အရှင်ဘုရား တပည့်တော် ကို လူတစ်ယောက်က မုန်းနေပါတယ်၊ အဲဒါ ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ နည်းလမ်းရှိပါသလားဘုရား၊
အဲဒီလူက အရင်ကတော့ တပည့်တော်ကို ချစ်နှစ်သက်ပါတယ်..။ အခုမှ မုန်းသွားတယ် ထင်တယ်၊နည်းလမ်း ရှိတယ် ဆိုရင်ကူညီပါအုံးဘုရ့ား၊
ဒါက ရန်ကုန်က ဒါယကာမ တစ်ယောက်ကပြောပြအကူအညီ တောင်းတဲ့ စကားလေးပါ၊
လောကမှာ လူတိုင်းလူတိုင်းအတွက်ကိုယ့်ကို မုန်းတဲ့ရန်သူတွေ၊ ချစ်ခင်ပြီးမှ စိမ်းကားရက်စက်သွားသူတွေ၊ ကိုယ်ကြီးပွားအောင်မြင်ကျော်ကြားနေတာကို မနာလိုသူတွေ နဲ့
စီးပွားပြိုင်ဘက်အချင်းချင်း ပြိုင်ဘက်ကို မကောင်းကြံပြီး အနိုင်ယူတာတွေ အားလုံးဟာမကြုံချင်လည်း ကြုံရ၊ မဆုံချင်လည်း ဆုံရတဲ့ လူ့ဘဝထဲက အဖြစ်အပျက်တွေပဲ မဟုတ်လား၊
ဒါကြောင့်လဲ လူ့ဘဝက တိုတောင်းပေမယ့် စိတ်ကြည်နူးစရာက နည်းနည်း-စိတ်ဆင်းရဲစရာတွေက တနေ့တနေ့မှာ ကြုံရတာ များလွန်းလို့ လူတခု ပူမှု့ရယ်ကဆယ်ကုဋေ လို့တောင် ရှေးလူကြီးတွေကငြီးတွားခဲ့ကြတယ်။
စာရေးသူက ဖြေလိုက်တယ် အော် ရှိပါတယ်၊ ဗေဒင် ယတြာတွေ အင်းအိုင် ခလှဲ့တွေတော့ မတတ်ပါဘူး၊ ဒါပေမယ့် ဘုရားဟောထားတဲ့ နည်းလမ်း ကို ပြောပြပါ့မယ်၊
လူတော်တော်များများ အဆင်ပြေသွားကြတာ ဆိုတော့ ဒကာမလေးလဲပြေလည်နိုင်မယ် လို့ ထင်တယ်၊
ယုံယုံကြည်ကြည်နဲ့ ပြောပြထားတဲ့ အစီအစဉ်အတိုင်း လုပ်ရင် တကယ်ပဲအဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒကာမလေး ကို အကြောင်းပြုပြီးအားလုံးကို သိစေချင်လို့ ဒီကနေပဲ ဖြေပေးလိုက်ပါမယ်၊
ဘာဖြစ်လို့လဲ ဆိုတော့ ဒီနည်းလမ်းကို နှလုံးသားအတွက် သက်သက်သာ မဟုတ်ပဲ..
