ၾကားသိရသမွ်

“ထိုင်းထီ ပထမဆု (၁၅) စောင်တွဲ ဘတ် သန်း(၉၀) ပေါက်သူ ရုတ်တရက် သေဆုံး”…

ထိုင်းထီ ၁၅ စောင်တွဲ ပေါက်ခဲ့သူ ရုတ်တရက် သေဆုံး

၂၀-၁၁-၂၀၁၈ ခုနှစ်က ထိုင်း ပထမဆု 149840 ၁၄၉ ၈၄၀ နံပါတ် ၁၅ စောင်တွဲ ပေါက်ခဲ့တဲ့ ဥဒေါင်ဌာနီ ခရိုင်က နိုင် စုန်ဖန် စူရမ်ကို Somparn Suranakul အသက်(၄၀) ဟာ နိုဝင်ဘာလ ၁၉ ရက်နေ့ညက ရုတ်တရက် သေဆုံးခဲ့ကြောင်းထိုင်းသတင်းမီဒီယာတွေမှာဖေါ်ပြနေပါတယ်။

ဘဝမှာ တဆစ်ချိုး အပြောင်းအလဲဖြစ်သွားခဲ့တဲ့ ဘတ်သန်း ၉၀ ထီသူဌေး စေရာသေး ( ပေးထားတဲ့ သူဌေးဘွဲ့) ဟာ ထီပေါက်ပြီး တနှစ်ကျော်မှာ လူမှုရေးဖေါက်ပြန်မှုတွေ ဖြစ်လာပြီလို့ သတင်းတွေထွက်ပြီး ဇနီး ကျေးအော် (၄၈) နှစ်နဲ့ တရားဝင် ကွာရှင်းခဲ့တာ လပိုင်းသာရှိပါသေးတယ်။

ဇနီးဖြစ်တဲ့ Wanlee Panyasai ဝမ်လီပန်ယာစိုင် (ကျေးအော်) အသက်၄၈နှစ်ဟာ အိမ်ထောင်များသူလို့ နံမည်ကြီးခဲ့သူဖြစ်ပြီး ပထမဆုံး ယောက်ကျား ဥရောပ သား (သေဆုံး)ထံကနေ အမွေသန်း ပေါင်းများစွား ရပြီးထားသူဖြစ်ပါတယ်။

ယခုသေဆုံးသူ ခင်ပွန်းနဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်လာပြီး နှစ်ဦးသဘောတူ ပြတ်စဲ လိုက်တဲ့အခါ.. ခင်ပွန်းကို ဘတ်ငွေသန်း(၅၀) ပေး ကွာရှင်းလိုက်ပြီလို့ သူကိုယ်တိုင် ကြေငြာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သေဆုံးသူအမျိုးသားဟာမိနစ်သုံးဆယ်ကြာ live လွှင့်ပြီး သန်းကြွယ်သူဌေးဘဝနဲ့ ဘယ်လိုနေထိုင်နေတယ်ဆိုတာ ပိုစ့်တင်ခဲ့ပြီးစိန်တွေဝယ်နေတဲ့ရုပ်သံကိုပါပြသခဲ့တာပါ အဲဒီနောက် သူနဲ့ တွဲနေတဲ့ အမျိုးသမီး (၄) ယောက်ရှိနေတယ် တရားဝင် ယူဘို့တော့ မစဉ်းစားသေးဘူးလို့ ထုတ်ပြောနေတာလည်း တွေ့ရပါတယ်။

ဘာကြောင့် သေဆုံးရတယ်ဆိုတာနဲ့ ပါတ်သက်ပြီး ဥဒေါင် ဌာနီဆေးရုံက တရားဝင်ထုတ်ပြန်တာမတွေ့ရသေးပေမယ့် သေဆုံးသူ ဟာ မကြာသေးခင် တစ်ကြိမ်ဖျားနာနေကောင်းဖြစ်ခဲ့ပြီး ပြန်ကောင်းလာတယ် ဒီရက်ပိုင်းမှာ အားကစားလုပ်နေရင်း အသက်ရူကြပ် လာတယ် ဆိုပြီး ဆေးရုံတင်ခဲ့ရတယ် လို့ မိသားစုဝင်တစ်ဦးက ထုတ်ဖေါ်ပြောဆိုကြောင်းထိုင်းသတင်းတွေမှာဖော်ပြပါတယ် ။

