လူတိုင္းမွာ ရင္းႏွွီးတဲ့ သူငယ္ခ်င္းေတြ ႐ွိၾကပါတယ္။ တစ္ခ်ိဳ႕လူေတြအတြက္ သူငယ္ခ်င္းဆိုတာကို ဘယ္လုိ အဓိပၸါယ္ဖြင့္ဆုိၾကတယ္ရယ္ေတာ့ မသိေပမယ့္ သူငယ္ခ်င္းဆုိတာ ကိုယ့္ကိုယ္ စိတ္ေပ်ာ္႐ႊင္ေစတဲ့ သူေတြဆုိတာေတာ့ မမွားပါဘူး။ ေလ့လာေတြ႔႐ွိခ်က္ေတြက သူငယ္ခ်င္းေတြေၾကာင့္ စိတ္ဖိစီးမႈျဖစ္ျခင္းကို သက္သာေစႏုိင္ပါတယ္တဲ့။
ရင္ဖြင့္ျခင္း
shutterstock/ Photographee.eu
သူငယ္ခ်င္းဆုိတာက အရာရာကို ယံုၾကည္စြာ တုိင္ပင္လုိ႔ ရတဲ့သူေတြျဖစ္သလို ဘယ္သူကိုမွ ေျပာမျပခ်င္တဲ့ အရာေတြကို ရင္ဖြင့္လုိ႔ရတဲ့ သူေတြမဟုတ္လား။ ဒီလို ရင္ဖြင့္တုိင္ပင္ေျပာဆုိျခင္းက ကိုယ္ခံစားေနရတဲ့ စိတ္ဖိစီးမႈေတြကို တစ္ဝက္္ေလာက္ ေလ်ာ့က်သြားေစပါတယ္။ ဒါေၾကာင့္ သူငယ္ခ်င္းဆိုတာ ကိုယ့္အတြက္ ပင္ပန္းေနခ်ိန္မွာ အားေဆးတစ္မ်ိဳးလုိပါပဲ။
သူတို႔ရဲ႕ အခ်စ္ေတြေၾကာင့္ သက္သာေစတယ္
shutterstock/ Tirachard Kumtanom
သူငယ္ခ်င္းဆုိတာ ခ်စ္တာကို ထုတ္ေဖာ္ေျပာမျပရင္သာ ေနမယ္ သူတို႔သင့္အေပၚ သံေယာဇာဥ္ႀကီးတယ္၊ ခ်စ္တယ္ဆုိတာကိုေတာ့ ေျပာစရာမလုိပဲ ခံစားႏုိင္ပါတယ္။ စိတ္ဓာတ္ေတြ အရမ္းက်ေနတဲ့ အခ်ိန္မွာ သူငယ္ခ်င္းေတြရဲ႕ ဂ႐ုစိုက္ေမးျမန္းမႈေတြက စိတ္ဖိစီးမႈေတြကို သက္သာေစပါတယ္။ အားေပးစကားေတြ၊ စိတ္္အားငယ္မႈေတြကို တြန္းထုတ္ေပးတဲ့ အခ်စ္ေတြက စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစပါတယ္။
အခ်ိန္ကုန္ဆံုးျခင္း
shutterstock/ bbernard
သူငယ္ခ်င္းေတြနဲ႔ ဆံုတဲ့အခ်ိန္တိုင္းမွာ တစ္ေယာက္တစ္ေပါက္နဲ႔ ရယ္စရာေတြ ေျပာၾကရင္း၊ တစ္ေယာက္ကိုတစ္ေယာက္ စေနာက္ၾကရင္းနဲ႔ စိတ္ညစ္စရာေတြေတာင္ ဘယ္နားေရာက္သြားမွန္း မသိပါဘူး။ ဒီေတာ့ ဒါဟာ ကိုယ့္ရဲ႕ ညစ္ႏြမ္းေနတဲ့ စိတ္ေတြကို ျပန္လည္ တက္ၾကြလန္းဆန္းေစျခင္း တစ္မ်ိဳးပါပဲ။
အႀကံအဥာဏ္ေပးျခင္း
shuttestock/ Trendsetter Images
သူငယ္ခ်င္းေတြက အခက္အခဲေတြျဖစ္လာတဲ့အခ်ိန္တိုင္း အႀကံအဥာဏ္္ေကာင္းေတြ ေပးတတ္ၾကသူေတြပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ လုိအပ္တဲ့ အခ်ိန္ဆုိ အျမဲတမ္း အဆင္သင့္ျဖစ္ေနတတ္တဲ့ သူေတြေၾကာင့္ စိတ္ဖိစီးမႈေတြကို တြန္္းထုတ္ႏုိင္ပါတယ္။
Khin
Unicode
=======