ကျန်တဲ့ စီးပွားရေး လူမှု့ရေး ဘာသာရေး စတာတွေမှာ နားလည်မှု့လွဲပြီး စိတ်ဝမ်းကွဲနေရင်ဖြစ်စေ ရန်သူတွေလို ဆက်ဆံနေရရင် ဖြစ်စေ မိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းအချင်းချင်း မညီညွတ်ပဲ စိတ်ညစ် သောက ရောက်နေရင် ဖြစ်စေအသုံးပြုနိုင်ပါတယ်။
ကဲ ကောင်းပါပြီ၊ အောက်မှာ ဖော်ပြမယ့် နည်းလမ်းလေးကို ပေးလိုက်တာ ၁၅ ရက်တောင် မကြာလိုက်ဘူး၊ အဲဒီ ဒကာမလေးဆီက ဖုန်းဆက်ပြောပြပါတယ်၊
အရှင်ဘုရား အဆင်ပြေသွားပါပြီ၊ ကျေးဇူး အများကြီး တင်ပါတယ်၊ တပည့်တော် ပြောတဲ့လူတယောက်ဆိုတာ အရှင်ဘုရား ဒကာကြီးပါ။သူက အိမ်ကို ပြန်မလာတော့လို့ အကူအညီတောင်း၇တာပါတဲ့၊
တကယ်တော့ ဒီနည်းလမ်းကို အသုံ့းပြုရင် ကိုယ့်အပေါ် မကောင်းကြံထားသူတွေတောင် လာပြီး ဒူးထောက်တောင်းပန်တာမျိုးတွေ ရှိခဲ့ဖူးတယ် လို့ ဆိုပါတယ်၊ဒါကြောင့် စာဖတ် ပရိသတ်များ သေသေချာချာမှတ်သားပြီး အကျိုးရှိရှိအသုံးပြုစေချင်ပါတယ်၊
အစီအစဉ် များ
၁ ။ ဘုရားစင်ရှေ့မှာ သန့်စင်တဲ့ ဖန်ခွက်တစ်ခွက်ထဲကို သောက်ရေသန့်သန့်အပြည့်နီးပါး ထည့်ပါ၊
၂ ။ ပြီးတာနဲ့ ကျောက်ခဲသေးသေးတလုံးကို ဆေးကြောပြီး ဖန်ခွက်ထဲ ထည့်၇ပါမည်၊
၃ ။ ကိုယ့်ကို မုန်းနေသူ မချစ်မနှစ်သက်သူ ကို ဓာတ်ပုံရှိက ဓာတ်ပုံကိုဖန်ခွက်ဘေးမှာ ထောင်ထားရပါမယ်၊
ဓာတ်ပုံမရှိလဲ သူ့ပုံရိပ်ကို အာရုံပြုပြီး ပွားများနိုင်ပါတယ်၊ တခါမှ မမြင်ဘူးသူ တစ်ယောက်ကို ပို့လိုရင်တော့ သူ့ နာမည်ကို ပါးစပ်က ရွတ်ဆိုပြီး ပို့နိုင်ပါတယ်။
ဆိုကြပါစို့ မောင်ကျော်ကို ဥပမာ အနေနဲ့ ပို့ကြည့်ရအောင် – –
ကဲ မောင်ကျော်၊ မင်းက ငါ့အပေါ် မုန်းတီးနေပေမယ့် ငါကတော့ မေတ္တာမပျက်ချစ်ခင်နေလျက်ပါ၊
ဒါကြောင့် မင်း အမုန်းတွေပြေပျောက်ပြီး ငါ့အပေါ် ချစ်ခင်စေချင်ပါတယ်၊
ရေထဲမှာ ရှိတဲ့ ကျောက်ခဲလေးဟာ အေးမြနေသလို အခု မင်းကို အေးမြတဲ့ရေထဲမှာ စိမ်ထားလိုက်ပြီ..၊
