အေထြအေထြဗဟုသုတ

အိမ်ဦးနတ်ဟု ခေါ်ထိုက်သူ ( ဖခင်ကောင်းတယောက်ဆိုတာ )

ငါ့သဘော ငါ့စကား ငါအမိန့် ငါဖြစ်ချင်တာ ဆိုတာထက်

ငါ့တာဝန် ငါ့အလုပ် ငါ့မိသားစု ငါဟာယောက်ျား ဆိုတဲ့စိတ်ရှိသူကိုမှ အိမ်ဦးနတ်လို့ ခေါ်တာပါ..။ ဘယ်လောက်ပဲအပြင်မှာ အဆင်မပြေဖြစ်ခဲ့ ပင်ပန်းခဲ့ပါစေ အပြင်မှာဖြစ်ခဲ့သမျှ ကိစ္စအဝဝကို အပြင်မှာပဲထားခဲ့ပြီး အိမ်ဟာသူ့စိတ် ပေါက်ကွဲထွက်ရာနေရာအဖြစ် အသုံးမချသူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

ဘယ်လောက်ပဲ ဇနီးမယားနဲ့ ဒေါသတကြီး ရန်ဖြစ်ထားပါစေ ကလေးတွေက “ဖေဖေ”လို့ခေါ်လိုက်ရင်”ဟေ”ဆိုတဲ့ အသံနောက်မှာ အပြုံးတွေ အလိုလိုပါပြီးသား ဖြစ်နေသူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။ သားသမီးကို ရိုက်ချင်ရိုက်မယ် ဒါပေမဲ့ ဇနီးမယားကိုထွက်တဲ့ဒေါသကို သားသမီးဆီပုံချတဲ့ ရိုက်နှက်မှုမျိုးနဲ့ သားသမီးကို မနာကျင်စေသူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

သူရှာတဲ့ဝင်ငွေ နည်းချင်နည်းမယ်။ များချင် များမယ်။ဒါပေမဲ့ သူရှာရသမျှ သူ့ဇနီးလက်ထဲ မရောက်ချင်နေ သူဘယ်လောက် ရှာရသလဲ သူ့ဇနီးသိစေရမယ်။ ဇနီးကိုအပ်တဲ့ငွေဟာ အိမ်ဖော်ကိုပေးတဲ့ ထမင်းစားရိတ်ဖိုးထက်တော့ သာနေရမယ်လေ။

သူကိုယ်တိုင် စုတ်တီးစုတ်ပြတ် နေချင်နေမယ်။ သူ့အရိပ်အောက်က ဇနီးသားသမီးဟာ အများထက်မသာတောင် မလျော့စေရသူ။ သူ့အရိပ်မှီနေတဲ့အတွက် အေးချမ်းနေစေရမယ်။ ဘာလို့လဲဆိုတော့ သူဟာအားလုံးကို အရိပ်အာ ဝါသပေးနေတဲ့ သစ်ပင်ကြီးလို စိတ်ဓာတ်ပိုင်ရှင်မျိုးကိုသာ အိမိဦးနတ်လို့ ခေါ်တာပါ။

တစ်စုံတစ်ယောက်ကို မပေါက်ကွဲခဲ့ရသမျှ ဒေါသတွေကို

ဇနီးမယားထံပုံချပြီး ပေါက်ကွဲမဲ့သူမျိုး မဟုတ်တဲ့သူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။ ဘာပဲလုပ်မယ် စဉ်းစားလိုက်ပါစေ သူ့အနောက်က သူ့ကိုမှီခိုနေတဲ့ဘဝ(ဇနီး) သူ့တည်ဆောက်ထားတဲ့ဘဝ(သားသမီး) အဲဒီဘဝတွေကို ပြန်ငှဲ့ကြည့်တတ်သူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

ကိုယ်လက်တွဲထားတဲ့ ဇနီးမယား ဘယ်လိုကျန်းမာရေးမျိုးမဆို ရင်ဆိုင်ရပါစေ။ ဘယ်လိုခန္ဓာကိုယ် အချိုးအစားပြောင်းလဲသွားပါစေ။ အဆုံးစွန်ဒုက္ခိတ ဖြစ်သွားပါစေအုံး မပစ်ခွာရစ်ပဲ ခန္ဓာကိုယ်သာမက သူ့စိတ်နှလုံးကိုပါ ချစ်နိုင်သူကိုသာ အိမ်ဦးနတ်လို့ ခေါ်ထိုက်တာပါ။

ဘယ်လိုလောကဓံမျိုးနဲ့ ကြုံပါစေ။ ရှောင်မပြေးပဲ သူကိုယ်တိုင် ရှေ့မှာမားမားမတ်မတ် ကြံ့ကြံ့ခံရှိနေသူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။ အလကားနေ မယားယူ သားသမီးမွေးပြီး နေနေတိုင်း အိမ်ဦးနတ်လို့ အမည်မတွင်ပါဘူး။

