ဖဴျဖဴေထြးနဲ႔ဂ်က္မားတို႔ရဲ့ဘဝသင္ခန္းစာ
ျဖဴျဖဴေထြးဟာ ခုဆိုရင္ အေတာ္ကို လူသိမ်ားေရပန္းစားတဲ့ ဆယ္လီတစ္ေယာက္ျဖစ္ေနပါၿပီ။ လူေတြကို ဟာဒယရႊင္ေဆးတိုက္ေကၽြးရင္းနဲ႔ လုပ္ငန္းရွင္ေတြကိုလည္း သူတို႔ရဲ့ ကုန္ပစၥည္းေတြ၊ ဝန္ေဆာင္မႈေတြကို လက္မလည္ေအာင္ ေၾကာ္ျငာေပးေနရပါၿပီ။
ဂ်က္မားကေတာ့ လူတိုင္းနီးပါးသိၿပီးသား အလီဘာဘာရဲ့ မဟာသူေဌးႀကီးပါ။ သူတို႔ ႏွစ္ေယာက္ ဘယ္လိုဆက္စပ္လဲဆိုေတာ့ ဘယ္လိုမွ မဆက္စပ္ပါဘူး။ ဒါေပမဲ့ ဘဝသင္ခန္းစာတစ္ခုကေတာ့ သြားတူေနပါတယ္။
ဟိုတစ္ေန႔က ညီမငယ္ေလး ျဖဴျဖဴေထြးရဲ့ အင္တာဗ်ဴး အတိုေလးတစ္ခု ၾကည့္လိုက္ရပါတယ္။ သူမဟာ သတင္းေထာက္ လုပ္ခဲ့ဖူးတဲ့အေၾကာင္း၊ အႏုပညာရွင္ေတြကို အင္တာလိုက္ဗ်ဴးခဲ့ဖူးတဲ့အေၾကာင္းပါ။ ဒီလို အင္တာဗ်ဴးလုပ္ၿပီး ေနာက္တစ္ေန႔မွာ အလုပ္ထုတ္ခံလိုက္ရပါေလေရာတဲ့။ ဘာလို႔ အထုတ္ခံရလဲဆိုေတာ့ အင္တာဗ်ဴးေတြမွာ အသံပါမလာလို႔ပါတဲ့။ အသံသြင္းဖို႔ မိုက္ခလုတ္ကို ဖြင့္ဖို႔ ေမ့ခဲ့တယ္ထင္ပါရဲ့။
ခုခ်ိန္မွာ ရယ္ရယ္ေမာေမာ ေပါ့ေပါ့ပါးပါးေလး ျပန္ေျပာျပသြားနိုင္ေပမဲ့ အဲဒီလို အလုပ္ထုတ္ခံရတဲ့အခ်ိန္မွာေတာ့ ေပ်ာ္နိုင္မယ္ မထင္ပါဘူး။ ဝမ္းနည္းရမွာပါ။ အသုံးမက်တဲ့ ငါပါလားဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္စိတ္၊ ဝမ္းနည္းအားငယ္စိတ္ေတြ ရွိေကာင္းရွိခဲ့မွာပါ။
ဂ်က္မာလည္း ဒီလိုပါပဲ။ KFC ၾကက္ေၾကာ္ဆိုင္မွာ အလုပ္လုပ္ဖို႔ အလုပ္လာေလၽွာက္တဲ့ လူ ၂၄ ေယာက္ထဲမွာ ၾကက္ေၾကာ္ဆိုင္က ၂၃ ေယာက္ကို ေရြးခ်ယ္အလုပ္ခန္႔ခဲ့ပါသတဲ့။ တစ္ေယာက္ပဲ အလုပ္မရတာပါ။ အလုပ္မရတဲ့ တစ္ေယာက္ကေတာ့ ဇာတ္လိုက္ႀကီး ဂ်က္မာပါပဲ။ အဲဒီအခ်ိန္မွာ သူဘယ္လို ခံစားရမလဲ ေတြးသာၾကည့္ပါေတာ့ ခင္ဗ်ာ။
ခုခ်ိန္မွာေတာ့ ျဖဴျဖဴေထြးက သတင္းေထာက္ မလုပ္ရလည္း ကိစၥမရွိေတာ့ပါဘူး။ သတင္းေထာက္ေတြ သူ႔ေနာက္ တေကာက္ေကာက္ လိုက္ေနၾကရၿပီ။
ဂ်က္မားကေရာ။ ဟုတ္ကဲ့ သူဝယ္ခ်င္ရင္ တစ္ကမၻာလုံးက KFC ကြန္ရက္ႀကီးတစ္ခုလုံးကို ဝယ္ပစ္လိုက္ဖို႔ လိုအပ္တဲ့ေငြထက္ ၈ ဆေက်ာ္ေလာက္ကို ခ်မ္းသာေနပါၿပီ။ လက္ရွိမွာ တ႐ုတ္ျပည္ရဲ့ KFC ကုမၸဏီ တစ္စိတ္တစ္ပိုင္းကိုလည္း ပိုင္ဆိုင္ထားပါတယ္။