မင်းရဲ့ ဒေါသတွေ ပြေပျောက်ပြီး စိတ်ရော လူရော အေးချမ်းလာပြီး ငါ့အပေါ်မေတ္တာသက်ဝင်လာပါစေ၊
ငါကတော့ မင်းကို အပြစ်မမြင်ပါဘူး၊ ဆက်လက် ချစ်ခင်နေမှာပါ၊
လက်ထပ်ထားသူ ဖြစ်က အရင်လို ချစ်ခင်ပါစေ – စသည်ဖြင့် ပါးစပ်က ရွတ်ဆို၇ပါမယ်၊
ကျောက်ခဲလေးကို လူအမှတ်နဲ့ အာရုံပြုနိုင်အောင် ကြိုးစားပြီးတစ်နေ့ ၂ ကြိမ် ၃ ကြိမ်လောက် ပို့ရပါမယ်၊အကြိမ်များစွာ ဆိုရင်တော့ အကောင်းဆုံးပေါ့၊
၄ ။ တစ်ဦးတယောက်အပေါ် ရည်စူးမေတ္တာပို့ပြီးရင်တော့ သတ္တဝါအားလုံးနဲ့နတ်ဗြဟ္မာတွေကို တိုင်တည်ပြီးမေတ္တာပို့ အမျှေ၀ ရပါမယ်၊
နည်းလမ်းလေးကတော့ ဒီလောက်ပါပဲ။
မြန်မာနိုင်ငံ သာသနာ့ သမိုင်းမှာ မေတ္တာအရာမှာ ထင်ရှားကျော်ကြားတဲ့ တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမ သာရကိုယ်တော်တိုင် ပေးသနားထားခဲ့တဲ့အတွက်ယုံယုံကြည်ကြည် အသုံးပြုပြီး မုန်းသူ မနာလိုသူ ရန်သူအားလုံးကို ချစ်ခင်ကြင်နာနိုင်ပါစေ၊
မှတ်ချက်၊ကိုယ်က အမုန်းခံနေရမှ အသုံးပြုသင့်ပါတယ်၊ကိုယ်က မုန်းနေသူဆိုရင်တော့ အချိန်ယူပြီး ပွားများမှ သက်ရောက်ပါလိမ့်မယ်၊
မေတ္တာဖြင့် လူအားလုံး ငြိမ်းအေးနိုင်ကြပါစေ။
အရှင်သုနန္ဒာလင်္ကာရ – M A ( ပန်းကမ္ဘာ )
Zawgyi
အရွင္ဘုရား တပည္႔ေတာ္ ကို လူတစ္ေယာက္က မုန္းေနပါတယ္၊ အဲဒါ ၿပန္ခ်စ္လာေအာင္ ဘယ္လိုလုပ္ရမလဲ နည္းလမ္းရွိပါသလားဘုရား၊
အဲဒီလူက အရင္ကေတာ႔ တပည္႔ေတာ္ကို ခ်စ္ႏွစ္သက္ပါတယ္။ အခုမွ မုန္းသြားတယ္ ထင္တယ္၊နည္းလမ္း ရွိတယ္ ဆိုရင္ကူညီပါအုံးဘုရ႔ား၊
ဒါက ရန္ကုန္က ဒါယကာမ တစ္ေယာက္ကေၿပာၿပအကူအညီ ေတာင္းတဲ႔ စကားေလးပါ၊
ေလာကမွာ လူတိုင္းလူတိုင္းအတြက္ကိုယ္႔ကို မုန္းတဲ႔ရန္သူေတြ၊ ခ်စ္ခင္ၿပီးမွ စိမ္းကားရက္စက္သြားသူေတြ၊ ကိုယ္ႀကီးပြားေအာင္ၿမင္ေက်ာ္ႀကားေနတာကို မနာလိုသူေတြ နဲ႔
စီးပြားၿပိဳင္ဘက္အခ်ငး္ခ်င္း ၿပိဳင္ဘက္ကို မေကာင္းႀကံၿပီး အနုိင္ယူတာေတြ အားလုံးဟာမႀကဳံခ်င္လည္း ႀကဳံရ၊ မဆုံခ်င္လည္း ဆုံရတဲ႔ လူ႔ဘ၀ထဲက အၿဖစ္အပ်က္ေတြပဲ မဟုတ္လား၊
