ဝိသမလောဘသားတွေကြောင့် ရွှေဒင်္ဂါး ဝယ်သူတွေရဲ့ နောက်ကြောင်းကို စစ်ဆေးသွားမယ်လို့ဆို
စကစရောင်းချပေးခဲ့တဲ့ ရွှေဒင်္ဂါးပြားတွေကို ဝိသမလောဘသားတွေက မသမာတဲ့နည်းလမ်းနဲ့အမြတ်ရှာ ပြန်လည်ရောင်းချမှုတွေရှိနေတဲ့အတွက် နောက်တစ်ကြိမ်မှာ ရွှေဒင်္ဂါးတွေဝယ်သူတွေရဲ့ဝင်ငွေရလမ်းကို စစ်ဆေးသွားဖို့ရှိတယ်လို့သိရပါတယ်။
ရွှေဒင်္ဂါးပြားတွေရောင်းချရာမှာ တကျပ်သား၊ ငါးမူးသား၊ တမတ်သား စသဖြင့်သတ်မှတ်ကာနေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရောင်းချပေးနေတာဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့ကတော့ တကျပ်သားကို ကျပ် ၂,၄၉၀,၀၀၀ နဲ့ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။
ရွှေဒင်္ဂါးပြားတွေ ရောင်းချပေးနေတာဟာကိုယ်တိုင်အမှတ်တရအဖြစ်သိမ်းဆည်းထားဖို့နဲ့ အမှန်တကယ်အသုံးပြုလိုသူတွေကိုရောင်းချပေးနိုင်ဖို့ရည်ရွယ်တာဖြစ်ပြီး မသမာတဲ့နည်းလမ်းနဲ့အမြတ်ရှာဖို့ မဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်။
ဒါပေမေယ့် ကိုယ်ကျိုးအတွက်စီးပွားရှာသူတွေရှိနေတဲ့အတွက် နောက်နောင်မှာရွှေဒင်္ဂါးပြားတွေ ရောင်းချရင်ဝယ်ယူသူတွေရဲ့ မှတ်ပုံတင်၊သန်းခေါင်စာရင်းအပြင် ဝင်ငွေရလမ်းကိုပါ စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ယခု ရွှေဒင်္ဂါးပြားကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ပေါ်ခဲ့တဲ့ ရွှေလုပ်ငန်းရှင် ၇ ဦးရဲ့ငွေသားသန်းချီထုတ်ယူတဲ့ ကိစ္စနဲ့သက်ဆိုင်မှုမရှိဘူးလို့ ရွှေလုပ်ငန်းရှင်တစ်ဦးကပြောဆိုထားပါတယ်။
ဝိသမေလာဘသားေတြေၾကာင့္ ေ႐ႊဒဂၤါး ဝယ္သူေတြရဲ႕ ေနာက္ေၾကာင္းကို စစ္ေဆးသြားမယ္လို႔ဆို
စကစေရာင္းခ်ေပးခဲ့တဲ့ ေ႐ႊဒဂၤါးျပားေတြကို ဝိသမေလာဘသားေတြက မသမာတဲ့နည္းလမ္းနဲ႔အျမတ္ရွာ ျပန္လည္ေရာင္းခ်မႈေတြရွိေနတဲ့အတြက္ ေနာက္တစ္ႀကိမ္မွာ ေ႐ႊဒဂၤါးေတြဝယ္သူေတြရဲ႕ဝင္ေငြရလမ္းကို စစ္ေဆးသြားဖို႔ရွိတယ္လို႔သိရပါတယ္။
ေ႐ႊဒဂၤါးျပားေတြေရာင္းခ်ရာမွာ တက်ပ္သား၊ ငါးမူးသား၊ တမတ္သား စသျဖင့္သတ္မွတ္ကာေနျပည္ေတာ္၊ ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ေတြမွာၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္းက ေရာင္းခ်ေပးေနတာျဖစ္ၿပီး ႏိုဝင္ဘာ ၂၄ ရက္ေန႔ကေတာ့ တက်ပ္သားကို က်ပ္ ၂,၄၉၀,၀၀၀ နဲ႔ ေရာင္းခ်ေပးခဲ့တာျဖစ္ပါတယ္။
ေ႐ႊဒဂၤါးျပားေတြ ေရာင္းခ်ေပးေနတာဟာကိုယ္တိုင္အမွတ္တရအျဖစ္သိမ္းဆည္းထားဖို႔နဲ႔ အမွန္တကယ္အသုံးျပဳလိုသူေတြကိုေရာင္းခ်ေပးႏိုင္ဖို႔ရည္႐ြယ္တာျဖစ္ၿပီး မသမာတဲ့နည္းလမ္းနဲ႔အျမတ္ရွာဖို႔ မဟုတ္ဘူးလို႔ထုတ္ျပန္ထားပါတယ္။
ဒါေပေမယ့္ ကိုယ္က်ိဳးအတြက္စီးပြားရွာသူေတြရွိေနတဲ့အတြက္ ေနာက္ေနာင္မွာေ႐ႊဒဂၤါးျပားေတြ ေရာင္းခ်ရင္ဝယ္ယူသူေတြရဲ႕ မွတ္ပုံတင္၊သန္းေခါင္စာရင္းအျပင္ ဝင္ေငြရလမ္းကိုပါ စစ္ေဆးသြားမယ္လို႔ ထုတ္ျပန္ထားတာျဖစ္ပါတယ္။
ယခု ေ႐ႊဒဂၤါးျပားကိစၥဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းျဖစ္ေပၚခဲ့တဲ့ ေ႐ႊလုပ္ငန္းရွင္ ၇ ဦးရဲ႕ေငြသားသန္းခ်ီထုတ္ယူတဲ့ ကိစၥနဲ႔သက္ဆိုင္မႈမရွိဘူးလို႔ ေ႐ႊလုပ္ငန္းရွင္တစ္ဦးကေျပာဆိုထားပါတယ္။