သင္ခန္းစာေတြကေတာ့ ယူတတ္ရင္ အမ်ားႀကီးပါ။ လူတိုင္း ရႈံးနိမ့္မႈနဲ႔ မကင္းၾကပါဘူး။ ရႈံးနိမ့္မႈနဲ႔ ၾကဳံတဲ့အခါ ဘဝႀကီးတစ္ခုလုံးကို လက္ေလၽွာ့အရႈံးေပးလိုက္တာမ်ိဳး မျဖစ္သင့္ပါဘူး။ ေရွ႕ဆက္ၿပီး ႀကိဳးစားဖို႔ အခြင့္အလမ္းေတြအမ်ားႀကီး ထပ္ေတြ႕ဦးမွာပါ။
ဘာေၾကာင့္ အရႈံးနဲ႔ ၾကဳံေတြ႕ရလဲ သုံးသပ္ပါ။ ကိုယ့္ရဲ့ အားနည္းခ်က္ေတြေၾကာင့္ ရႈံးနိမ့္ခဲ့ရတာဆိုရင္လည္း ေနာက္ဆို ဒီလိုမ်ိဳးမျဖစ္ရေအာင္ ကိုယ့္ကိုယ္ကိုယ္ တိုးတက္ေျပာင္းလဲပစ္နိုင္ဖို႔ ႀကိဳးစားရမွာပါ။
ကိုယ့္ရဲ့ အားသာခ်က္ေတြကို အသုံးခ်ၿပီး ႀကိဳးစားပါ။ ရႈံးနိမ့္မႈဆိုတာ ယာယီပါ။ ဆက္ႀကိဳးစားရင္း ကိုယ္ေရာက္ခ်င္တဲ့ ရည္မွန္းခ်က္ပန္းတိုင္ကို တစ္နည္းမဟုတ္တစ္နည္းနဲ႔ ေရာက္နိုင္ပါတယ္။ အေရးႀကီးတာက အားမေလၽွာ့ပဲ ဆက္ႀကိဳးစားေနဖို႔ပါပဲ။
မူရင္းေရးသားသူအား ေလးစားစြာ ခရက္ဒစ္ေပးပါတယ္
Unicode
ဖြူဖြူထွေးနဲ့ဂျက်မားတို့ရဲ့ဘဝသင်ခန်းစာ
ဖြူဖြူထွေးဟာ ခုဆိုရင် အတော်ကို လူသိများရေပန်းစားတဲ့ ဆယ်လီတစ်ယောက်ဖြစ်နေပါပြီ။ လူတွေကို ဟာဒယရွှင်ဆေးတိုက်ကျွေးရင်းနဲ့ လုပ်ငန်းရှင်တွေကိုလည်း သူတို့ရဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို လက်မလည်အောင် ကြော်ငြာပေးနေရပါပြီ။
ဂျက်မားကတော့ လူတိုင်းနီးပါးသိပြီးသား အလီဘာဘာရဲ့ မဟာသူဌေးကြီးပါ။ သူတို့ နှစ်ယောက် ဘယ်လိုဆက်စပ်လဲဆိုတော့ ဘယ်လိုမှ မဆက်စပ်ပါဘူး။ ဒါပေမဲ့ ဘဝသင်ခန်းစာတစ်ခုကတော့ သွားတူနေပါတယ်။
ဟိုတစ်နေ့က ညီမငယ်လေး ဖြူဖြူထွေးရဲ့ အင်တာဗျူး အတိုလေးတစ်ခု ကြည့်လိုက်ရပါတယ်။ သူမဟာ သတင်းထောက် လုပ်ခဲ့ဖူးတဲ့အကြောင်း၊ အနုပညာရှင်တွေကို အင်တာလိုက်ဗျူးခဲ့ဖူးတဲ့အကြောင်းပါ။ ဒီလို အင်တာဗျူးလုပ်ပြီး နောက်တစ်နေ့မှာ အလုပ်ထုတ်ခံလိုက်ရပါလေရောတဲ့။ ဘာလို့ အထုတ်ခံရလဲဆိုတော့ အင်တာဗျူးတွေမှာ အသံပါမလာလို့ပါတဲ့။ အသံသွင်းဖို့ မိုက်ခလုတ်ကို ဖွင့်ဖို့ မေ့ခဲ့တယ်ထင်ပါရဲ့။