Credit

Zawgyi

ငါ့သေဘာ ငါ့စကား ငါအမိန္႔ ငါျဖစ္ခ်င္တာ ဆိုတာထက္

ငါ့တာဝန္ ငါ့အလုပ္ ငါ့မိသားစု ငါဟာေယာက္်ား ဆိုတဲ့စိတ္ရွိသူကိုမွ အိမ္ဦးနတ္လို႔ ေခၚတာပါ။ ဘယ္ေလာက္ပဲအျပင္မွာ အဆင္မေျပျဖစ္ခဲ့ ပင္ပန္းခဲ့ပါေစ အျပင္မွာျဖစ္ခဲ့သမွ် ကိစၥအဝဝကို အျပင္မွာပဲထားခဲ့ၿပီး အိမ္ဟာသူ႔စိတ္ ေပါက္ကြဲထြက္ရာေနရာအျဖစ္ အသုံးမခ်သူကိုသာ အိမ္ဦးနတ္လို႔ ေခၚတာပါ။

ဘယ္ေလာက္ပဲ ဇနီးမယားနဲ႔ ေဒါသတႀကီး ရန္ျဖစ္ထားပါေစ ကေလးေတြက “ေဖေဖ”လို႔ေခၚလိုက္ရင္”ေဟ”ဆိုတဲ့ အသံေနာက္မွာ.. အၿပဳံးေတြ အလိုလိုပါၿပီးသား ျဖစ္ေနသူကိုသာ အိမ္ဦးနတ္လို႔ ေခၚတာပါ။ သားသမီးကို ႐ိုက္ခ်င္႐ိုက္မယ္ ဒါေပမဲ့ ဇနီးမယားကိုထြက္တဲ့ေဒါသကို သားသမီးဆီပုံခ်တဲ့ ႐ိုက္ႏွက္မႈမ်ိဳးနဲ႔ သားသမီးကို မနာက်င္ေစသူကိုသာ အိမ္ဦးနတ္လို႔ ေခၚတာပါ။

သူရွာတဲ့ဝင္ေငြ နည္းခ်င္နည္းမယ္။ မ်ားခ်င္ မ်ားမယ္။ဒါေပမဲ့ သူရွာရသမွ် သူ႔ဇနီးလက္ထဲ မေရာက္ခ်င္ေန သူဘယ္ေလာက္ ရွာရသလဲ သူ႔ဇနီးသိေစရမယ္။ ဇနီးကိုအပ္တဲ့ေငြဟာ အိမ္ေဖာ္ကိုေပးတဲ့ ထမင္းစားရိတ္ဖိုးထက္ေတာ့ သာေနရမယ္ေလ။

သူကိုယ္တိုင္ စုတ္တီးစုတ္ျပတ္ ေနခ်င္ေနမယ္။ သူ႔အရိပ္ေအာက္က ဇနီးသားသမီးဟာ အမ်ားထက္မသာေတာင္ မေလ်ာ့ေစရသူ။ သူ႔အရိပ္မွီေနတဲ့အတြက္ ေအးခ်မ္းေနေစရမယ္။ ဘာလို႔လဲဆိုေတာ့ သူဟာအားလုံးကို အရိပ္အာ ဝါသေပးေနတဲ့ သစ္ပင္ႀကီးလို စိတ္ဓာတ္ပိုင္ရွင္မ်ိဳးကိုသာ အိမိဦးနတ္လို႔ ေခၚတာပါ။

တစ္စုံတစ္ေယာက္ကို မေပါက္ကြဲခဲ့ရသမွ် ေဒါသေတြကို..

ဇနီးမယားထံပုံခ်ၿပီး ေပါက္ကြဲမဲ့သူမ်ိဳး မဟုတ္တဲ့သူကိုသာ အိမ္ဦးနတ္လို႔ ေခၚတာပါ။ ဘာပဲလုပ္မယ္ စဥ္းစားလိုက္ပါေစ သူ႔အေနာက္က သူ႔ကိုမွီခိုေနတဲ့ဘဝ(ဇနီး) သူ႔တည္ေဆာက္ထားတဲ့ဘဝ(သားသမီး) အဲဒီဘဝေတြကို ျပန္ငွဲ႔ၾကည့္တတ္သူကိုသာ အိမ္ဦးနတ္လို႔ ေခၚတာပါ။

ကိုယ္လက္တြဲထားတဲ့ ဇနီးမယား ဘယ္လိုက်န္းမာေရးမ်ိဳးမဆို ရင္ဆိုင္ရပါေစ..။ ဘယ္လိုခႏၶာကိုယ္ အခ်ိဳးအစားေျပာင္းလဲသြားပါေစ။ အဆုံးစြန္ဒုကၡိတ ျဖစ္သြားပါေစအုံး မပစ္ခြာရစ္ပဲ ခႏၶာကိုယ္သာမက သူ႔စိတ္ႏွလုံးကိုပါ ခ်စ္ႏိုင္သူကိုသာ အိမ္ဦးနတ္လို႔ ေခၚထိုက္တာပါ။

ဘယ္လိုေလာကဓံမ်ိဳးနဲ႔ ႀကဳံပါေစ။ ေရွာင္မေျပးပဲ သူကိုယ္တိုင္ ေရွ႕မွာမားမားမတ္မတ္ ႀကံ့ႀကံ့ခံရွိေနသူကိုသာ အိမ္ဦးနတ္လို႔ ေခၚတာပါ။ အလကားေန မယားယူ သားသမီးေမြးၿပီး ေနေနတိုင္း အိမ္ဦးနတ္လို႔ အမည္မတြင္ပါဘူး။

Credit