Knowledge

သားသမီးတိုင္း မိဘကိုခ်စ္ရင္ မရွက္ပါနဲ႔ (အခ်ိန္ ၂ မိနစ္ေလာက္ေပးၿပီး ဖတ္ၾကည့္ေပးပါ)

အလယ္တန္း အထက္တန္း ေက်ာင္းသူဘဝတုန္းက ေက်ာင္းတက္ရင္ အတန္းေဖာ္သူငယ္ခ်င္းေတြက ေမးၾကတယ္” နင့္အေဖ ဘာလုပ္လဲ နင့္အေမ ဘာလုပ္လဲ ” လို႔ ေမးရင္ ကၽြန္မအရမ္းအားငယ္ရတယ္ ဝမ္းနည္းမိတယ္…။”

ငါရဲ့ေဖေဖက စက္ခ်ဳပ္တယ္ ငါ့ရဲ့ေမေမက ထမင္းခ်က္တယ္ ” ဆိုတဲ့ အေျဖကို မရဲမဝဲ့ သူငယ္ခ်င္းေတြကို ေျဖခဲ့ရတယ္။( ” ငါ့ေဖေဖက အင္ဂ်င္နီယာ ငါ့ေမေမက ေဒါက္တာ ”

ဆိုၿပီး တခ်ိဳ႕သူငယ္ခ်င္းေတြလို ဂုဏ္ယူဝဲ့ႂကြားစြာ ေျဖခ်င္မိတယ္ )ဒါေပမယ့္ … ကၽြန္မ အေဖက စက္ခ်ဳပ္တယ္ အေမက ထမင္းခ်က္တယ္။

တစ္န႔ေတာ့ …” ေဖေဖ သမီးကိုေလ သူငယ္ခ်င္းေတြက ေမးၾကတယ္ ေဖေဖေမေမက ဘာလုပ္တာလဲ ” တဲ့” ေျဖေတာ့ တခ်ိဳ႕သူေတြက သမီးကိုေလွာင္ရယ္ၾကတယ္ ” သမီး သိပ္ရွက္တယ္ … ေဖေဖ … သမီးရွက္တယ္…။

”သမီးလဲ … သူငယ္ခ်င္းေတြရဲ့အေဖအေမလို အင္ဂ်င္နယ္ယာ ေဒါက္တာ ပညာတတ္တဲ့ ေဖေဖေမေမလိုခ်င္တာေပါ့ ”အဲဒီအခ်ိန္မွာ ကၽြန္မအနားသို႔ ေဖေဖတိုးလာၿပီး”

ဘယ္လိုေျပာလိုက္တာလဲ သမီးေရ ေဖေဖတို႔လည္း ပညာတတ္ျဖစ္ခ်င္ခဲ့တာေပါ့…။ဘဝေပးအေျခအေနက ေဖေဖကိုပညာတတ္ျဖစ္ဖို႔မေပးခဲ့ဘူးေလ ”” ေဖေဖတို႔ေမာင္ႏွမႏွစ္ေယာက္ဟာ ပညာတတ္သိပ္ျဖစ္ခ်င္ခဲ့တာ ””

အေမကမုဆိုးမ ဆင္းရဲတယ္ သူမ်ားဆီမွာအငွားခံရတယ္ စားဝတ္ေနေရးအတြက္ပဲ ထမင္းမငတ္ေအာင္စားခဲ့ရတာ.. ””ေဖေဖတို႔ကို ေက်ာင္းတက္ဖို႔ ဖတ္စာအုပ္ေတြ ဗလာစာအုပ္ေတြ မဝယ္ေပးနိုင္ခဲ့ဘူးသမီး ”

” ေဖေဖတို႔ေမာင္ႏွမႏွစ္ေယာက္က စာအရမ္းသင္ခ်င္လို႔ ေတာင္ေပၚက ဟင္းသီးဟင္းရြက္ေတြကို သြားခူးၿပီးေရာင္းတယ္ ”