ခုချိန်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေး ပြန်ပြောပြသွားနိုင်ပေမဲ့ အဲဒီလို အလုပ်ထုတ်ခံရတဲ့အချိန်မှာတော့ ပျော်နိုင်မယ် မထင်ပါဘူး။ ဝမ်းနည်းရမှာပါ။ အသုံးမကျတဲ့ ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်၊ ဝမ်းနည်းအားငယ်စိတ်တွေ ရှိကောင်းရှိခဲ့မှာပါ။
ဂျက်မာလည်း ဒီလိုပါပဲ။ KFC ကြက်ကြော်ဆိုင်မှာ အလုပ်လုပ်ဖို့ အလုပ်လာလျှောက်တဲ့ လူ ၂၄ ယောက်ထဲမှာ ကြက်ကြော်ဆိုင်က ၂၃ ယောက်ကို ရွေးချယ်အလုပ်ခန့်ခဲ့ပါသတဲ့။ တစ်ယောက်ပဲ အလုပ်မရတာပါ။ အလုပ်မရတဲ့ တစ်ယောက်ကတော့ ဇာတ်လိုက်ကြီး ဂျက်မာပါပဲ။ အဲဒီအချိန်မှာ သူဘယ်လို ခံစားရမလဲ တွေးသာကြည့်ပါတော့ ခင်ဗျာ။
ခုချိန်မှာတော့ ဖြူဖြူထွေးက သတင်းထောက် မလုပ်ရလည်း ကိစ္စမရှိတော့ပါဘူး။ သတင်းထောက်တွေ သူ့နောက် တကောက်ကောက် လိုက်နေကြရပြီ။
ဂျက်မားကရော။ ဟုတ်ကဲ့ သူဝယ်ချင်ရင် တစ်ကမ္ဘာလုံးက KFC ကွန်ရက်ကြီးတစ်ခုလုံးကို ဝယ်ပစ်လိုက်ဖို့ လိုအပ်တဲ့ငွေထက် ၈ ဆကျော်လောက်ကို ချမ်းသာနေပါပြီ။ လက်ရှိမှာ တရုတ်ပြည်ရဲ့ KFC ကုမ္ပဏီ တစ်စိတ်တစ်ပိုင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။
သင်ခန်းစာတွေကတော့ ယူတတ်ရင် အများကြီးပါ။ လူတိုင်း ရှုံးနိမ့်မှုနဲ့ မကင်းကြပါဘူး။ ရှုံးနိမ့်မှုနဲ့ ကြုံတဲ့အခါ ဘဝကြီးတစ်ခုလုံးကို လက်လျှော့အရှုံးပေးလိုက်တာမျိုး မဖြစ်သင့်ပါဘူး။ ရှေ့ဆက်ပြီး ကြိုးစားဖို့ အခွင့်အလမ်းတွေအများကြီး ထပ်တွေ့ဦးမှာပါ။
ဘာကြောင့် အရှုံးနဲ့ ကြုံတွေ့ရလဲ သုံးသပ်ပါ။ ကိုယ့်ရဲ့ အားနည်းချက်တွေကြောင့် ရှုံးနိမ့်ခဲ့ရတာဆိုရင်လည်း နောက်ဆို ဒီလိုမျိုးမဖြစ်ရအောင် ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြောင်းလဲပစ်နိုင်ဖို့ ကြိုးစားရမှာပါ။
ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး ကြိုးစားပါ။ ရှုံးနိမ့်မှုဆိုတာ ယာယီပါ။ ဆက်ကြိုးစားရင်း ကိုယ်ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရောက်နိုင်ပါတယ်။ အရေးကြီးတာက အားမလျှော့ပဲ ဆက်ကြိုးစားနေဖို့ပါပဲ။
မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါတယ်