဝါရီ တစ်ယောက် ကမ္ဘာပေါ်မှာ ရှားပါးလှတဲ့ ရောဂါကို ခံစားနေရတာ မြင်ရသူ အဖို့ အလွန် စိတ်မကောင်းစရာ ဖြစ်နေတာပါ။
အမြန်ဆုံး ဆေးတွေ့ပြီး သက်သာပျောက်ကင်း ပါစေလို့လည်း ပရိသတ်ကြီး တို့က ဆုတောင်း ပေးခဲ့ ကြပါအုံးနော်။
ခရက်ဒစ်
ခရက်ဒစ်