” ဟင္းသီးဟင္းရြက္ေရာင္းလို႔ … ရတဲ့ပိုက္ဆံကို … စု သူမ်ားဆီကတဆင့္ စာအုပ္အေဟာင္းေလးေတြဝယ္ၿပီးေဖေဖတို႔ေမာင္ႏွမႏွစ္ေယာက္ ေက်ာင္းတက္ခဲ့ရတာ ”” ေဖေဖတို႔ကဆင္းရဲေတာ့ … ဘယ္သူကမွဂ႐ုမစိုက္ၾကဘူး သမီးေရ ”

” စာအုပ္အသစ္ေတြမဝယ္နိုင္ဘူး သူမ်ားဆီကဝယ္တဲ့စာအုပ္အေဟာင္းေလးနဲ႔ စာေရးခဲ့တယ္ ”ဆရာကို အမွတ္ျခစ္ဖို႔ စာအုပ္သြားထပ္ေတာ့ …

” မင္းဘာစာအုပ္နဲ႔ေရးထားတာလဲ ညစ္ပတ္စုတ္ျပတ္သတ္ေနတာပဲ ေရာ့…ကြာ ” ဆိုၿပီး ေဖေဖ့စာအုပ္ကို ဆရာက လႊင့္ပစ္တယ္သမီးေရ”

စာအုပ္ကထဲက စာရြက္ေလးေတြ တရြက္စီကြာၾကသြားခဲ့တယ္ ေဖေဖလည္း အရမ္းရွက္လို႔ ငိုၿပီးစာရြက္ေလးေတြကို တရြက္ခ်င္းစီ ေကာက္ခဲ့ရတယ္ ”

အဲဒါနဲ႔ … ေဖေဖ … ေလးတန္းေျဖၿပီး ေက်ာင္းနားခဲ့ရတယ္ သမီးေရ ” အရြယ္ေရာက္လာေတာ့ ေဖေဖစက္ခ်ဳပ္ပညာကိုတတ္ကၽြမ္းေအာင္ ဆရာတေယာက္ဆီမွာ သင္ခဲ့တယ္ ”

” သမီးတို႔ေမာင္ႏွမႏွစ္ေယာက္ကို ေဖေဖတို႔ေမာင္ႏွမႏွစ္ေယာက္လို မျဖစ္ရေလေအာင္ ေဖေဖတတ္တဲ့စက္ခ်ဳပ္ပညာနဲ႔ ပညာတတ္ျဖစ္ေအာင္ ပညာသင္ရေအာင္ ေက်ာင္းတက္ရေအာင္ ထားေပးတယ္ေလ”

ေဖေဖေျပာတဲ့စကားေတြကို နားေထာင္ရတာေတာ့ ကၽြန္မရင္ထဲဝမ္းနည္းၿပီး မ်က္ရည္စက္ေတြ က်လာတယ္။ေဖေဖက စကားတစ္ခြန္းပဲေျပာတယ္ ” ဂုဏ္ယူလိုက္စမ္းပါသမီးေရ … မရွက္ပါနဲ႔..

ငါ့မိဘေတြက သူတို႔တတ္တဲ့အတတ္ပညာ ရွာလို႔ေပးလို႔ရတဲ့ပိုက္ဆံနဲ႔ ငါ့အစ္ကိုကို ဘြဲ႕ရေအာင္ ေက်ာင္းထားေပးခဲ့တယ္…ငါ့ကို အခုေက်ာင္းထားေပးေနတယ္ ဆိုၿပီး ေျပာလိုက္စမ္းပါ သမီးေရ ” တဲ့ေလ ။

တခ်ိန္က … မေျပာနိုင္ခဲ့တဲ့စကားေတြကို အခုေတာ့ … ေဖေဖ့ေက်းဇူးေတြေၾကာင့္ … ရဲဝဲ့စြာေျပာနိုင္ခဲ့ၿပီ … ေဖေဖ သမီး … မရွက္ေတာ့ဘူး … ေဖေဖ ”

သူငယ္ခ်င္းတို႔ … မိတ္ေဆြတို႔ေရ ” ငယ္တဲ့အခ်ိန္မွာေတာ့ စဥ္းစားဉာဏ္ အေတြးအေခၚ ဗဟုသုတ မရွိေသးတဲ့ အရြယ္မို႔ ရွက္တတ္ရင္ရွက္နိုင္ပါတယ္။