ဒါေႀကာင္႔လဲ လူ႔ဘ၀က တိုေတာင္းေပမယ္႔ စိတ္ႀကည္ႏူးစရာက နညး္နည္း-စိတ္ဆင္းရဲစရာေတြက တေန႔တေန႔မွာ ႀကဳံရတာ မ်ားလြန္းလို႔ လူတခု ပူမွဳ႕ရယ္ကဆယ္ကုေဋ လို႔ေတာင္ ေရွးလူႀကီးေတြကၿငီးတြားခဲ႔ႀကတယ္။
စာေရးသူက ေၿဖလိုက္တယ္ ေအာ္ ရွိပါတယ္၊ ေဗဒင္ ယႀတာေတြ အင္းအုိင္ ခလွဲ႕ေတြေတာ႔ မတတ္ပါဘူး၊ ဒါေပမယ္႔ ဘုရားေဟာထားတဲ႔ နည္းလမ္း ကို ေၿပာၿပပါ႔မယ္၊
လူေတာ္ေတာ္မ်ားမ်ား အဆင္ေၿပသြားႀကတာ ဆိုေတာ႔ ဒကာမေလးလဲေၿပလည္နုိင္မယ္ လို႔ ထင္တယ္၊
ယုံယုံႀကည္ႀကည္နဲ႔ ေၿပာၿပထားတဲ႔ အစီအစဥ္အတိုင္း လုပ္ရင္ တကယ္ပဲအဆင္ေၿပလိမ္႔မယ္လို႔ ေမ်ွာ္လင္႔ပါတယ္၊ ဒကာမေလး ကို အေႀကာင္းၿပဳၿပီးအားလုံးကို သိေစခ်င္လို႔ ဒီကေနပဲ ေၿဖေပးလိုက္ပါမယ္၊
ဘာၿဖစ္လို႔လဲ ဆုိေတာ႔ ဒီနည္းလမ္းကို ႏွလုံးသားအတြက္ သက္သက္သာ မဟုတ္ပဲ
က်န္တဲ႔ စီးပြားေရး လူမွဳ႕ေရး ဘာသာေရး စတာေတြမွာ နားလည္မွဳ႕လြဲၿပီး စိတ္၀မ္းကြဲေနရင္ၿဖစ္ေစ ရန္သူေတြလို ဆက္ဆံေနရရင္ ၿဖစ္ေစ မိတ္ေဆြ သူငယ္ခ်င္းအေပါင္းအသင္းအခ်င္းခ်င္း မညီညြတ္ပဲ စိတ္ညစ္ ေသာက ေရာက္ေနရင္ ၿဖစ္ေစအသုုံးၿပဳနိုင္ပါတယ္။
ကဲ ေကာင္းပါၿပီ၊ ေအာက္မွာ ေဖာ္ၿပမယ္႔ နည္းလမ္းေလးကို ေပးလိုက္တာ ၁၅ ရက္ေတာင္ မႀကာလိုက္ဘူး၊ အဲဒီ ဒကာမေလးဆီက ဖုန္းဆက္ေၿပာၿပပါတယ္၊
အရွင္ဘုရား အဆင္ေၿပသြားပါၿပီ..၊ ေက်းဇူး အမ်ားႀကီး တင္ပါတယ္၊ တပည္႔ေတာ္ ေၿပာတဲ႔လူတေယာက္ဆိုတာ အရွင္ဘုရား ဒကာႀကီးပါ။သူက အိမ္ကုိ ၿပန္မလာေတာ႔လို႔ အကူအညီေတာင္း၇တာပါတဲ႔၊
တကယ္ေတာ႔ ဒီနည္းလမ္းကို အသု့ံးၿပဳရင္ ကိုယ္႔အေပၚ မေကာငး္ႀကံထားသူေတြေတာင္ လာၿပီး ဒူးေထာက္ေတာင္းပန္တာမ်ိဳးေတြ ရွိခဲ႔ဖူးတယ္ လို႔ ဆိုပါတယ္၊ဒါေႀကာင္႔ စာဖတ္ ပရိသတ္မ်ား ေသေသခ်ာခ်ာမွတ္သားၿပီး အက်ိဳးရွိရွိအသုံးၿပဳေစခ်င္ပါတယ္၊
အစီအစဥ္ မ်ား
၁ ။ ဘုရားစင္ေရွ႔မွာ သန္႔စင္တဲ႔ ဖန္ခြက္တစ္ခြက္ထဲကို ေသာက္ေရသန္႔သန္႔အၿပည္႔နီးပါး ထည္႔ပါ၊
