Knowledge

အိမ်မှာနေပြီး ဘာတွေလုပ်နေလဲ မမေးပါနဲ့

Unicode

အိမ်မှာနေပြီး ဘာတွေလုပ်နေလဲ မမေးပါနဲ့…

စိတ်ရောဂါကုဆရာဝန်တစ်ဦးနဲ့ ယောက်ျားတစ်ဦးတို့ အပြန်အလှန် စကားပြောနေကြတယ်… ဆရာဝန်….. ခင်ဗျား ဘာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပါသလဲ..ကျွန်တော် ဘဏ်စာရင်းအင်းတစ်ယောက်ပါ။

ဆရာဝန်… ခင်ဗျား မိန်းမရော သူ အလုပ်အကိုင်မရှိပါဘူး။ သူက အိမ်ရှင်မတစ်ယောက်သာပါ။ အိမ်မှာ မနက်စာကို ဘယ်သူလုပ်ပါသလဲ… မိန်းမလုပ်ပါတယ်… သူ အလုပ်အကိုင်မရှိတော့ သူလုပ်ပါတယ်။

ခင်ဗျား မိန်းမဘယ်အချိန်လောက်ထပြီး မနက်စာပြင်ဆင်တတ်သလဲ.. မနက် ၆နာရီလောက်မှာပါ။ ဧည့်ခန်းတွေ သန့်ရှင်းရေးလုပ်ပြီးမှ သူမနက်စာ လုပ်ပါတယ်။ ခင်ဗျား ကလေးတွေ ဘယ်လိုကျောင်းသွားသလဲ.. ကျွန်တော့်မိန်းမ သွားပို့ပါတယ်။ သူက အလုပ်အကိုင်မရှိတော့ သူပဲ ပို့ပါတယ်။

ကလေးကျောင်းပို့ပြီးနောက် သူ ဘာလုပ်သလဲ.. ဈေးသွားပါတယ် ၊ ဈေးဝယ်ပြန်ပြီး ထမင်းဟင်းချက်၊ အဝတ်လျှော်ပါတယ်။ သူက အလုပ်အကိုင်မရှိဘူးလေ..

ည အလုပ်ဆင်းလို့ အိမ်ပြန်ရောက်ရင် ခင်ဗျားဘာလုပ်သလဲ.. အိမ်ပြန်ရောက်ရင် ကျွန်တော်နားပါတယ်။ တစ်နေကုန် ပင်ပန်းထားတာကိုးဗျာ… အဲဒီအချိန်မှာ ခင်ဗျားမိန်းမ ဘာလုပ်နေလဲ..?

တစ်အိမ်သားလုံး ညစာစားဖို့အတွက် သူပြင်ဆင်နေပါတယ်။ ကလေးတွေကို ထမင်းကျွေးတယ်၊ ပြီးရင် အိုးခွက်ပန်းကန်ဆေးတယ်။ မီးဖိုဆောင်သန့်ရှင်းရေးလုပ်ပြီး ကလေးတွေ အိမ်စာလုပ်တာကို စောင့်ကြည့်တယ်။ ပြီးရင် ကလေးတွေအိပ်ဖို့ သိပ်ပါတယ်။

ဒါဟာ အိမ်ရှင်မလို့ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ တစ်နေ့တာအလုပ်ပါ။မနက်ကနေ ညအထိ ဒီမိသားစုအတွက် သူတို့အလုပ်များရပါတယ်။

ဒါကို အလုပ်အကိုင်မရှိဘူးလို့ပြောရက်သလား… သင်ဟာ အလုပ်လုပ်နေသူတစ်ဦးလား ဒါမှမဟုတ် အိမ်ရှင်မတစ်ဦးလားလို့ မိန်းမတစ်ယောက်ကိုမေးတဲ့အခါ မိန်းမက ဒီလိုပြန်ဖြေပါတယ် ။

ကျွန်မက အိမ်ရှင်မတစ်ဦးပါ။ ကျွန်မရဲ့အလုပ်က တစ်နေ့ ၂၄နာရီဖြစ်တယ်။ ကျွန်မက မိခင်တစ်ဦးပါ။ ကျွန်မက ဇနီးတစ်ဦးလည်းဖြစ်တယ်။ ကျွန်မက သမီးတစ်ယောက်လည်း

ဖြစ်တယ်။ ကျွန်မက ချွေးမတစ်ယောက်လည်းဖြစ်တယ်။ ကျွန်မက နှိုးစက်နာရီဆိုလည်း ဟုတ်တယ်။ ကျွန်မက စားဖိုးမှူးလည်းဖြစ်တယ်။ ကျွန်မက အခိုင်းအစေတစ်ယောက်လည်းဖြစ်တယ်။

ကျွန်မက ကလေးထိန်းလည်းဟုတ်တယ်။ ကျွန်မက ဆရာမလည်းဖြစ်တယ်။ ကျွန်မက အိမ်စောင့်လည်း ဟုတ်တယ်။ ကျွန်မက တောက်တိုမယ်ရလည်း ဟုတ်တယ်။ ကျွန်မက အကြံပေးလည်း ဟုတ်တယ်။ ကျွန်မမှာ နားရက်မရှိပါဘူး။

ဖျားခွင့်တင်တာတွေ မရှိပါဘူး။ ကျွန်မမှာ နှစ်တစ်နှစ်ပိတ်ရက်တွေဆိုတာ မရှိပါဘူး။ ကျွန်မအလုပ်က နေ့ရယ် ညရယ်လို့ မခွဲပါဘူး။

အလုပ်တွေအပေါ် ကျွန်မတာဝန်ကျေရပါတယ်။ အဲဒီအတွက် ရတဲ့အကျိုးအမြတ်က

“နေ့တိုင်း အိမ်မှာနေပြီး ဘာလုပ်နေသလဲ” ဆိုတာပဲဖြစ်တယ်..။

မိန်းမဆိုတာ ထမင်းစားစားပွဲပေါ်က ဆားနဲ့တူတယ်။သူ့အရေးပါမှုကို လူတွေသိပ်ဂရုမစိုက်မိတတ်ကြဘူး။ဒါပေမယ့် သူလျော့နေရင် အစားအစာတွေက အရသာမဲ့သွားတယ်

သင့်ဘေးက မိခင်၊ မိန်းမ၊ ချွးမ၊ သမီး၊ အစ်မ၊ သူငယ်ချင်းတွေကို ကျေးဇူးတင်စကား တစ်ခွန်းလောက် အခါအားလပ်တဲ့အခါ ပြောပေးဖို့ မမေ့ပါနဲ..။ခရက္ဒစ္