အသက္အရြယ္ႀကီးလာလို႔ စဥ္းစားဉာဏ္အေတြးအေခၚ ဗဟုသုတေတြကို ရင့္က်က္လာတဲ့အခါ မရွက္သင့္တာကို … မရွက္ပါနဲ႔ အားမငယ္သင့္တာကို … အားမငယ္ပါနဲ႔။ဒါေၾကာင့္ မိဘကိုခ်စ္ရင္မရွက္ပါနဲ႔။

credit

Unicode

အလယ်တန်း အထက်တန်း ကျောင်းသူဘဝတုန်းက ကျောင်းတက်ရင် အတန်းဖော်သူငယ်ချင်းတွေက မေးကြတယ်” နင့်အဖေ ဘာလုပ်လဲ နင့်အမေ ဘာလုပ်လဲ ” လို့ မေးရင် ကျွန်မအရမ်းအားငယ်ရတယ် ဝမ်းနည်းမိတယ်။”

ငါရဲ့ဖေဖေက စက်ချုပ်တယ် ငါ့ရဲ့မေမေက ထမင်းချက်တယ် ” ဆိုတဲ့ အဖြေကို မရဲမဝဲ့ သူငယ်ချင်းတွေကို ဖြေခဲ့ရတယ်။( ” ငါ့ဖေဖေက အင်ဂျင်နီယာ ငါ့မေမေက ဒေါက်တာ ”

ဆိုပြီး တချို့သူငယ်ချင်းတွေလို ဂုဏ်ယူဝဲ့ကြွားစွာ ဖြေချင်မိတယ် )ဒါပေမယ့် … ကျွန်မ အဖေက စက်ချုပ်တယ် အမေက ထမင်းချက်တယ်။

တစ်န့တော့ …” ဖေဖေ … သမီးကိုလေ သူငယ်ချင်းတွေက မေးကြတယ် ဖေဖေမေမေက ဘာလုပ်တာလဲ ” တဲ့” ဖြေတော့.. တချို့သူတွေက သမီးကိုလှောင်ရယ်ကြတယ် ” သမီး … သိပ်ရှက်တယ် … ဖေဖေ … သမီးရှက်တယ်။

”သမီးလဲ … သူငယ်ချင်းတွေရဲ့အဖေအမေလို အင်ဂျင်နယ်ယာ ဒေါက်တာ ပညာတတ်တဲ့ ဖေဖေမေမေလိုချင်တာပေါ့ ”အဲဒီအချိန်မှာ ကျွန်မအနားသို့ ဖေဖေတိုးလာပြီး”

ဘယ်လိုပြောလိုက်တာလဲ သမီးရေ ဖေဖေတို့လည်း ပညာတတ်ဖြစ်ချင်ခဲ့တာပေါ့ ။ဘဝပေးအခြေအနေက ဖေဖေကိုပညာတတ်ဖြစ်ဖို့မပေးခဲ့ဘူးလေ ”” ဖေဖေတို့မောင်နှမနှစ်ယောက်ဟာ ပညာတတ်သိပ်ဖြစ်ချင်ခဲ့တာ ””

အမေကမုဆိုးမ ဆင်းရဲတယ် သူများဆီမှာအငှားခံရတယ် စားဝတ်နေရေးအတွက်ပဲ ထမင်းမငတ်အောင်စားခဲ့ရတာ ””ဖေဖေတို့ကို ကျောင်းတက်ဖို့ ဖတ်စာအုပ်တွေ ဗလာစာအုပ်တွေ မဝယ်ပေးနိုင်ခဲ့ဘူးသမီး ”

” ဖေဖေတို့မောင်နှမနှစ်ယောက်က စာအရမ်းသင်ချင်လို့ တောင်ပေါ်က ဟင်းသီးဟင်းရွက်တွေကို သွားခူးပြီးရောင်းတယ် ”