Credit – PPTV 36

SAW

Zawgyi

ထိုင္းထီ ၁၅ ေစာင္တြဲ ေပါက္ခဲ့သူ ႐ုတ္တရက္ ေသဆုံး

၂၀-၁၁-၂၀၁၈ ခုႏွစ္က ထိုင္း ပထမဆု 149840 ၁၄၉ ၈၄၀ နံပါတ္ ၁၅ ေစာင္တြဲ ေပါက္ခဲ့တဲ့ ဥေဒါင္ဌာနီ ခ႐ိုင္က ႏိုင္ စုန္ဖန္ စူရမ္ကို Somparn Suranakul အသက္(၄၀) ဟာ ႏိုဝင္ဘာလ ၁၉ ရက္ေန႔ညက ႐ုတ္တရက္ ေသဆုံးခဲ့ေၾကာင္းထိုင္းသတင္းမီဒီယာေတြမွာေဖၚျပေနပါတယ္..။

ဘဝမွာ တဆစ္ခ်ိဳး အေျပာင္းအလဲျဖစ္သြားခဲ့တဲ့ ဘတ္သန္း ၉၀ ထီသူေဌး ေစရာေသး ( ေပးထားတဲ့ သူေဌးဘြဲ႕) ဟာ ထီေပါက္ၿပီး.. တႏွစ္ေက်ာ္မွာ လူမႈေရးေဖါက္ျပန္မႈေတြ ျဖစ္လာၿပီလို႔ သတင္းေတြထြက္ၿပီး ဇနီး ေက်းေအာ္ (၄၈) ႏွစ္နဲ႔ တရားဝင္ ကြာရွင္းခဲ့တာ လပိုင္းသာရွိပါေသးတယ္။

ဇနီးျဖစ္တဲ့ Wanlee Panyasai ဝမ္လီပန္ယာစိုင္ (ေက်းေအာ္) အသက္၄၈ႏွစ္ဟာ အိမ္ေထာင္မ်ားသူလို႔ နံမည္ႀကီးခဲ့သူျဖစ္ၿပီး ပထမဆုံး ေယာက္က်ား ဥေရာပ သား (ေသဆုံး)ထံကေန အေမြသန္း ေပါင္းမ်ားစြား ရၿပီးထားသူျဖစ္ပါတယ္။

ယခုေသဆုံးသူ ခင္ပြန္းနဲ႔ အိမ္ေထာင္ေရးအဆင္မေျပျဖစ္လာၿပီး ႏွစ္ဦးသေဘာတူ ျပတ္စဲ လိုက္တဲ့အခါ ခင္ပြန္းကို ဘတ္ေငြသန္း(၅၀) ေပး ကြာရွင္းလိုက္ၿပီလို႔ သူကိုယ္တိုင္ ေၾကျငာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ေသဆုံးသူအမ်ိဳးသားဟာမိနစ္သုံးဆယ္ၾကာ live လႊင့္ၿပီး သန္းႂကြယ္သူေဌးဘဝနဲ႔ ဘယ္လိုေနထိုင္ေနတယ္ဆိုတာ ပိုစ့္တင္ခဲ့ၿပီးစိန္ေတြဝယ္ေနတဲ့႐ုပ္သံကိုပါျပသခဲ့တာပါ အဲဒီေနာက္ သူနဲ႔ တြဲေနတဲ့ အမ်ိဳးသမီး (၄) ေယာက္ရွိေနတယ္ တရားဝင္ ယူဘို႔ေတာ့.. မစဥ္းစားေသးဘူးလို႔ ထုတ္ေျပာေနတာလည္း ေတြ႕ရပါတယ္။

ဘာေၾကာင့္ ေသဆုံးရတယ္ဆိုတာနဲ႔ ပါတ္သက္ၿပီး ဥေဒါင္ ဌာနီေဆး႐ုံက တရားဝင္ထုတ္ျပန္တာမေတြ႕ရေသးေပမယ့္ ေသဆုံးသူ ဟာ မၾကာေသးခင္ တစ္ႀကိမ္ဖ်ားနာေနေကာင္းျဖစ္ခဲ့ၿပီး ျပန္ေကာင္းလာတယ္ ဒီရက္ပိုင္းမွာ အားကစားလုပ္ေနရင္း အသက္႐ူၾကပ္ လာတယ္ ဆိုၿပီး ေဆး႐ုံတင္ခဲ့ရတယ္ လို႔ မိသားစုဝင္တစ္ဦးက ထုတ္ေဖၚေျပာဆိုေၾကာင္းထိုင္းသတင္းေတြမွာေဖာ္ျပပါတယ္ ။

Credit – PPTV 36

SAW