Knowledge

အဖွားဖြစ်သူကို တွေ့ချင်လို့ဆိုပြီး ၉၃ရက်ကြာသည်ထိ လမ်းလျှောက်ကာ မိုင်ပေါင်း၁၇၀၀ခရီးနှင်ခဲ့သည့် အသက် ၁၁နှစ်အရွယ် ကောင်လေး

အဖွားဖြစ်သူကို တွေ့ချင်လို့ဆိုပြီး ၉၃ရက်ကြာသည်ထိ လမ်းလျှောက်ကာ မိုင်ပေါင်း၁၇၀၀ခရီးနှင်ခဲ့သည့် အသက်၁၁နှစ်အရွယ် ကောင်လေး

အီတလီနိုင်ငံတွင် နေထိုင်သော အသက်၁၁နှစ်အရွယ် ကောင်လေးသည် ဖခင်ဖြစ်သူနဲ့အတူ ဗြိတိန်နိုင်ငံတွင်ကျန်ရစ်ခဲ့သော အဖွားဖြစ်သူဆီခြေလျင်ခရီးစဉ်ဖြင့် သွားရောက်လည်ပတ်ခဲ့သည်။

ကောင်လေးသည် ကပ်ရောဂါတွင်း အီတလီမှ ဗြိတိန်နိုင်ငံသို့ ပျံသန်းမည့် လေယာဉ်ခရီးစဉ်မှာ ပိတ်ထားရသည့်အတွက် အဖွားဖြစ်သူကိုစိုးရိမ်ကာ မိဘနှစ်ပါးဆီခွင့်တောင်းပြီး ဖခင်နဲ့အတူ ၉၃ရက်အကြာ ၂၇၃၅ကီလိုမီတာအထိ လမ်းလျှောက်ထွက်ခဲ့သည်။

ကောင်လေးသည် လမ်းလျှောက်ပါများပြီး ခြေထောက်တွင် ရေကြည်ဖုများပေါက်လာခဲ့သော်လည်း လက်မလျှော့ပဲ အဖွားဖြစ်သူဆီကိုအရောက်သွားခဲ့ပြီးအဖွားအိမ်သို့ရောက်သောအခါ ကြင်နာစွာပွေ့ဖက်ခဲ့ကြသည်။

crd

Zawgyi





crd