” ဟင်းသီးဟင်းရွက်ရောင်းလို့ ရတဲ့ပိုက်ဆံကို … စု သူများဆီကတဆင့် စာအုပ်အဟောင်းလေးတွေဝယ်ပြီးဖေဖေတို့မောင်နှမနှစ်ယောက် ကျောင်းတက်ခဲ့ရတာ ”” ဖေဖေတို့ကဆင်းရဲတော့ … ဘယ်သူကမှဂရုမစိုက်ကြဘူး သမီးရေ ”

” စာအုပ်အသစ်တွေမဝယ်နိုင်ဘူး သူများဆီကဝယ်တဲ့စာအုပ်အဟောင်းလေးနဲ့ စာရေးခဲ့တယ် ”ဆရာကို အမှတ်ခြစ်ဖို့ စာအုပ်သွားထပ်တော့ …

” မင်းဘာစာအုပ်နဲ့ရေးထားတာလဲ ညစ်ပတ်စုတ်ပြတ်သတ်နေတာပဲ ရော့…ကွာ ” ဆိုပြီး ဖေဖေ့စာအုပ်ကို ဆရာက လွှင့်ပစ်တယ်သမီးရေ”

စာအုပ်ကထဲက စာရွက်လေးတွေ တရွက်စီကွာကြသွားခဲ့တယ် ဖေဖေလည်း အရမ်းရှက်လို့ ငိုပြီးစာရွက်လေးတွေကို တရွက်ချင်းစီ ကောက်ခဲ့ရတယ် ”

အဲဒါနဲ့ … ဖေဖေလေးတန်းဖြေပြီး ကျောင်းနားခဲ့ရတယ် သမီးရေ ” အရွယ်ရောက်လာတော့ ဖေဖေစက်ချုပ်ပညာကိုတတ်ကျွမ်းအောင် ဆရာတယောက်ဆီမှာ သင်ခဲ့တယ် ”

” သမီးတို့မောင်နှမနှစ်ယောက်ကို ဖေဖေတို့မောင်နှမနှစ်ယောက်လို မဖြစ်ရလေအောင် ဖေဖေတတ်တဲ့စက်ချုပ်ပညာနဲ့ ပညာတတ်ဖြစ်အောင် ပညာသင်ရအောင် ကျောင်းတက်ရအောင် ထားပေးတယ်လေ”

ဖေဖေပြောတဲ့စကားတွေကို နားထောင်ရတာတော့ ကျွန်မရင်ထဲဝမ်းနည်းပြီး မျက်ရည်စက်တွေ ကျလာတယ်။ဖေဖေက စကားတစ်ခွန်းပဲပြောတယ် ” ဂုဏ်ယူလိုက်စမ်းပါသမီးရေ … မရှက်ပါနဲ့

ငါ့မိဘတွေက သူတို့တတ်တဲ့အတတ်ပညာ ရှာလို့ပေးလို့ရတဲ့ပိုက်ဆံနဲ့ ငါ့အစ်ကိုကို ဘွဲ့ရအောင် ကျောင်းထားပေးခဲ့တယ် ငါ့ကို အခုကျောင်းထားပေးနေတယ် ဆိုပြီး ပြောလိုက်စမ်းပါ သမီးရေ ” တဲ့လေ ။

တချိန်က မပြောနိုင်ခဲ့တဲ့စကားတွေကို အခုတော့ ဖေဖေ့ကျေးဇူးတွေကြောင့် ရဲဝဲ့စွာပြောနိုင်ခဲ့ပြီ ဖေဖေ သမီး မရှက်တော့ဘူး ဖေဖေ ”

သူငယ်ချင်းတို့ မိတ်ဆွေတို့ရေ ” ငယ်တဲ့အချိန်မှာတော့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတ မရှိသေးတဲ့ အရွယ်မို့.. ရှက်တတ်ရင်ရှက်နိုင်ပါတယ်။

အသက်အရွယ်ကြီးလာလို့ စဉ်းစားဉာဏ်အတွေးအခေါ် ဗဟုသုတတွေကို ရင့်ကျက်လာတဲ့အခါ မရှက်သင့်တာကို မရှက်ပါနဲ့ အားမငယ်သင့်တာကို အားမငယ်ပါနဲ့…။ဒါကြောင့် မိဘကိုချစ်ရင်မရှက်ပါနဲ့။

credit