Knowledge

သင်မသိသေးတဲ့ ကလေးပေါင်ဒါရဲ့ ဘက်စုံအသုံးဝင်ပုံ

Unicode

ကလေးပေါင်ဒါရဲ့ ဘက်စုံအသုံးဝင်မှုများ –

ကလေးလေးတွေ အတွက် သုံးစွဲလေ့ရှိတဲ့ ပေါင်ဒါတွေက အသားအရည် ထိခိုက်မှုလည်းမရှိသလို အနံ့လေးက အစ သင်းပျံ့တာလည်းဖြစ်ပါတယ်..။

ကလေးပေါင်ဒါကို ကလေးတွေအတွက် ပဲ လိမ်းတာမဟုတ်ဘဲ ထိခိုက်လွယ်အသားအရေ ပိုင်ရှင်တွေအနေနှင့် လည်း အမွှေးအကြိုင်တစ်ခုအဖြစ် ထပ်မံ သုံးစွဲနိုင်ပါသေးတယ်။

ဒါဆိုရင် ကလေးပေါင်ဒါက ကလေးတွေအတွက် အမွှေးအကြိုင်တစ်ခု ထပ်ပိုပြီး ဘယ်နေရာတွေမှာ သုံးစွဲ လို့ ရနိုင်သေးလည်းဆိုတာကို ပြောပြပေးချင်ပါတယ်။ဆက်လက်ပြီးတော့ ဖတ်ရှုလိုက်ကြပါဦးနော်။အနံ့ဆိုးထွက်နေတဲ့ နေရာတွေမှာ သုံးနိုင်ခြင်း..

အိမ်တိုင်းမှာ ဆောင်ထားသင့်တယ်အရာ တစ်ခုဆိုရင် တော့ ကလေးပေါင်ဒါကိုပဲ ညွှန်းရမှာပါပဲ။ အနံ့ဆိုးတွေ ထွက်လာတဲ့ အခါမျိုးတွေမှာ

အဲ့ဒီ့နေရာတစ်ဝိုက် ကလေးပေါင်ဒါကို ခပ်နိုင်နိုင် ဖြူးပေးပြီး အနံ့အသက်ဆိုးတွေ ပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။နောက်ထပ် အသုံးဝင်တဲ့ နေရာတစ်ခုကတော့

ဖိနပ်တွေမှာ အနံ့အသက်ဆိုးတွေ ထွက်နေတဲ့ အခါမှာဖိနပ်ထဲကို ကလေးပေါင်ဒါမှုန့် များများ ဖြူးပေထားပြီးမှ သန့်ရှင်းရေး လုပ်သင့်တာပဲဖြစ်ပါတယ်။Dry Shampoo အဖြစ် အသုံးပြုနိုင်ခြင်း

အပြင်ကို အရေးကြီးသွားစရာပေါ်လာပြီး ခေါင်းလည်း မလျှော်ရသေးဘူးဆိုရင်တော့ ခေါင်းလျှော်ရည်အစား ကလေးပေါင်ဒါမှုန့်ဖြင့် Dray Shampoo လုပ်နိုင်ပါတယ်။

ခေါင်းအနှံ့ကို ကလေးပေါင်ဒါအမှုန့်ယူပြီး အဖြူ မှုန့်တွေကျန်မနေအောင်တော့ သေချာ ခါပေးရပါမယ်။ ကလေးပေါင်ဒါမှုန့်ကို လူတွေအတွက် သာ Dry Shampoo အဖြစ် သုံးနိုင်တာမဟုတ်ဘဲ

ခွေးလေးတွေအတွက်ပါ Dry Shampoo အဖြစ် အသုံးပြုနိင်ပါသေးတယ်။ သင့်ရဲ့ ခွေးလေး တစ်နေကုန် ဆော့ကစားထားတဲ့အတွက်ကြောင့် အနံ့အသက် မကောင်းဖြစ်နေလျှင်

Baby Powder မှုန့်လေးကို ခွေးလေးရဲ့ အမွှေးလေးတွေကို နေရာအနှံ့ လိုက်လံပွတ်လိမ်းပေးနိင်ပါတယ်။

 

ပုရွက်ဆိတ်တွေ ပြေးဖို့အတွက် အသုံးပြုနိုင်တယ်။

အိမ်မှာ ပုရွက်ဆိတ်တွေအလာများနေလို့ စိတ်ညစ်နေရတယ်ဆိုရင် ကလေးပေါင်ဒါမှုန့်ကို အသုံးပြုဖို့ အကြံပြုချင်ပါတယ်။ ပုရွက်ဆိတ်တွေ အလာများတတ်တဲ့ နေရာတွေမှာကလေးပေါင်ဒါမှုန့်လေးတွေကို ဖြူးထားရင်

ပုရွက်ဆိတ်တွေ အလာများနေတာကို လျှော့ချပေးနိင်ပါတယ်။ထိခိုက်လွယ် အသားအရေ ပိုင်ရှင်တွေအတွက်အမျိုးသားများနှင့် အမျိုးသမီးများအနေနှင့် မလိုအပ်တဲ့ အမွှေးအမျှင်များကို ဖယ်ရှားပြီးတဲ့ အခါမှာ

အသားအရေ မပျက်စီးဘဲ ချောမွေ့နေစေဖို့အတွက် ကလေးပေါင်ဒါမှုန့်ကို AfterShave အဖြစ် အသုံးပြုပေးသင့်ပါတယ်။ကလေးပေါင်ဒါဖြစ်တဲ့ အတွက် ထိခိုက်လွယ် အသားအရည် ပိုင်ရှင်တွေတောင်မှ သုံးစွဲနိုင်တာပဲဖြစ်ပါတယ်။

အမွှေးနံ့သာအဖြစ် အသုံးပြုနိင်ပါတယ်။

ကလေးချစ်တတ်တဲ့ သူတွေအနေနှင့် ကလေးလေးတွေကို နမ်းလိုက်တဲ့ အခါ ရတဲ့ မွှေးရနံံ့လေးတွေကို ကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။ကလေးပေါင်ဒါမှုန့် ကို ကလေးတွေမကဘဲ လူကြီးတွေပါ အမွှေးရနံ့အတွက် အသုံးပြုနိင်ပါတယ်။

Credit to Original Writer