၂ ။ ၿပီးတာနဲ႔ ေက်ာက္ခဲေသးေသးတလုံးကို ေဆးေႀကာၿပီး ဖန္ခြက္ထဲ ထည္႔၇ပါမည္၊
၃ ။ ကိုယ္႔ကို မုန္းေနသူ မခ်စ္မနွစ္သက္သူ ကို ဓာတ္ပုံရွိက ဓာတ္ပုံကိုဖန္ခြက္ေဘးမွာ ေထာင္ထားရပါမယ္၊
ဓာတ္ပုံမရွိလဲ သူ႔ပုံရိပ္ကို အာရုံၿပဳၿပီး ပြားမ်ားနုိင္ပါတယ္၊ တခါမွ မၿမင္ဘူးသူ တစ္ေယာက္ကို ပို႔လုိရင္ေတာ႔ သူ႔ နာမည္ကုိ ပါးစပ္က ရြတ္ဆိုၿပီး ပို႔နုိင္ပါတယ္။
ဆိုႀကပါစုိ႕ ေမာင္ေက်ာ္ကုိ ဥပမာ အေနနဲ႔ ပို႔ႀကည္႔ရေအာင္ – –
ကဲ ေမာင္ေက်ာ္၊ မင္းက ငါ႔အေပၚ မုန္းတီးေနေပမယ္႔ ငါကေတာ႔ ေမတၱာမပ်က္ခ်စ္ခင္ေနလ်က္ပါ၊
ဒါေႀကာင္႔ မင္း အမုန္းေတြေၿပေပ်ာက္ၿပီး ငါ႔အေပၚ ခ်စ္ခင္ေစခ်င္ပါတယ္၊
ေရထဲမွာ ရွိတဲ႔ ေက်ာက္ခဲေလးဟာ ေအးၿမေနသလို အခု မင္းကို ေအးၿမတဲ႔ေရထဲမွာ စိမ္ထားလိုက္ၿပီ..၊
မင္းရဲ႕ ေဒါသေတြ ေၿပေပ်ာက္ၿပီး စိတ္ေ၇ာ လူေရာ ေအးခ်မ္းလာၿပီး ငါ႔အေပၚေမတၱာသက္၀င္လာပါေစ၊
ငါကေတာ႔ မင္းကို အၿပစ္မၿမင္ပါဘူး၊ ဆက္လက္ ခ်စ္ခင္ေနမွာပါ၊
လက္ထပ္ထားသူ ၿဖစ္က အရင္လို ခ်စ္ခင္ပါေစ – စသည္ၿဖင္႔ ပါးစပ္က ရြတ္ဆုိ၇ပါမယ္၊
ေက်ာက္ခဲေလးကို လူအမွတ္နဲ႔ အာရုံၿပဳနိုင္ေအာင္ ႀကိဳးစားၿပီးတစ္ေန႔ ၂ ႀကိမ္ ၃ ႀကိမ္ေလာက္ ပို႔ရပါမယ္၊အႀကိမ္မ်ားစြာ ဆို၇င္ေတာ႔ အေကာင္းဆုံးေပါ႔၊
၄ ။ တစ္ဦးတေယာက္အေပၚ ရည္စူးေမတၱာပို႔ၿပီးရင္ေတာ႔ သတၱ၀ါအားလုံးနဲ႔နတ္ၿဗဟၼာေတြကို တိုင္တည္ၿပီးေမတၱာပုိ႔ အမ်ွေ၀ ရပါမယ္၊
နည္းလမ္းေလးကေတာ႔ ဒီေလာက္ပါပဲ။
ၿမန္မာနိုင္ငံ သာသနာ႔ သမိုင္းမွာ ေမတၱာအရာမွာ ထင္ရွားေက်ာ္ႀကားတဲ႔ ေတာင္တန္းသာသနာၿပဳ ဆရာေတာ္ႀကီး ဦးဥတၱမ သာရကိုယ္ေတာ္တုိင္ ေပးသနားထားခဲ႔တဲ႔အတြက္ယုံယုံႀကည္ႀကည္ အသုံးၿပဳၿပီး မုန္းသူ မနာလိုသူ ရန္သူအားလုံးကို ခ်စ္ခင္ႀကင္နာနုိင္ပါေစ၊
မွတ္ခ်က္၊ကိုယ္က အမုန္းခံေနရမွ အသုံးၿပဳသင္႔ပါတယ္၊ကိုယ္က မုန္းေနသူဆိုရင္ေတာ႔ အခ်ိန္ယူၿပီး ပြားမ်ားမွ သက္ေရာက္ပါလိမ္႔မယ္၊
ေမတၱာၿဖင္႔ လူအားလုံး ၿငိမ္းေအးနိုင္ႀကပါေစ..။
အရွင္သုနႏၵာလကၤာရ – M A ( ပန္းကမၻာ )