လူတိုင်းမှာ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ရှိကြပါတယ်။ တစ်ချို့လူတွေအတွက် သူငယ်ချင်းဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုကြတယ်ရယ်တော့ မသိပေမယ့် သူငယ်ချင်းဆိုတာ ကိုယ့်ကိုယ် စိတ်ပျော်ရွှင်စေတဲ့ သူတွေဆိုတာတော့ မမှားပါဘူး။ လေ့လာတွေ့ရှိချက်တွေက သူငယ်ချင်းတွေကြောင့် စိတ်ဖိစီးမှုဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်တဲ့။
ရင်ဖွင့်ခြင်း
shutterstock/ Photographee.eu
သူငယ်ချင်းဆိုတာက အရာရာကို ယုံကြည်စွာ တိုင်ပင်လို့ ရတဲ့သူတွေဖြစ်သလို ဘယ်သူကိုမှ ပြောမပြချင်တဲ့ အရာတွေကို ရင်ဖွင့်လို့ရတဲ့ သူတွေမဟုတ်လား။ ဒီလို ရင်ဖွင့်တိုင်ပင်ပြောဆိုခြင်းက ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို တစ်ဝက်လောက် လျော့ကျသွားစေပါတယ်။ ဒါကြောင့် သူငယ်ချင်းဆိုတာ ကိုယ့်အတွက် ပင်ပန်းနေချိန်မှာ အားဆေးတစ်မျိုးလိုပါပဲ။
သူတို့ရဲ့ အချစ်တွေကြောင့် သက်သာစေတယ်
shutterstock/ Tirachard Kumtanom
သူငယ်ချင်းဆိုတာ ချစ်တာကို ထုတ်ဖော်ပြောမပြရင်သာ နေမယ် သူတို့သင့်အပေါ် သံယောဇာဉ်ကြီးတယ်၊ ချစ်တယ်ဆိုတာကိုတော့ ပြောစရာမလိုပဲ ခံစားနိုင်ပါတယ်။ စိတ်ဓာတ်တွေ အရမ်းကျနေတဲ့ အချိန်မှာ သူငယ်ချင်းတွေရဲ့ ဂရုစိုက်မေးမြန်းမှုတွေက စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။ အားပေးစကားတွေ၊ စိတ်အားငယ်မှုတွေကို တွန်းထုတ်ပေးတဲ့ အချစ်တွေက စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။
အချိန်ကုန်ဆုံးခြင်း
shutterstock/ bbernard
သူငယ်ချင်းတွေနဲ့ ဆုံတဲ့အချိန်တိုင်းမှာ တစ်ယောက်တစ်ပေါက်နဲ့ ရယ်စရာတွေ ပြောကြရင်း၊ တစ်ယောက်ကိုတစ်ယောက် စနောက်ကြရင်းနဲ့ စိတ်ညစ်စရာတွေတောင် ဘယ်နားရောက်သွားမှန်း မသိပါဘူး။ ဒီတော့ ဒါဟာ ကိုယ့်ရဲ့ ညစ်နွမ်းနေတဲ့ စိတ်တွေကို ပြန်လည် တက်ကြွလန်းဆန်းစေခြင်း တစ်မျိုးပါပဲ။
အကြံအဉာဏ်ပေးခြင်း
shuttestock/ Trendsetter Images
သူငယ်ချင်းတွေက အခက်အခဲတွေဖြစ်လာတဲ့အချိန်တိုင်း အကြံအဉာဏ်ကောင်းတွေ ပေးတတ်ကြသူတွေပါ။ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်တဲ့ အချိန်ဆို အမြဲတမ်း အဆင်သင့်ဖြစ်နေတတ်တဲ့ သူတွေကြောင့် စိတ်ဖိစီးမှုတွေကို တွန်းထုတ်နိုင်ပါတယ်။
Khin