သခွားမွှေးသီးစားပြီး အစာအဆိပ်သင့်သူ ၁၇ ဦးမှ ၄ ဦးမြောက်သေဆုံး
သြစတြေးလျနိုင်ငံတွင် သခွားမွှေးသီးစားသုံးမိရာမှ လူ ၁၇ ဦး အစာအဆိပ်သင့်ခဲ့ပြီး လေးယောက်မြောက် ထပ်မံသေဆုံးခဲ့ကြောင်း သြစတြေးလျအာဏာပိုင်များက မတ်လ ၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
ပထမဦးဆုံး ဖြစ်စဉ်မှာ ဖေဖော်ဝါရီလတုန်းက ဖြစ်ခဲ့ပြီး..နယူးဆောက်သ်ဝေးလ် နှင့် ဗစ်တိုးရီးယားတို့မှ လူနှစ်ဦးစီ စုစုပေါင်း လေးဦးသေဆုံးခဲ့သဖြင့် ကျန်းမာရေးအရာရှိများက နယူးဆောက်သ်ဝေးလ်ပြည်နယ်ရှိ စိုက်ခင်းကို စုံစမ်းစစ်ဆေးခဲ့သည်။သခွားမွှေးသီးတွင် အစာအဆိပ်သင့်ပိုး ပါဝင်မှုကြောင့် ယခုတစ်ခါ နိုင်ငံတစ်ဝှမ်းလုံးတွင် လူ ၁၇ ဦးဝေဒနာခံစားနေရခြင်းဖြစ်သည်။
အစာအဆိပ်သင့် ဘက်တီးရီးယားပိုးဟာ တွေ့နေကြဖြစ်ပြီး.. ဒီပိုးပါတဲ့ အစားအစာကို စားမိကြသူတိုင်း နေထိုင်မကောင်းဖြစ်တာမျိုးတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အသက်ကြီးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ဆီးချိုတို့ ကင်ဆာတို့ ခံစားနေရတဲ့ သူတွေအတွက်တော့ ခြိမ်းခြောက်မှု ရှိနေပါတယ်။
အစာအဆိပ်သင့်တဲ့ လက္ခာဏာတွေရဲ့ အစက တုတ်ကွေးလိုပါပဲ ချမ်းစိမ့်လာခြင်း၊ အဖျားဝင်ပြီး တစ်ကိုယ်လုံးကိုက်ခဲတဲ့ ဝေဒနာခံစားရပါတယ်။
အစာအဆိပ်သင့်ပိုးတွေ့ရှိရသော သခွားမွှေးသီးများကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ထဲက စျေးကွက်အတွင်းမှ ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း နယူးဆောက်သ်ဝေးလ် ကျန်းမာရေးဌါန ကူးစက်ရောဂါဌါနမှ ဒါရိုက်တာ Vicky Sheppeard က ပြောဆိုခဲ့ပါတယ်။
Credit – POPOLAY
အစာအဆိပ်သင့်ပိုးတွေ့ရှိရသော သခွားမွှေးသီးများကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ထဲက ဈေးကွက်အတွင်းမှ ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း.. နယူးဆောက်သ်ဝေးလ် ကျန်းမာရေးဌါန ကူးစက်ရောဂါဌါနမှ ဒါရိုက်တာ Vicky Sheppeard က ပြောဆိုခဲ့ပါတယ်။
Credit – POPOLAY