ၾကားသိရသမွ်

အွန်လိုင်းပေါ်နာမည်ကြီးနေတဲ့ မျိုးကြီးသီချင်းကိုပိုင်နိုင်စွာသီဆိုသွားတဲ့ ကလေး





writer – သာဂိ

Unicode

ဒီဗွီယိုဖိုင်လေးကတော့ အွန်လိုင်းမှာ လူကြိုက်များနေတဲ့ အဆိုတော် ရော့ကာကြီး ကိုမျိုးကြီးရဲ့ ညီလေးရေ သီချင်းကို ဟန်ပါပါ မာန်ပါပါနဲ့ ဆိုပြတဲ့ ကလေးတစ်ယောက်ရဲ့ ဗွီယိုဖိုင်လေးဖြစ်ပါတယ်။ ရှိတဲ့ဂစ်တာလေးနဲ့ ကလေးနဲ့အတူ မျိုးကြီးရဲ့ ညီလေးရေ သီချင်းကို စိတ်ပါလက်ပါ သီဆိုနေတဲ့ ပုံရိပ်ကိုလည်း လူတိုင်းသဘောကျနေပါတယ်။

အဆိုတော်မျိုးကြီးရဲ့ ညီလေးသီချင်းဟာလည်း လူငယ်တွေအတွက် လမ်းမှားမရောက်အောင် လမ်းပြပေးတဲ့သီချင်းဖြစ်လို့ ပရိတ်သတ်တွေက အလွန်ပင်ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

ကျနော်တို့ လူ့ဘဝမှာ လက်ရှိဘဝကို လက်ခံပီး ပျော်အောင်နေတတ်ခြင်းဟာလည်း ချမ်းသာခြင်းတစ်မျိုးဖြစ်ပါတယ်။ အဆောင်အယောင် ဂုဏ်ပကာသနတွေကိုဘေးချိတ်လို့ ရိုးရှင်းလွန်းတဲ့ဘဝမှာ ရှိတဲ့ဟာနဲ့ ပျော်အောင်နေတတ်ဖို့က အရမ်းအရေးကြီးပါတယ်။

လူကြီးဖြစ်သူက ဂစ်တာလေးတီးပီး ကလေးဖြစ်သူက ရောကာမုသွင်းကာ အားရပါးရစီးမျောသီဆိုနေတဲ့ ဗွီယိုဖိုင်လေးကို ပရိတ်သတ်ကြီးကြည့်လိုက်ပါအုံးဗျာ။ အကောင်းဆုံးမဟုတ်ပေမယ့် သူတို့ဘဝလေးတွေရဲ့ ရိုးရှင်းမှုနဲ့ ကလေးတစ်ယောက်ရဲ့ ရော့ကာဆန်ဆန် သီဆိုပုံကို ပရိတ်သတ်ကြီး သဘောကျမှာပါ။

writer – သာဂိ